Sunday, February 28, 2016
ဓမ္မစကူးလ်
  ဓမ္မစကူးလ်​ ပိတ်​ပွဲ အခန်းအနားကျင်းပ
====================
  အဆိုပါ အခမ်းအနားသို့ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ နှင့်​ သံဃာ​တော်​များ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​ အဖွဲ့ဝင်​များ ၊ ဂေါပက အဖွဲ့ဝင်​များ၊ ဆရာ ဆရာမများ ​ကျောင်းသား ​ကျောင်းသူများ ၊ ​ကျေးရွာသူ ​ကျေးရွာသားများ စုစု​ပေါင်း ၂၀၀ ဦးခန့်​တက်​​ရောက်​ကြ​ကြောင်း သတင်းရရှိပါသည်​။
  အခမ်းအနားကို န​မောတဿ သုံးကြိမ်​ရွတ်​ဆိုဘုရားကန်​​တော့ဖွင့်​လှစ်​ပြီး ​ရွှေသွန်း​ကျောင်းဆရာ​တော်​မှ သြဝါဒ ကထာ မြွက်​ကြားခြင်း ဓမ္မစကူးလ်​ ဆရာတစ်​ဦးမှ တစ်​နှစ်​တာ အ​တွေ့အကြုံရှင်းလင်းတင်​ပြခြင်း၊ဓမ္မစကူးလ်​ ​ဖောင်​​ဒေးရှင်း (​ရွှေသွန်း)​ကော်​မတီဝင်​ တစ်​ဦးမှ ​ကျေးဇူးတင်​စကား​ပြောကြားခြင်း၊​ကျောင်းသူ​ကျောင်းသားများမှ ဓမ္မစကူးလ်းဆိုင်​ရာ သီချင်း ကဗျာများရွတ်​ဆိုခြင်း၊ ဓမ္မစကူးလ်းဆိုင်​ရာ အမှတ်​တရလက်​​ဆောင်​များ​ပေးအပ်​ခြင်းများပြုလုပ်​ကာ အလှူရှင်​များမှ  ဒံ​ပေါက်​ထမင်းဖြင့်​​ကျွေး​မွေးပြီး အခမ်းအနားကို ​အောင်​မြင်​စွာ ရုပ်​သိမ်းခဲ့​ကြောင်း ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ မှ သတင်းရရှိပါသည်​။
        ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ
Friday, February 12, 2016
ဖေ​ဖောဝါရီဆယ့်​သူံးဟာ ဘကြီး​မွေး​နေ့ပါ
ဖေ​ဖောဝါရီ ဆယ့်​သုံးဟာ ဘကြီး​မွေး​နေ့ပါ
=======================
  ဘကြီး​ရေ ၁၀၁ နှစ်​​မြောက်​ ဘကြီး​မွေး​နေ့​လေး​ရောက်​လာပြန်​ပြီဘကြီးရယ်​။
 "​ဟေ့​ကောင်​ဖိုး​ထောင်​ မင်းကဘာ​ကောင်​လဲ ဘာဘကြီးလဲ ဗိုလ်​ချုပ်​ကွ အမျိုးသား​ခေါင်း​ဆောင်​ကွ လွတ်​လပ်​​ရေးဖခင်​ကွ မင်းကြီး​တော်​ လင်​မဟုတ်​ဘူး"
လို့များ ဘကြီးပြန်​​ပြော​လေမလား ရိုးသားတဲ့ ဘကြီးမှာ အဲလိုစိတ်​မရှိဘူးဆိုတာ ဖိုး​ထောင်​သိပါတယ်​ဘကြီးရယ်​။
