မယ်ကမ္ဘာမြန်မာ ၂၀၁၆ ပြိုင်ပွဲအတွက် ဆန်ခါတင်အလှမယ် ၂၀ ဦးရွေးချယ်
NEWS14:50 07/05/2016
===================
ဓာတ်ပုံ-နစ်ကီ
မယ်ကမ္ဘာမြန်မာ ၂၀၁၆ ပြိုင်ပွဲအတွက် ဆန်ခါတင်အလှ မယ် ၂၀ ဦးကို မေလ ၆ ရက်တွင် ရွေးချယ်ခဲ့ရာ နိုင်ငံတကာပြိုင်ပွဲ များ၌ သွားရောက်ယှဉ်ပြိုင်ဖူး သည့် အလှမယ်များ ပါဝင်ခဲ့ သည်။
မယ်ကမ္ဘာမြန်မာ ၂၀၁၆ အလှမယ်များ လျှောက်လွှာခေါ် ယူခြင်းကို ဧပြီလကုန်က ပြုလုပ် ခဲ့ပြီး လာရောက်လျှောက်ထားသူ ၁၅၀ ကျော်ရှိခဲ့ကြောင်း ယင်း ပြိုင်ပွဲ၏ National Director ကိုစိုးသူရက ပြောကြားသည်။
‘‘အွန်လိုင်းကနေ Registr-ation လုပ်တာကတော့ နှစ်ရာ လောက်ရှိတယ်။ လာပြီးလျှောက် လွှာတင်တာက ၁၅၀ ကျော် တယ်။ အဲဒီလူတွေကနေ လူတွေ့ စစ်ဆေးပြီး အယောက် ၉၀ ရွေးတယ်။ အဲဒီက Medical Check-Up လုပ်ပြီး ဆန်ခါတင် ၅၀ ထပ်ရွေးတယ်’’ဟု ၎င်းက ပြောသည်။
နောက်ဆုံးပြိုင်ပွဲအတွက် ရွေးချယ်ခဲ့သည့် ဆန်ခါတင် ၂၀ စာရင်းတွင် ယခင်က နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ် ပြိုင်ဖူးသည့် သဒ္ဓါမာရီယာ၊ Mဂျာဆိုင်း၊ နီနီမင်းသူ၊ သဉ္ဇာကျော်တို့ ပါဝင်ခဲ့ပြီး ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိဖူးသည့် အလှမယ် များလည်း ရွေးချယ်ခဲ့ရသည်။
‘‘အစ်ကို့အမြင်ကတော့ သူ တို့အတွေ့အကြုံရှိတာက မော် ဒယ်ပိုင်းမှာပဲ အတွေ့အကြုံရှိ တာ။ ကိုယ်တို့လူတွေ့စစ်တဲ့အ ချိန်မှာ General Knowledge (ဗဟုသုတ)အားနည်းတယ်။ Body Building(ခန္ဓာကိုယ်တည် ဆောက်ပုံ)ပိုင်းမှာ အားနည်း တယ်။ ခန္ဓာကိုယ်လှပေမယ့် ကြံ့ ခိုင်မှုမရှိဘူး’’ဟု ကိုစိုးသူရက ပြောသည်။
ဆန်ခါတင်အလှမယ်များကို မစ္စတာဘရိုင်ယန်က Talents Training ပေးမည်ဖြစ်ပြီး Body Building အတွက် Balance Fitness Center တွင် လေ့ကျင့်မှု များ ပြုလုပ်ပေးမည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် အလှမယ် ၂၀ ဦး သည် ချင်းမိုင်နှင့် ဘန်ကောက်သို့ သွားရောက်ရန် အစီအစဉ်ရှိသကဲ့ သို့ ပရဟိတအလှူအနေဖြင့် ရေ လှူဒါန်းမည့် အစီအစဉ်လည်းရှိ ကြောင်း ကိုစိုးသူရက ပြောသည်။
‘‘ဇွန်လ ၄ ရက်မှာ ဖိုင်နယ် ပြိုင်ပွဲလုပ်မယ်။ Gandamar Ballroom မှာလုပ်မယ်’’ဟု နောက်ဆုံးပြိုင်ပွဲအကြောင်း ပြော သည်။
မယ်ကမ္ဘာမြန်မာပြိုင်ပွဲကို ၂၀၁၄ တွင် စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်များအဖြစ် ၂၀၁၄ တွင် ဝိုင်းလေး၊ ၂၀၁၅ တွင် ခင်ရတနာသိန်းမြင့် တို့ သွားရောက်ယှဉ် ပြိုင်ခဲ့ကြပြီး ဆုရရှိထားခြင်းမရှိသေးပေ။
ဇွဲဉာဏ်
No comments:
Post a Comment