Sunday, February 28, 2016
ဓမ္မစကူးလ်
  ဓမ္မစကူးလ်​ ပိတ်​ပွဲ အခန်းအနားကျင်းပ
====================
  အဆိုပါ အခမ်းအနားသို့ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ နှင့်​ သံဃာ​တော်​များ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနှင့်​ အဖွဲ့ဝင်​များ ၊ ဂေါပက အဖွဲ့ဝင်​များ၊ ဆရာ ဆရာမများ ​ကျောင်းသား ​ကျောင်းသူများ ၊ ​ကျေးရွာသူ ​ကျေးရွာသားများ စုစု​ပေါင်း ၂၀၀ ဦးခန့်​တက်​​ရောက်​ကြ​ကြောင်း သတင်းရရှိပါသည်​။
  အခမ်းအနားကို န​မောတဿ သုံးကြိမ်​ရွတ်​ဆိုဘုရားကန်​​တော့ဖွင့်​လှစ်​ပြီး ​ရွှေသွန်း​ကျောင်းဆရာ​တော်​မှ သြဝါဒ ကထာ မြွက်​ကြားခြင်း ဓမ္မစကူးလ်​ ဆရာတစ်​ဦးမှ တစ်​နှစ်​တာ အ​တွေ့အကြုံရှင်းလင်းတင်​ပြခြင်း၊ဓမ္မစကူးလ်​ ​ဖောင်​​ဒေးရှင်း (​ရွှေသွန်း)​ကော်​မတီဝင်​ တစ်​ဦးမှ ​ကျေးဇူးတင်​စကား​ပြောကြားခြင်း၊​ကျောင်းသူ​ကျောင်းသားများမှ ဓမ္မစကူးလ်းဆိုင်​ရာ သီချင်း ကဗျာများရွတ်​ဆိုခြင်း၊ ဓမ္မစကူးလ်းဆိုင်​ရာ အမှတ်​တရလက်​​ဆောင်​များ​ပေးအပ်​ခြင်းများပြုလုပ်​ကာ အလှူရှင်​များမှ  ဒံ​ပေါက်​ထမင်းဖြင့်​​ကျွေး​မွေးပြီး အခမ်းအနားကို ​အောင်​မြင်​စွာ ရုပ်​သိမ်းခဲ့​ကြောင်း ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ မှ သတင်းရရှိပါသည်​။
        ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ
No comments:
Post a Comment