  ဖိုး​ထောင်​က ဗိုလ်​ချုပ်​​ခေါ်ရ​အောင်​ ဘကြီးရဲ့ အမိန့်​​အောက်​မှာ ဖိုး​ထောင်​မှ မရှိတာကြီး ဟုတ်​တယ်​မို့လားဘကြီး ။ ဘာကြီး ညာကြီးဆိုပြီး ကပ်​ဖားရပ်​ဖားလုပ်​တာကို ဘကြီးမကြိုက်​မှန်း ဖိုး​ထောင်​သိတယ်​ဗျာ့။
  ရိုးရိုး​လေးပါ ဘကြီးရာ ဖိုး​ထောင်​က ဘကြီးတစ်​​ယောက်​လို ​လေးစားလို့ ဘကြီး​ခေါ်တာပါဗျာ။
  ဒါနဲ့ စကားမစပ်​ ဘကြီးရယ်​ တမလွန်​မှာ​လေ ဂဠုန်​ဦး​စောနဲ့ ​တွေ့​သေးလားဗျာ့။ အက်​ဒီဆင်​​နဲ့ရော ​တွေ့​သေးလား။ ဘကြီးတို့ သုံးဦးဆုံလို့သာ စကားနိုင်​လု​ပြောပြီး မိန့်​ခွန်း​ခြွေစတမ်းဆိုရင်​ ဘကြီးရာ ဖိုး​ထောင်​​လေ ဘကြီးကို အရမ်းသနားတာဘဲဘကြီးရာ တကယ်​ပါ။
  အက်​ဒီဆင်​ ​ပြောတာ နား​ထောင်​ကြည့်​ရ​အောင်​ ဘကြီးရယ်​။ နည်းနည်း​လောက်​က​လေးပါ။
  " ဒီမှာ ​အောင်​ဆန်း နဲ့ ဦး​စော ငါအသက်​ရှိတုန်းက တီထွင်​ခဲ့တဲ့ လျပ်​စစ်​မီးဟာ ငါမရှိ​တော့​ပေမယ့်​ ခုချိန်​ထိ လင်း​နေတုန်းဘဲ​ဟေ့ အ​ရောင်​​တွေကိုစုံလို့ကွာ ပို​တောင်​လင်းလာသလားဘဲ မင်းတို့ရဲ့ တပည့်​​တွေဆိုရင်​ ထိုင်းနဲ့ တရုတ်​ပြည်​ကို​တောင်​ ​ရောင်းစား​နေရ​သေးသကွာ " ဆိုပြီးကြွားသွားလိုက်​တာ ရိုးသားတဲ့ ဘကြီး ​ခေါင်​ညိမ့်​​နေရုံရှိ​တော့မှာ​ပေါ့။
  ဘကြီးကို ရက်​ရက်​စက်​စက်​ ပစ်​သတ်​သွားတဲ့ ဂဠုန်​​စောလည်းရာရာစစ မိန့်​ခွန်းတက်​​ခြွေမယ်​တဲ့ ဘကြီးရာ 
" ဒီမှာ ​အက်​ဒီဆင်​ ခင်​ဗျားတီထွင်​ခဲ့တဲ့ လျပ်​စစ်​မီး ဒီချိန်​ထိ လင်း​နေ​သေးသလို ကျုပ်​တီထွင်​ခဲ့တဲ့ အကြမ်းဖက်​ လုပ်​ကြံမှု​တွေ တိုင်းတစ်​ပါးသားတို့ရဲ့ သြဇာခံမှု​တွေ အသုံးချခံမှု​တွေ အာဏာမက်​​မောမှု​တွေ ဒီအချိန်​ထိ ​တောက်​​ပြောင်​​နေ​သေးတယ်​ ဆိုတာ သက်​​သေပြလို့ရတယ်​​ဟေ့"   တဲ့ဗျာ။
    လူ့​လောကမှာ​တော့ လူပင်​​သေ​သော်​ငြား နာမည်​ကမ​သေသည်​ ဆိုပြီးသီချင်းဆိုကြတယ်​ ဘကြီးရဲ့။ ဘကြီးတို့ တမလွန်​မှာ​တော့ လူပင်​​သေ​သော်​ငြား လုပ်​ရပ်​က မ​သေသည်​ လို့ ဆိုမယ်​ထင်​ပါတယ်​ဗျာ ​နော်​။
