လီးမှ မတိုးတက်
===========
လှည့်ပတ်ရေးရတာ လက်ညောင်းတယ် ။ အချိန်ကုန်တယ်။ အရပ်စကားအတိုင်း ဒဲ့ရေးတာဘဲ ကောင်းတယ်။
ပြည်သူတွေကတော့ ရောင်းဈေး ဝယ်ဈေးတွေများ မျှလာမလား ။ စည်းပွားရေးများ တိုးတက်လာမလား။
တရားဥပဒေ စိုးမိုးရေးတွေ ထွန်းကားပြီး မူးယစ်ဆေးတွေများ ပပျောက်သွားမလားပေါ့။
ဆန် တစ်ပြည် ၅၀၀ ဖြစ်သွားအောင် ချပေးဖို့ မတောင်းဆိုပါဘူး။ ကိုယ့်ထွက်ကုန် ဈေးနှုံး နဲ့ ပြန်ဝယ်သုံးရတဲ့ ကုန်ဈေးနှုံး လေးမျှတရင် ကျေနပ် နေကြမှာပါ။
ခုတော့ ကိုယ့်သီးနှံက ဈေးကွက်တောင် မနည်းရှာရတော့မယ့် အနေအထား ဆိုတော့ အရင် အာဏာရှင် ဘောင်းဘီချွတ် အစိုးရထက် ဘာများတိုးတက်လာသလဲ ပြောပြစမ်းပါအုံး။
အရင်လူတွေ ဘယ်လိုလုပ်ထားခဲ့တယ်ဆိုတာ မင်းသိလား ဆိုတဲ့ ခံစစ်နဲ့တော့ ရှက်တတ်ရင် ဝင်မလာပါနဲ့တော့ဗျာ။
အရင်လူရဲ့ အပြစ်တွေ ပြောနေလို့ရော စီးပွားရေး က တိုးတက်လာမှာတဲ့လား။ အရင်လူတွေ လုပ်တာ အပြစ်ရှိလို့ ဆိုရင်လည်း သွားဖမ်းပေါ့ ။ ပြောမနေနဲ့ တော့လေ။ သူတို့ ခိုးဝှက်ထားတာပြန်သိမ်းပြီးတော့ရော ပြည်သူတွေကို ဝေပေးမှာမို့လို့လား။ ဖမ်းဆီးထောင်ချ သတ်ပစ်လိုက်တော့ရော သူတို့ ဖြုန်းတီးထားတဲ့ သယံဇာတက ပြန်ထလာမှာတဲ့လား။ လုပ်ပိုင်ခွင့် ပြန်ပေးတာဘဲ ကျေးဇူးတင်နေရမယ့် အရာပါဗျာ။
ရတဲ့ လုပ်ပိုင်ခွင့်လေးကို တတ်ထားတဲ့ ပညာလေးနဲ့ လှလှပပ လုပ်ပြလိုက်ပြစမ်းပါ။ အရင်လူတွေ ကိုယ်တိုင်တောင် ငါတို့မှားတာပါလို့ ဝန်ခံသွားရမှာပါ။
ခုတော့ ဘာမှဖြင့် မလုပ်ရသေဘူး အရင်လူတွေက ဘာလုပ်ထားခဲ့လို့ အကြောင်းပြနေရအောင် မလုပ်တတ်ရင်လည်း အရှက်မရှိ လခ ပေယူမနေနဲ့ ဆင်းလာခဲ့ကြပါတော့ဗျာ။ တတ်တဲ့လူ တက်လုပ်လိမ့်မယ်။ သောက်ရေးမပါတာတွေနဲ့ အချိန်ဖြုန်းနေကြတယ် လီးလိုဘဲ။
စ လာတုန်းကရင်း ဟို ဥပဒေပြင်မယ် ဒီဥပဒေ ဖျက်မယ် နဲ့ စာအုပ်ထဲကဟာဘဲ ပြဿနာလုပ်ပြီး ဆွေးနွေးနေတယ်။ မီးလောင် ရေကြီး မိုးသီးကျတာတောင် အရေးမကြီးတဲ့ အနေအထား ဆိုတော့ ယူထားတဲ့ လခလေး အားမနာတတ်ကြဘူးလားဗျာ။
