Monday, May 9, 2016

ဓနုဆရာတော်များ အစည်းအဝေး

 နေပြည်တော် ဓနုတိုင်းရင်းသား ဓမ္မာရုံ ဖြစ်မြောက်ရေး ဓနုသံဃာတော်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
====================
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့ ရွာငယ်ကျောင်းတိုက် တွင် 9.5.2016 ရက်နေ့ နေ့လည် ၁၂း၃၀ အချိန် ၌ နေပြည်တော်တွင် ဓနုတိုင်းရင်းသား ဓမ္မာရုံဖြစ်မြောက်ရေး ဓနုတိုင်းရင်းသားဆရာတော်များ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
  အဆိုပါအစည်းအဝေးသို့ ဓနုတိုင်းရင်းသားဆရာတော်များဖြစ်သော တောင်ကြီး ပင်းတယ အင်တော အင်းလေး ကလော အောင်ပန်း နောင်ချို ရပ်စောက် စသောမြို့နယ်များမှ ဆရာတော်များ ပါးရေ ၂၀၀ ကျော် ခန့်တက်ရောက်ကြောင်းသတင်းရရှိပါသည်။
 အဆိုပါ အခမ်းအနားတွင် တောင်ကြီးမြို့ ဓမ္မစက္က ကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တရ မှ အစည်းအဝေးနှင့် ပတ်သက်သည်များ မိန့်ကြားပြီး
ကလောမြို့ ဘော်ဆင်းမှ ရွှေမြကြေးကျောင်းဆရာတော်
ညောင်ရွှေမြို့ကံကြီးပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တပညာဝံသ သြဝါဒကထာများ အသီးသီးမိန့်ကြားခဲ့သည်။
  ထို့နောက် ပင်းတယမြို့ ရွာငယ်ကျောင်းဆရာတော် မှ ဝမ်းမြောက်ကြောင်း စကားလျှောက်ထားပြီး မြို့နယ် အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်ဆရာတော်များမှ ဓမ္မာရုံဖြစ်မြောက်ရေးနှင့် ပတ်သက်၍ တင်ပြလျှောက်ထားကြပါသည်။
 ၎င်းနောက် အစည်းဝေးဆုံးဖြတ်ချက်များချမှတ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
  အစည်းအဝေးသို့ တက်ရောက်လာသော ဆရာတော်တစ်ပါးမှ
" ဘုန်းကြီးအသက် ငါးဆယ်ကျော် ပြီ အခုလို ဓနုတိုင်းရင်းသားဆရာတော်တွေ စည်းစည်းလုးံလုံးတွေ့ဆုံခွင့်ရတာ ပထမအကြိမ်ဘဲ ဘုန်းဘုန်းတို့ ဘာသာ သာသနာအတွက် ဘုန်းဘုန်းတို့ လူမျိုးအတွက် နောင်လာနောက်သားတွေအတွက် အခုလို ညီညွတ်တဲ့ စုဝေးမှုဟာ တိုးတက်ဖို့လမ်းစပါဘဲ" ဟု ကိုဖိုးထောင် ကျေးလက်မီဒီယာသို့ မိန့်ကြားသွားခဲ့ပါသည်။
  ကိုဖိုးထောင် ကျေးလက်မီဒီယာ

No comments:

Post a Comment