  သူတို့နှစ်​​ယောက်​က လက်​ခုတ်​တီး လက်​မ​ထောင်​ LIKE ​ပေးပြီး စင်​​ပေါ်က ဆင်းလာခဲ့ပြီ ဆိုပါ​တော့
ကဲ ဘကြီးအလှည့်​ ဘာ​ပြောမလဲဗျာ။
 " ကျုပ်​ ​သေသွား​ပေမဲ့ ကျုပ်​​ပြောခဲ့တဲ့ မိန့်​ခွန်း​တွေ( သိမ်းထားကုန်​ပြီးပြီ ဘကြီး ဘယ်​သူမှ မသုံးတတ်​ကြပါဘူးတဲ့ ဘကြီးရယ်​)ကျုပ်​ချပြခဲ့တဲ့ မူဝါဒ​တွေ (လိုရာဆွဲဖြဲ လုပ်​ကုန်​ကြပါပြီဘကြီး) ကျုပ်​ထားခဲ့တဲ့ မျိုးရိုးစဉ်​ဆက်​​တွေ (နယ်​ချဲ့ သစ္စာခံ ​တွေ မယား​တွေဖြစ်​ကုန်​ပြီ ဘကြီးရယ်​ ဖြစ်​တဲ့လူ အားနာ မနာ မသိ​ပေမဲ့ ​ပြောရတဲ့လူ အားနာတယ်​ဗျာ ဗမာတစ်​​ယောက်​မှ ဖြစ်​မလာဘူးဘကြီးရဲ့) ကျုပ်​ စံပြလုပ်​ခဲ့တဲ့ ရိုးသားမှု ကြိုးစားမှု သစ္စာရှိမှု ​တွေ ( ဖိုး​ထောင်​ ဘာတစ်​ခုမှ မ​တွေ့ဖူးလိုက်​ပါဘူး ဘကြီးရာ) ကျုပ်​တိုင်းရင်းသား​တွေအ​ပေါ် ဆက်​ဆံခဲ့ပုံ​တွေ ( ခု​တော့ တိုင်းရင်းသားတိုင်း လွတ်​​မြောက်​​ရေးတပ်​​တွေဘာ​တွေနဲ့ ဖြစ်​​နေပြီး အချင်းချင်းပစ်​​နေကြတာများ ဘကြီးရာ ​တော​ကြောင်​လက်​ခ​မောင်းခတ်​လို့ သိတ်​​ကောင်းဆိုဘဲဘကြီး မယုံရင်​လာကြည့်​လိုက်​ပါဘကြီး ဘကြီးတို့တုန်းက ထိုးမှုန့်​မြို့​တော်​ဟာ အခု​ပေါက်​စီမြို့​တော်​ဖြစ်​​နေပြီ ဘကြီးရယ်​)
   ဘကြီးစိတ်​ပျက်​သွားလားဗျာ မပျက်​ပါနဲ့ ​ပြောချလိုက်​ပါဗျာ ကျုပ်​အသက်​ရှင်​စဉ်​က ​ပြောခဲ့တဲ့  "အဲသလို ​စောက်​ကျင့်​​တွေ ရှိ​နေသမျှ ကာလပတ်​လုံး "ဆိုတဲ့ အသံက​တော့ ခုချိန်​ထိ ညံ​နေတုန်းဘဲ လို့ ​ပြောချလိုက်​ပါဘကြီးရာ။
  အမိန့်​မနာခံသူ​တွေ မူဝါဒဖျက်​ဆီးသူ​တွေ မျိုးရိုးပျက်​သူ​တွေ လမ်းစဉ်​ကို ​သွေဖယ်​သူ​တွေကသာ ဘကြီးကိုသတ်​တာ​နေမှာပါဗျာ။ ရုပ်​တု​ရှေ့ ရုပ်​ပုံ​ရှေ့မှာ ပန်း​ခွေချ အ​လေးပြု​နေရုံ​လောက်​နဲ့ ဘကြီးကို ဘာကြီးညာကြီးဆိုပြီးအမွန်းတင်​ ​လေထွား​နေမယ့်​အစား ဘကြီးလို ရိုးသားစွာ သူ့​နေရာ ကိုယ့်​​နေရာက​နေ တကယ်​​လေးစားတဲ့ စိတ်​နဲ့ ​လေးစားလိုက်​နာ တာဝန်​ယူ ​ဆောင်​ရွက်​ပြီး အ​လေးပြုသွားကြရင်​ မ​ကောင်းဘူးလားဗျာ။
                         ဘကြီးကို ချစ်​တဲ့......
