Sunday, January 31, 2016
ကိုယ့်​ အတတ်​နဲ့ ကိုယ်​စူး
  ဖိုး​ထောင်​တို့ ​ရှေးလူကြီး​တွေ​ပြောတာကြားဖူးတယ်​ဗျာ့။
ကိုယ့်​အတတ်​နဲ့ ကိုယ်​စူးတယ်​ဆိုတာ​လေ။ သူတို့​ပြောတာက​တော့ ​ရှေးတုန်းက စုန်းအတတ်​ က​ဝေအတတ်​​တွေနဲ့ အစိမ်း​တွေ​မွေးထားကြရာက​နေ ​နောက်​ပိုင်း အစိမ်း​တွေရဲ့ အလိုမကျ​သောအခါ အစိမ်း​တွေရဲ့ လက်​ချက်​​တွေနဲ့ အသက်​​ပေးသွားခဲ့ပုံ​လေး​တွေ ​ပေါ့။ ကိုယ်​​မွေးထားတဲ့​မျောက်​က ကိုယ့်​အိမ်​ မီးတက်​ရှို့သလိုမျိုး​လေး​တွေ​လေဗျာ။
    ဖိုး​ထောင်​နဲ့ အဲဒီကိစ္စမျိုး​တွေနဲ့​တော့ မဆိုင်​ပါဘူး။ ဖိုး​ထောင်​တတ်​တဲ့ပညာက အီလက်​ထရွန်းနစ်​ ပိုင်းဆိုင်​ရာ ​တွေပါဗျာ။ လွန်​ခဲ့တဲ့ ဆယ်​စုနှစ်​ဝန်းကျင်​​လောက်​က နာရီ​ရေဒီယို ကက်​ဆက်​ အမ်​ပလီဖိုင်​ယာ ​တွေပြင်​တယ်​။ ​နောက်​ပိုင်းမှာ​တော့ VCD DVD EVD  ​တွေ ပြုပြင်​ စ​လောင်းဆင်​ လိုင်းသွင်း စတာ​တွေလုပ်​ပါတယ်​။
   အဲ​နောက်​ပိုင်းမှာ​တော့ ကွန်​ပျူတာ ​ဆော့ဝဲ ဟာ့ဝဲ စာစီစာရိုက်​ ဖိုတို​ရှော့ စုံ​နေတာပါဘဲ။
  ဒီကြားထဲ ဖိုး​ထောင်​တို့ရွာမှာ လျပ်​စစ်​မီးကမရှိဆို​တော့ ကိုယ်​ပိုင်​အိမ်​သုံးလျပ်​စစ်​​ခေါ်တဲ့ တာဗိုင်​ နဲ့ ​ရေအားလျပ်​စစ်​ဆင်​ခြင်း ကွိင်​ပတ်​ခြင်းအတတ်​​တွေလည်း တွဲလုပ်​ရတယ်​ဗျာ့။ စက်​ရုံက​တော့ သမားရိုးကျအတိုင်း စံချိန်​ကိုက်​လုပ်​လာ​ပေး​သော်​လည်း ဖိုး​ထောင်​တို့ဆီမှာက ​ရေအ​ခြေအ​နေ အနီးအ​ဝေး အသုံးပြုတဲ့ကြိုးအ​နေအထား အသုံးပြုမယ့်​ အရာ​ပေါ် မူတည်​ပြီး တွက်​ချက်​ပြန်​လုပ်​ရတာ​ပေါ့။
   ဒီလို​နေရာမျိုးမှာ​တော့ ရွာထဲမှာ ဖိုး​ထောင်​ကဆရာကြီးတစ်​ဆူ​ပေါ့။ ရွာဦးဆရာ​တော်​​တောင်​ ​ကျောင်းမှာမီးမလင်းရင်​ ဖိုး​ထောင်​ကို ဖား​နေရတာဗျာ့ အဟဲ။သ​ဘော​ပြောတာဗျာ့ သွားလည်းမ​လျှောက်​နဲ့အုံး ​တော်​ကြာ သိတယ်​မလား။
   ဒီလိုအတတ်​​တွေနဲ့ စာ​တွေ့ လက်​​တွေ ဆိုသလိုလုပ်​လာလိုက်​တာ ​ပြောပ​လောက်​တဲ့ ပြဿနာ တစုံတရာ မရှိခဲ့ပါဘူး။တန်​ပြန်​သက်​​ရောက်​မှု​တွေက အဆိုးဘက်​ ဦးမတည်​ဘူး​ပေါ့ဗျာ။
   အခု​နောက်​ပိုင်းကျ​တော့ ကွန်​ပျူတာ အတတ်​နဲ့ နွယ်​​နေတဲ့ ဟန်းဆက်​​တွေ အမျိုးအစားမျိုးစုံနဲ့ ရွာထဲကို ဒ​လော​ဟော ဝင်​​ရောက်​လာ​တော့ mp3 mp4  Game သွင်းခြင်း မြန်​မာစာသွင်းခြင်း ရု ​ဖောက်​ခြင်း ဖုန်းဆက်​နည်း မက်​​ဆေ့ပို့နည်း အင်​တာနက်​ချိတ်​ဆက်​ခြင်း စတာ​တွေ မနားတမ်းဆိုသလိုလုပ်​​ပေးရပြန်​တယ်​။ ဒါလည်းပြဿနာမရှိ​သေးဘူးဆိုပါ​တော့။
