Thursday, December 24, 2015

ဘာဘဲပြောပြော ညီကိုတွေပါ

 မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်း မင်းတို့နှစ်ယောက်စလုံးကို
ဖိုးထောင်မသိပါဘူး။ဘယ်ရွာသားလဲ မသိပါဘူး။
သေချာပါတယ် ညီအစ်ကိုတွေဆိုတာလေ။
အလွန်ဆုံး ဝမ်းကွဲရင် ၁၃၅ ဝမ်းကွဲပေါ့။ မြန်မာတိုင်းရင်းသား ၁၃၅ ထက်မှ မပိုတာ။ငါတို့ ညီကိုအချင်းချင်း လွတ်မြောက်ရေးခေါင်းစဉ်နဲ့ အမြင်ကျဉ်းခဲ့ကြပြီး ဒီနေ့ထိ သေနတ်သံ မငြိမ်သေးပါဘူး။
 သေနတ်ကိုင်တဲ့ကောင်တွေ အချင်းချင်းက တစ်ကျောင်းထဲ အသင်းခွဲပြီးဘောလုံးကန်တမ်း ကစားသလို ကစားနေကြတော့ ခက်တာက ဘောလုံးပွဲထိုင်ကြည့်ရင်း ဘောလုံးနဲ့ အရှိုက်မိရင်တောင် သေချင်မှသေမှာ သူတို့ လက်နက်ကိုင်ကစားပွဲက အငွေ့နဲ့တောင်မျက်စိပြာလောက်နေတော့ တော်ရာချောင်ကြား ရှောင်ရှားကြရတာပေါ့။ တစ်နေ့လုပ် ၅၀၀ ရတယ်ဆိုပါစို့ သူတို့လက်နက်ကိုင် ကစားနေတဲ့ နှစ်ဖွဲ့အတွက် အခွန် ဆိုလား ဆက်ကြေးဆိုလား အဲဒါကြီးက ၁၅၀ စီ ဆိုတော့ ၃၀၀ ကုန်နေပြီ။ ဒီကြားထဲ သူတို့ထောင်တဲ့ မိုင်းနင်းမိလို့ သေခဲ့ကြတဲ့ ညီကို မောင်နှမတွေလည်း ပုံထားမယ်ဆိုရင် ဇွဲကပင်တောင်တွေ ပုပ္ပါးတောင်တွေဟာ အခုလိုပြောပြဖို့ နာမည်မကြီးလောက်ဘူး။
 ဒီဘက်ကလူက ဟိုဘက်ကလူမှတ်လို့ ပစ်တမ်းကစားသွားတာလည်းရှိတာပါဘဲ။
    အဲသလို နိုင်ငံရေး စီးပွားရေး ကစားပွဲမှာ ပညာရေးက ရှေ့တက်မရ လူမှုရေးက ခပ်ကင်းကင်းနေရင်း သယံဇာတတွေလည်း ခွေးစားလို့ကုန်။ ခြံစည်းရိုးလည်း သူများထင်းဆိုက်ပစ်ကုန်ရုံမက မြေပေါ်မှာပါ လာစော်ကားနေကြတာမျက်မြင်ပါ။
     ပညာရေးနိမ့်တော့ စီးပွားရေး ပြားပြားမှောက် ကိုယ့်ဆန်ကို ကိုယ် ထမင်းဖြစ်အောင်မချက်တတ်တော့ ချက်တတ်တဲ့ လူကို သခင် တင်ရင်း ကျွန်ဖြစ်နေတာ ကြာနေပါပြီ။
 နိုင်ငံခြားမှာ အလုပ်သွားလုပ်တော့လည်း ခုလို လူသိရှင်ကြားရော
လူမသိသူမသိရော အသတ်ခံရတာ မနည်းဘူးဆိုတာသေချာပါတယ်။
  အဲဒါ ဘယ်သူ့ကြောင့်လဲ မေးမနေပါနဲ့တော့။
မင်းတို့နှစ်ယောက်ကို ညီကိုမှန်း မောင်နှမမှန်း မသိတဲ့သူတွေကြောင့်ပါ။
  ဘာဘဲပြောပြော မင်းတို့နှစ်ယောက်ဟာ ဖိုးထောင်နဲ့ ညီကိုတွေပါ။
မင်းတို့ရဲ့ ခံစားချက်ဟာ ငါတို့ အားလုံးရဲ့ ခံစားချက်ပါဗျာ။
 ငါတို့ အမြင်ကျဉ်းနေသမျှ ငါတို့ မညီညွတ်သမျှ ဒီလိုမျိုးအဖြစ်တွေ တန်းစီနေဦးမှာပါဘဲ။
                                                  ဖိုးထောင်

No comments:

Post a Comment