                                                   ဖိုး​ထောင်
Wednesday, February 3, 2016
ရွှေမြန်​မာ မင်္ဂလာ​ရွှေ​မောင်း ထီလက်​မှတိများဖြင့်​ လိမ်​လည်​သူများ​သောင်းကျန်း
  ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နောင်​ချိုမြို့နယ်​တွင်​ ​ရွှေမြန်​မာ နဲ့ မင်္ဂလာ​ရွှေ​မောင်း ထီဆိုင်​ မှ ထီလက်​မှတ်​များဖြင့်​ ကံစမ်းမဲလိမ်​များဖန်​တီးကာ လူလိမ်​များ​သောင်းကျန်းလျက်​ရှိ​နေ
===============================
   ထိုသို့​ရောင်းချလိမ်​လည်​ရာတွင်​ လူများသာမက သံဃာ​တော်​များကိုပင်​ ချမ်းသာမ​ပေးဘဲ လိမ်​လည်​လျက်​ရှိ​ကြောင်း သတင်းရရှိပါသည်​။
ပင်​ရင်းထီဆိုင်​ကြီးမှ ​ပေါက်​ဂဏန်းများကို ​အောင်​ဘာ​လေ သိန်းဆု ဌာန ခွဲ သို့ ​ငွေ​ပေးစီမံခိုင်းထားရခြင်း​ကြောင့်​ ​ဈေးကြီး​ကြောင်း။ ယခုအခါ ဆရာ​တော်​ သံဃာ​တော်​များ သာသနာပြုလုပ်​ငန်းများအတွက်​ အသုံးပြုနိုင်​ရန်​ ပင်​ရင်းထီဆိုင်​သူ​ဌေးမှ အရှင်​ဘုရားဘွဲ့နဲ့ ​ကျောင်းအမည်​ကို မဲ​ပေး​ရွေးချယ်​ကာ ​စေလွတ်​လိုက်​​ကြောင်း စ​သော လိမ်​လည်​မှုမျိုးစုံဖြင့်​ လိမ်​လည်​​ရောင်းချ​နေ​ကြောင်း သိရှိရပါသည်​။
  ဖြစ်​စဉ်​မှာ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နောင်​ချိုမြို့နယ်​အတွင်း ​ကျေးရွာ ရွာဦး​ကျောင်းဆရာ​တော်​များ သံဃာ​တော်​များထံ 11.1.2016 ရက်​ပတ်​ဝန်းကျင်​ခန့်​တွင်​ ချဉ်းကပ်​ပြီး ထီဆိုင်​ပိုင်​ရှင်​ သူ​ဌေးသည်​ နောင်​ချိုမြို့နယ်​ မှ သံဃာ​တော်​ အပါး ၃၀ တို့အား​ရွေးချယ်​ကာ ထီလက်​မှတ်​များ လာ​ရောက်​​ရောင်းချရန်​​စေလွှတ်​လိုက်​​ကြောင်းစ​သော ​လေလုံးများပစ်​သွင်းပြီး  ထို အပါး ၃၀ ထဲမှ မဲ​ပေါက်​​သော သံဃာ​တော်​များကိုလည်း ထီ​ပေါက်​သည်​ဖြစ်​​စေ မ​ပေါက်​သည်​ဖြစ်​​စေ ဗုဒ္ဓဂါယာ ဘုရားဖူး ခရီးစဉ်​များပို့​ဆောင်​​ပေးမည်​ဖြစ်​​ကြောင်း​ပြောဆိုကာ လိမ်​ညာ​ရောင်းချလျက်​ရှိ​ကြောင်း သိရှိရပါသည်​။
  ၎င်းကိစ္စနှင့်​ ပတ်​သက်​၍ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နောင်​ချိုမြို့နယ်​ မှ ရဟန်း​တော်​ တစ်​ပါးကမိန့်​ကြားရာတွင်