   အဲ ​နောက်​ပိုင်းမှာ​တော့ ဗိုက်​ဘာ လိုင်း ဝီချက်​ မိုင်​ချက်​ ဘီ​တော့ ​ဖေ့ဘုတ်​ မက်​ဆင်​ဂျာ အ​ကောင့်​ဖွင့်​နည်း​တွေလည်း ​လေ့လာပြီး လုပ်​​ပေးရပြန်​တယ်​။ လူတိုင်းနီးပါး တစ်​ခုမဟုတ်​ တစ်​ခု သုံးတာဆို​တော့ ဖိုး​ထောင်​လုပ်​​ပေးရတာပါဘဲ။
  ဖိုး​ထောင်​ လည်း ကိုယ့်​ရွာက​ ​ကောင်​​လေး​တွေ အထူးသဖြင့်​ ​ကောင်​မ​လေး​တွေကို ​တွေ့တိုင်း သတိ​ပေးရတာ​ပေါ့။ မသိတဲ့လူနဲ့ ရမ်းမချက်​ကြဖို့။ ဖုန်းနံပါတ်​​တွေ မ​ပေးဖို့။ဓာတ်​ပုံ​တွေ လုံးဝ မ​ပေးဖို့ ။ လိုင်း​ပေါ်က လူ​တွေကို မယုံဖို့ ​နေ့စဉ်​နဲ့ အမျှ သတိ​ပေး​နေရတယ်​ဗျာ။
   အဲဒါ မ​​နေ့တစ်​​နေ့က က​လေးမ​လေးတစ်​​ယောက်​ ဘယ်​ကမှန်းမသိ ဘာမှန်းမသိ ​ချီဗူးတစ်​​ကောင်​နဲ့ လိုက်​​ပြေးဖို့ ကြိုးစားတယ်​​လေ။ ဖိုး​ထောင်​ နဲ့လည်း အမျိုးမကင်း​တူမ​တော်​​နေ တော့ လိုက်​သွားတာ မှီပါတယ်​။ မလွန်​ခင်​​လေးပြန်​​ခေါ်လာခဲ့တယ်​ဆိုပါ​တော့ဗျာ။
  ဘယ်​လိုစီမံကြသလဲဆိုတာက​တော့ သူတို့မိသားစု ကိစ္စပါဗျာ။ထားပါ​တော့
အင်​တာနက်​ ​ဖေ့ဘုတ်​ ဘီ​တော့ စ​သော အရာများ​အသုံးပြုတတ်​​အောင်​ သင်​​ပေးခဲ့ခြင်းကြောင့်​ဖြစ်​​ကြောင်း တူမ​လေးရဲ့အ​မေက စွဲချက်​တင်​​နေ​လေရဲ့ဗျာ။
   ဒါတင်​မက ဖုန်းရပြီဆိုတုန်းကရင်း အလုပ်​ခိုင်းရတာ အဆင်​​မ​ပြေ​ကြောင်း။ ​နေ့လည်​ နားချိန်​ ပို​ပေးရ​ကြောင်း အလုပ်​ထဲ စိတ်​မဝင်​စားသဖြင့်​ ခါတိုင်း နှစ်​ရက်​နဲ့ ပြီးတဲ့ အလုပ်​ ကို သုံးရက်​​တောင်​ မပြီး​ကြောင်း ။ ​ပြောရဆိုရခက်​ခဲလာခဲ့​ကြောင်း ။ မယုံလျင်​ အခုလက်​​တွေ့ဖြစ်​​ကြောင်းများဖြင့်​ စွဲချက်​တင်​လာ​သောအခါ....
   သီချင်းနား​ထောင်​လို့ရ​အောင်​ ဓာတ်​ပုံ​တွေရိုက်​လို့ရ​အောင်​ သတင်း​တွေကို ​ခေါတ်​နဲ့ အချိန်​နဲ့ တ​ပြေးညီသိရှိရ​အောင်​ အချင်းချင်း ဆက်​သွယ်​ရလွယ်​ကူ​အောင်​ စ​သော ဖိုး​ထောင်​၏ များစွာ​သော ​စေတနာတို့သည်​ အသုံးမဝင်​​တော့​ကြောင်း ဝမ်းနည်းဖွယ်​ ​တွေ့ကြုံလိုက်​ရပါတယ်​ဗျာ။
ထို့​ကြောင့်​ "ကိုယ့်​ အတတ်​နဲ့ ကိုယ်​စူး​"ကြောင်း တင်​ပြရင်း  
       စာဖတ်​သူအ​ပေါင်း ကျန်းမာချမ်းသာကြပါ​စေ
                                 ဖိုး​ထောင်
                              1.2 .2016                    
No comments:
Post a Comment