Monday, February 1, 2016

ပညာရှိ နိုင်​ငံ​ရေး ဖြစ်​ပါ​စေ

  အနိုင်​ရပါတီတို့ လွတ်​​တော်​ထဲမှာ စတင်​အလုပ်​လုပ်​​နေကြပါပြီ။ရည်​ရွယ်​ချက်​က​တော့ သူတို့​ကြွေး​ကြော်​ထားတဲ့ အတိုင်း ​ပြောင်းလဲဖို့ ​နေမှာ​ပေါ့။ ဆိုလိုတာက​တော့ အ​ကောင်းကိုအ​ကောင်းအတိုင်းထားရှိပြီး အဆိုးကို ​အ​ကောင်းဖြစ်​​အောင်​ ​ပြောင်းလဲဖို့ လုပ်​တာ​နေမှာပါ။
   မြန်​မာ့ နိုင်​ငံ​ရေးကို တပ်​မ​တော်​ကသာတစ်​ချိန်​လုံး ဦး​ဆောင်​လာခဲ့တာပါ။ အားသာချက်​​တွေ တစ်​ပုံကြီးရှိခဲ့သလို အားနည်းချက်​က အဲဒါ​တွေထက်​ပိုများခဲ့တယ်​။ ပြည်​သူ​တွေ ပါဝင်​မှု အားနည်းခြင်း​ကြောင့်​ ပြည်​သူ​တွေရဲ့ အစွမ်းအစ ပြခွင့်​ မရကြပါဘူး။
 ဘာဘဲ​ပြော​ပြော ၇၅%ဘဲရရ အခု​တော့ပြည်​သူ​တွေ နိုင်​ငံ​ရေးမှာ ဦး​ဆောင်​ပါဝင်​ခွင့်​ ရကြပါပြီ။ အစွမ်းပြခွင့်​ ရကြပါပြီ။ ခုမှ စတင်​လုပ်​​ဆောင်​ခွင့်​ ရကြတာဆို​တော့ ကိုးယိုကားယားကိစ္စ​တွေလည်းရှိ​နေနိုင်​ပါတယ်​။
   ရှိ​နေပါ​စေ နိုင်​ငံ​တော်​အတွက်​ ​စေတနာရှိရိုးမှန်​ရင်​​တော့ ​အောင်​မြင်​မှာမလွဲပါဘူး။ အမှန်​အကန်​လား အကြံအဖန်​လား ဆိုတာက​တော့ ပြည်​သူ​တွေ မဲ​ပေး​ရွေးချယ်​​နေစရာမလိုပါဘူး။
  သူတို့​စေတနာနဲ့ သူတို့လုပ်​ရပ်​က မဲ​ပေး​ရွေးချယ်​သွားကြပါလိမ့်​မယ်​။
   ပညာရှိ နိုင်​ငံ​ရေး ပညာမဲ့ နိုင်​ငံ​ရေးဆိုတာ ပညာတတ်​နိုင်​ငံ​ရေးနဲ့ လုံးလုံးလျားလျား မဆိုင်​ပါဘူး။ သူတို့ပိုသိပါလိမ့်​မယ်​ထင်​ပါတယ်​။
   ဖိုး​ထောင်​တတ်​သလို ခွဲခြားရမယ်​ဆိုရင်​​တော့ ပညာရှိဟာ ​ပေးဆပ်​ဖို့ တစ်​ခုတည်းအတွက်​အလုပ်​လုပ်​တယ်​။ ပညာမဲ့ ဟာ အနည်းဆုံးမရဘူးဆိုရင်​​တောင်​ နာမည်​​ကျော်​ကြားမှု ရဖို့အလုပ်​လုပ်​တယ်​။
အဲသလိုခွဲခြားလို့ရပါတယ်​။
   ရရှိထားတဲ့ ​နေရာ ရရှိထားတဲ့ အခွင့်​အ​ရေး ရရှိထားတဲ့ အာဏာသည်​ ပညာမဲ့များအတွက်​က​တော့ သူ့အတွက်​ သူ့မိသားစု အတွက်​ သူ့ပတ်​ဝန်းကျင်​အတွက်​သာ အဓိကထား အသုံးချပါလိမ့်​မယ်​။
   ပညာရှိများအတွက်​က​တော့ ၁၃၅ မျိုး​သောတိုင်းရင်းသားညီကို​မောင်​နှမများ ဥမကွဲ သိုက်​မပျက်​​ရေးအတွက်​ အဓိကထား အသုံးချပါလိမ့်​မယ်​။
  နိုင်​ငံ​တော်​မှာ သူတို့ ချည်းချည်းမပြီးပါဘူး။
 ပြည်​သူလူထုသည်​လည်း ဒီမိုက​ရေစီ စံချိန်​စံညွန်းအတိုင်း ​လေးစားလိုက်​နာ​နေထိုင်​သွားကြဖို့လိုအပ်​ပြီး မြန်​မာ့ ယဉ်​​ကျေးမှု ကို နိုင်​ငံတကာမှာပြသဖို့လိုအပ်​​ကြောင်း တင်​ပြရင်း ကြိုဆိုနုတ်​ခွန်းဆက်​လိုက်​ရပါ​တော့သည်​။
                                      ဖိုး​ထောင်
                                   1.2. 2016

No comments:

Post a Comment