   ဆရာ​တော်​တစ်​ပါးမိန့်​ကြားတာက​တော့
 " ဟုတ်​တယ်​ ဟုတ်​တယ်​ ထီ​ဈေးနှုံး လိမ်​​ရောင်းရုံ​တောင်​မကပါဘူး ။ ထီ​ရောင်းသွားပြီး ထီဖွင့်​တဲ့​နေ့ ​လောက်​ကျ​တော့ ပြန်​​ရောက်​လာခဲ့တယ်​ ဒကာမ နှစ်​​ယောက်​ပါဘဲ ။ ဆရာ​တော်​ ထီလည်း​ပေါက်​မယ်​ ​လော​လောဆယ်​ ထီထိုးထားတဲ့ ဆရာ​တော်​​တွေကို သူ​ဌေးက မဲနိုက်​ပြီး ဗုဒ္ဓဂါယာ ဘုရားဖူးခရီးစဉ်​ မဲလည်း​ပေါက်​တယ်​ဘုရား။ ဒီမှာ နံပါတ်​ နှစ်​ မှာ အရှင်​ဘုရားဘွဲ့ ​တွေ့တယ်​မဟုတ်​လားဘုရား ဆိုပြီး သူတို့ စာရွက်​စာတမ်း​တွေထုတ်​ပြတယ်​။ဟုတ်​တယ်​ ကိုယ့်​ဘွဲ့ပါ​နေတယ်​။ သူတို့အထဲက တစ်​​ယောက်​က ဘုရားဖူးခရီးစဉ်​ ကိုယ်​စားလှယ်​ ကဒ်​​တွေ ပြ​သေးတယ်​ ။ ယူ​တော့ကြည့်​တာ​ပေါ့ နားမလည်​​တော့ အစစ်​ အတု ဘယ်​လိုလုပ်​ခွဲမှာလဲ။ အဲဒါ ပတ်​စပို့ဆိုလားဘာလား မ​ပြောတတ်​ပါဘူး မင်းတို့​ခေါတ်​စကား​တွေ အဲဒါအတွက်​ ​လော​လောဆယ်​ ​ငွေ ငါးသိန်း​ပေးရမှာတဲ့။ မ​ပေးရင်​ အခွင့်​အ​ရေးရှုံးမယ်​တဲ့။ တစ်​ခြားတစ်​ပါးအစားထိုးသွားမယ်​​ပြောတာနဲ့ သိန်း နှစ်​ဆယ်​​လောက်​ကုန်​မယ့်​ ခရီးစဉ်​ ကို ငါးသိန်းနှ​မြှောပြီး မသွားလိုက်​ရမှာစိုးတာနဲ့ ​ပေးလိုက်​မိတယ်​။ ​သူတို့ပြန်​သွားပြီး​နောက်​မှ ပြန်​စဉ်းစားပြီး ဖုန်းဆက်​လိုက်​​မေးကြည့်​​တော့ အလိမ်​မှန်းသိလိုက်​ရတယ်​။ ခုမှ​​တော့ ​ကြွေးဆပ်​လိုက်​ရတယ်​လို့ သ​ဘောထားရုံ​ပေါ့။ ကိုယ်​လိမ်​ထားဖူးရင်​​တော့ ခံရမှာဘဲ ​မောင်​ဖိုး​ထောင်​​ ​ရေ " ဟု ညည်းတွားမိန့့်​ကြားသွားခဲ့သည်​။
  တစ်​ခြား တစ်​ပါးလည်း ထိုနည်းအတိုင်း လာလိမ်​သွား​ကြောင်း ဆက်​လက်​မိန့်​ကြားသည်​။
  "ဗုဒ္ဓဂါယာ ဘုရားဖူးဆို​တော့ ဘုန်းကြီးတစ်​ပါးအ​နေနဲ့ သွားချင်​တာ​ပေါ့။ အဲဒါနဲ့ ရွာထဲမှာ နှစ်​သိန်း သွား​ချေးပြီး​ သုံးသိန်းက​နောက်​မှ​ပေးမယ်​ ဆိုပြီး ​ပေးလိုက်​တယ်​။ ငါးသိန်းနဲ့ သွားရမယ်​ဆို​တော့ ဝမ်းသာ​နေတာ ။ အခုမှ အလိမ်​ခံရမှန်းသိရ​တော့ ဆွမ်းစားချင်​စိတ်​​တောင်​မရှိ​တော့ဘူးကွာ။ ဖိုး​ထောင်​ မင်းတို့ ဟာ​တွေက ​သေ​ရော​သေချာရဲ့လားကွာ " ဟု အားမလိုအားမရ မိန့့်​ကြားသွားခဲ့သည်​။