လွတ်တော်ထဲမှာ လခ ဆယ်သိန်းကျော်ယူပြီး သွားငိုက်နေတာ ငိုက်မှာပေါ့ ဘာရည်ရွယ်ချက်မှမှ မရှိတာကြီး။ ဦးဆောင်တဲ့ လူတွေကိုက သောက်သုံးမှ မကျတာ။ စိတ်ဝင်စားစရာမှ မရှိဘဲ။ တစ်ခါလာလည်း တင်သွင်းလိုက်တဲ့အဆိုက ဟို ဥပဒေ ပြင်ဖို့ ဒီ ဥပဒေ ပြဌာန်းဖို့ တစ်ယောက်မှလည်း ၂၀၀၈ ခြေဥ ကို အလွတ်ရနေလောက်အောင် နားလည်တာလည်း မဟုတ်ဘူး။ တစ်ယောက်တင်ပြတာ တစ်ယောက် မကြိုက်ခါမှ စာအုပ်ထဲလှန်ရှာပြီး ဟိုဟာနဲ့ မညီကြောင်း ဒီဟာနဲ့ မညီကြောင်း လိုရာဆွဲ ငြင်းခုံနေကြတာပါ။ ဒီလို ပုံစံမျိုးကတော့ ခင်ဗျားတို့ လွတ်တော်ထဲမှာ ပြည်သူ့လစာယူပြီး ငိုက်လည်း ငိုက်နေရုံပါဘဲ မငိုက်လည်း ဖူးကားကြည့်နေရုံပေါ့။ ဘာများစိတ်ဝင်စားစရာ ဝေဖန်စရာ တင်ပြစရာ ရှိလို့လဲ။
ပြီးတော့မှ အထက်က ညွန်ကြားချက်အတိုင်း ဘာညာ ဆိုတော့ ဘယ်မှာလဲ ခင်ဗျားတို့ ဒီမိုကရေစီ။
ခင်ဗျားတို့ လွတ်တော်လိုင်းထိုင်ကြည့်ရတာလေ ရပ်ကွက်ဘောလုံးပွဲ ထိုင်ကြည့်ရသလိုမျိုး လက်ပစ်ဘော မမြှောက်တတ်လို့ ပြန် ပြန်မြှောက်ခိုင်းနေရတယ်ဗျာ။ ရပ်ကွက် အဆင့်ကကို မတက်ဘူး။
ခန့်ထားတဲ့ တိုင်းဝန်ကြီးတွေကလည်း မဘသ မလိုတာနဲ့ ဇာတိမာန်က ခေါတ်နဲ့ မညီတော့တာ နဲ့ အရေမရ အဖတ်မရတွေ။ ပြည်သူတွေ လိုနေတာ အဲဒါတွေ မဟုတ်ဘူး။
မဘသ တွေ ဇာတိမာန်တွေ မလိုတော့တာ သေချာလား ရအောင်ရှင်း ပြုတ်အောင်တိုက် မရှင်းနိုင် မပြုတ်နိုင်ရင် ဆင်းတော့ ရှင်းရှင်းလေးဘဲ။
ခုတော့ မဘသ ကိုလည်း သူများ အထင်သေး ကိုယ့်ကိုလည်း လူမုန်းများ ဘာအကျိုးရှိလဲ ပြောပြစမ်းပါ။ သောက်ရေး မပါတာတွေ လျှောက်လုပ်။
တရားမဝင်တွေဖျက်သိမ်းမယ် သိမ်းပေါ့။ လုပ် ပြောပြီးရင်လုပ်လိုက်တော့ နှစ်ခါမပြောနဲ့ ဆက်လုပ် မရရင် ဆင်းတော့ ရှင်းရှင်းလေးဘဲ။ မလုပ်ခင်ကတော့ စကားကြီး စကားကျယ် လုပ်လို့ ရပုံမတူတော့ မသိချင်ယောင်ဆောင် သောက်ရေးကို မပါတာ ။
အကျိုးဆက်က ဘာလဲ သိလား ပင်နီ ဆို ချီးထက်ရွံတဲ့ လူတွေ ရှိလာသလို အဖြူဆို ချီးထက်ရွံတဲ့ ပင်နီတွေလည်း ရှိလာတာဘဲမလား။
ဗမာ ဗမာချင်းတောင် ဒီလိုဖြစ်နေမှတော့ ပင်လုံက ပုံပြင် တစ်ပုဒ်လောက် နားထောင်ကောင်းပါ့မလား ဆိုတာလေးပါ။
ခုလည်း လာပြန်ပြီ နိုင်ငံနာမည် ပြောင်းမယ် တဲ့
USA လို့ပြောင်းလိုက်လို့ အမေရိကန်လို G.20 ထဲရောက်သွားမှာမို့လို့လား ။ ဘရာဇီးလ် လို့ ပြောင်းလိုက်လို့ ကမ္ဘာဖလား ရပြီးသားဖြစ်ရောတဲ့လား။ သောက်ရေးကိုမပါတာ။
လစာ ယူပြီး လုပ်ရမယ့် အလုပ် မလုပ်သေးသမျှ မလုပ်ရမယ့် အလုပ် လုပ်နေသေးသမျှ လီး မှ မတိုးတက်ဘူး။
ကန်တော့ပါရဲ့ အဲလိုဘဲ ပွင့်ပွင့်လင်းလင်း ဒဲ့ ပြောလိုက်ချင်တော့တယ်ဗျာ။
ဖိုးထောင်
No comments:
Post a Comment