    ၎င်းကိစ္စနှင့်​ပတ်​သက်​၍ ဆရာ​တော်​ တစ်​ပါးက​တော့ ​အောက်​ပါအတိုင်း မှတ်​ချက်​​ပေးမိန့်​ကြားသွားခဲ့သည်​။
  " ဒီလို အစိုးရ ထီနဲ့ ပတ်​သက်​ပြီး မကြာခဏ အလိမ်​ခံရတာ ကြား​နေရတယ်​။ သိန်းဆုဌာန အ​နေနဲ့ သိန်းဆုလက်​မှတ်​ကို သတ်​မှတ်​​ဈေးထက်​ ပိုမ​ရောင်းရဆိုတာတွင်​တွင်​ကျယ်​ကျယ်​လူ​တွေသိ​အောင်​ ​ကြေငြာထားသင့်​တယ်​။ သူတို့တံဆိပ်​မျိုးစုံနဲ့ ထီဆိုင်​ကြီး​တွေအ​နေနဲ့လည်း ဘယ်​နံပါတ်​က ဘယ်​ကိုယ်​စားလှယ်​ဆီပို့ထားတယ်​ဆိုတာ သူတို့စာရင်းဇယားအရ မသိစရာမရှိပါဘူး။ သူတို့ဆီကို အ​ကြောင်းလှမ်းကြား​တော့လည်း အလိမ်​ခံရတယ်​ ​ပြောပြီး ဘာမှ​ဆောင်​ရွက်​​ပေးတာမရှိ​သေးဘူး။ ဖြစ်​သင့်​တာက​တော့ ထိုးထားတဲ့ နံပါတ်​​တွေ ​သေချာ​မေး ကိုယ့်​ကိုယ်​စားလှယ်​​တွေကို ​သေချာထိန်း​ကျောင်းသွားဖို့​တော့လိုတာ​ပေါ့။ အ​ရေးယူသင့်​ရင်​ ယူရမယ်​​လေ။ အခုဟာက သူတို့နဲ့ တဖွဲ့တည်းလို​တောင်​ဖြစ်​​နေပြီ။ ဖြစ်​ချင်​လည်းဖြစ်​​နေမှာ​ပေါ့​လေ ဘယ်​​ပြောလို့ရမှာလဲ။ ကြာကြာ​နေရင်​ အစိုးရ ထီထိုးဖို့​တောင်​ မ​ကောင်း​တော့ဘူး။ အလိမ်​ခံသက်​သက်​လိုဖြစ်​​နေပြီ" ဟု မှတ်​ချက်​​ပေး မိန့်​ကြားသွား​ကြောင်းတင်ပြအပ်​ပါသည်​။
မှတ်​ချက်​=ထိုလူလိမ်​အမျိုးသမီး၏ ပုံများကို ဟန်းဆက်​နဲ့ရိုက်​ယူထားခြင်းမရှိ​သော​ကြောင့်​ ပုံနှင့်​တကွ မတင်​ပြနိုင်​ပါ​ကြောင်း ထီလက်​မှတ်​ ပုံမှာ ထိုအမျိုးသမီးလာ​ရောင်းသွား​သော ထီလက်​မှတ်​ အစစ်​အမှန်​ဖြစ်​​ကြောင်းတင်​ပြအပ်​ပါသည်​။
                                       ဖိုး​ထောင်
                                   4 .2 .2016
Monday, February 1, 2016
ပညာရှိ နိုင်​ငံ​ရေး ဖြစ်​ပါ​စေ
  အနိုင်​ရပါတီတို့ လွတ်​​တော်​ထဲမှာ စတင်​အလုပ်​လုပ်​​နေကြပါပြီ။ရည်​ရွယ်​ချက်​က​တော့ သူတို့​ကြွေး​ကြော်​ထားတဲ့ အတိုင်း ​ပြောင်းလဲဖို့ ​နေမှာ​ပေါ့။ ဆိုလိုတာက​တော့ အ​ကောင်းကိုအ​ကောင်းအတိုင်းထားရှိပြီး အဆိုးကို ​အ​ကောင်းဖြစ်​​အောင်​ ​ပြောင်းလဲဖို့ လုပ်​တာ​နေမှာပါ။
   မြန်​မာ့ နိုင်​ငံ​ရေးကို တပ်​မ​တော်​ကသာတစ်​ချိန်​လုံး ဦး​ဆောင်​လာခဲ့တာပါ။ အားသာချက်​​တွေ တစ်​ပုံကြီးရှိခဲ့သလို အားနည်းချက်​က အဲဒါ​တွေထက်​ပိုများခဲ့တယ်​။ ပြည်​သူ​တွေ ပါဝင်​မှု အားနည်းခြင်း​ကြောင့်​ ပြည်​သူ​တွေရဲ့ အစွမ်းအစ ပြခွင့်​ မရကြပါဘူး။
 ဘာဘဲ​ပြော​ပြော ၇၅%ဘဲရရ အခု​တော့ပြည်​သူ​တွေ နိုင်​ငံ​ရေးမှာ ဦး​ဆောင်​ပါဝင်​ခွင့်​ ရကြပါပြီ။ အစွမ်းပြခွင့်​ ရကြပါပြီ။ ခုမှ စတင်​လုပ်​​ဆောင်​ခွင့်​ ရကြတာဆို​တော့ ကိုးယိုကားယားကိစ္စ​တွေလည်းရှိ​နေနိုင်​ပါတယ်​။
   ရှိ​နေပါ​စေ နိုင်​ငံ​တော်​အတွက်​ ​စေတနာရှိရိုးမှန်​ရင်​​တော့ ​အောင်​မြင်​မှာမလွဲပါဘူး။ အမှန်​အကန်​လား အကြံအဖန်​လား ဆိုတာက​တော့ ပြည်​သူ​တွေ မဲ​ပေး​ရွေးချယ်​​နေစရာမလိုပါဘူး။
  သူတို့​စေတနာနဲ့ သူတို့လုပ်​ရပ်​က မဲ​ပေး​ရွေးချယ်​သွားကြပါလိမ့်​မယ်​။
   ပညာရှိ နိုင်​ငံ​ရေး ပညာမဲ့ နိုင်​ငံ​ရေးဆိုတာ ပညာတတ်​နိုင်​ငံ​ရေးနဲ့ လုံးလုံးလျားလျား မဆိုင်​ပါဘူး။ သူတို့ပိုသိပါလိမ့်​မယ်​ထင်​ပါတယ်​။
   ဖိုး​ထောင်​တတ်​သလို ခွဲခြားရမယ်​ဆိုရင်​​တော့ ပညာရှိဟာ ​ပေးဆပ်​ဖို့ တစ်​ခုတည်းအတွက်​အလုပ်​လုပ်​တယ်​။ ပညာမဲ့ ဟာ အနည်းဆုံးမရဘူးဆိုရင်​​တောင်​ နာမည်​​ကျော်​ကြားမှု ရဖို့အလုပ်​လုပ်​တယ်​။
အဲသလိုခွဲခြားလို့ရပါတယ်​။
   ရရှိထားတဲ့ ​နေရာ ရရှိထားတဲ့ အခွင့်​အ​ရေး ရရှိထားတဲ့ အာဏာသည်​ ပညာမဲ့များအတွက်​က​တော့ သူ့အတွက်​ သူ့မိသားစု အတွက်​ သူ့ပတ်​ဝန်းကျင်​အတွက်​သာ အဓိကထား အသုံးချပါလိမ့်​မယ်​။
   ပညာရှိများအတွက်​က​တော့ ၁၃၅ မျိုး​သောတိုင်းရင်းသားညီကို​မောင်​နှမများ ဥမကွဲ သိုက်​မပျက်​​ရေးအတွက်​ အဓိကထား အသုံးချပါလိမ့်​မယ်​။
  နိုင်​ငံ​တော်​မှာ သူတို့ ချည်းချည်းမပြီးပါဘူး။
 ပြည်​သူလူထုသည်​လည်း ဒီမိုက​ရေစီ စံချိန်​စံညွန်းအတိုင်း ​လေးစားလိုက်​နာ​နေထိုင်​သွားကြဖို့လိုအပ်​ပြီး မြန်​မာ့ ယဉ်​​ကျေးမှု ကို နိုင်​ငံတကာမှာပြသဖို့လိုအပ်​​ကြောင်း တင်​ပြရင်း ကြိုဆိုနုတ်​ခွန်းဆက်​လိုက်​ရပါ​တော့သည်​။
                                      ဖိုး​ထောင်
                                   1.2. 2016