Sunday, September 4, 2016
ငါ ပြန်လာရမှာလား
ငါ ပြန်လာရမှာလား
===========
   ငါ မှားခဲ့လို့လား ။ မမှားခဲ့ပါဘူး။ ဒီ အချိန်ထိ ငါမှားခဲ့တာ မင်းတို့ တိတိကျကျ မပြနိုင်သေးပါဘူး။
 မသေမချင်းမှတ်ထား အမည်းမှန်းသိအောင် အဖြူပေါ် တင်ပြရတယ်။ အမှားမှန်းသိအောင် အမှန် နဲ့ ထောက်ပြရတယ်။ ယှဉ်ကြည့်လိုက်လေ မင်းတို့လက်ထက် နဲ့ ငါ့လက်ထက် ဘာများပိုထူးခြားလာခဲ့လို့လဲ။
  ဟာ အဘကလည်း အဘတို့ လက်ထက်တုန်းက ကား နှစ်စီးရှိတာ ကျနော်တို့လက်ထက်ကျတော့ ကားဆယ်စီးတောင်ဖြစ်နေပြီ အဘရဲ့။
  ဟားဟားဟား ငါ နဲ့ နှစ်လလောက် တွဲခဲ့တဲ့ကောင်မလေး မင်းတို့နဲ့ ရခါမှ ရှစ်လနဲ့ ကလေးမွေးတာ မင်းတို့အစွမ်းမှ မဟုတ်တာကြီး။ ငါ့ နှစ်လလည်းထည့်တွက်ကြအုံးလေကွယ်။ မဟုတ်လည်း မွေးမှာဘဲဥစ္စာ ။
  ဒီလိုဘဲ အားမနာတမ်းပြောလိုက်ချင်တော့တာ။
  မင်းတို့ကို ငါအာဏာလွဲခဲ့တာ ဘာလို့လဲသိလား။
ဘေးပြောတာ မယုံနဲ့ သွေးပြောတာယုံ လို့ ငါအကြိမ်ကြိမ်ပြောခဲ့တယ် ။ အမှန်စကား ဒဲ့စကားဟာ နားဝင်မချိုဘူး။ အဲဒါကြောင့် မင်းတို့ မကြိုက်ကြဘူး မယုံကြဘူးမလား။
  ငါ့ TV ရေဒီယိုကို မင်းတို့ တန်ဖိုးမထားခဲ့ကြဘူး။ အစိုးရ ပေါ်လစီတွေပါတဲ့။အခုကျတော့ရော ဘာထူးလာလို့လဲ။ ငါ့သတင်းစာဆိုရင် ဆေးလိပ် လိပ်သောက်ဖို့လောက်ထက် တန်ဖိုးထားခဲ့ကြလို့လား။ တစ်နေ့လာလည်း ဒီစောက်ခွက် နှစ်နေ့လာလည်း ဒီစောက်ခွက် လို့တောင် သရော်ခဲ့ကြတာပါ။ အခုကျတော့ရော ဘာများထူးခြားနေလို့လဲ။ ငါ့လက်ထက်က ဖာသည် သတင်းစာဟာ အခုလည်းဖာသည်ပါဘဲ။ အပေါ်နားလေးက တရားတော်တောင် ပျောက်တော့မလို့ မဟုတ်လား။
  မင်းတို့ ဖထွေး BBC  VOA ကိုကျတော့ ယုံကြည်ခဲ့ကြတယ်။
နောက်ဆုံးတော့ မင်းတို့ အမြင်ထဲမှာ ငါက စစ်ဘီလူးကြီးတွေဖြစ်လို့။ ဟုတ်တယ်မို့လား ဟုတ်ပါတယ် ငါက စစ်ဘီလူးကြီးပါ။
  ဘာ ဒီပဲယင်း အရေးအခင်း ဟုတ်လား အဲဒါက ငါနဲ့ ဘာဆိုင်လို့ သိချင်ရင် အဲတုန်းက သတင်းစာပြန်ဖတ်ပေါ့ကွ။ BBC တို့က ငါကဘဲ ခိုင်းသလိုလို စစ်ကိုင်းတိုင်းမှူးကလုပ်သလိုလို စွပ်စွဲခဲ့ကြတယ်မို့လား။ အဲဒီလူအုပ်ကြီး ဘာလုပ်ဖို့ စုသလဲ မင်းတို့သိလား ဘယ်သိမလဲ မင်းတိုဖထွေးတွေက ပြောမှမပြောတာ ။ မင်းတို့ကို ဦးဆောင်ခဲ့တဲ့ လူကြီးတွေကရော ရည်ရွယ်ချက်မဲ့ လူအုပ်ကြီး ဘာလုပ်ဖို့ အချိန်ကုန် ခံ ခေါ်မှာတဲ့လား။
  ငါသိတာပေါ့ ဘယ်အချိုးဆိုတာ ရှင်းရမှာဘဲ။ မင်းတို့လည်း ငါ့နေရာမှာဆို ရှင်းမှာဘဲမလား။ မင်းတို့ လူအုပ်ကြီးကို ဘယ်လို အသုံးချမယ်ဆိုတာ မင်းတို့ကို သူတို့ တစ်ခွန်းပြောခဲ့ဖူးပါသလား ။ ကိုယ့်ဟာကိုယ် အသုံးချခံမှန်းရော ဒီနေ့ထိ သိခဲ့ကြလား။ ကုလား နဲ့ BBC တို့ မိန်းဝနေအောင် တိုက်ထားတဲ့ မင်းတို့ကို ငါကယ်ခဲ့တယ်။
  နောက်ဆုံး ကုလားနဲ့ အနောက်အုပ်စု တိုက်တဲ့ မှိုင်း ဟာ ငါကိုးကွယ်တဲ့ သံဃာတော်တွေအထိ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ငါကယ်ဖို့ ကြိုးစားကြည့်ခဲ့ပါသေးတယ်။ ဒီဗျူဟာ နဲ့ မလွယ်တော့လို့ နောက်ဗျူဟာပြောင်းခဲ့တယ် ဆိုပါတော့။ အဲဒီဗျူဟာက ငါ့အပေါ်မှာ မူမတည်တော့ဘူး။ မင်းတို့အပေါ်မှာဘဲ မူတည်တယ်။
  အဲဒီ အချိန်တုန်းက မင်းတို့ကို အားရတဲ့ အချက် တစ်ခု ငါ တွေ့ခဲ့တယ်။ ငါရယ် အမိန့်ရယ် လက်နက်ရယ်က လွဲရင် ကျန်တဲ့ ရဟန်းရှင်လူ ပြည်သူ အားလုံးဟာ တစ်သွေးထဲ တစ်သားထဲ တစ်သံထဲ ထွက်ခဲ့ကြတယ်။ အဲဒီ ညီညွတ်မှုနဲ့များ ငါ့နိုင်ငံကို တည်ဆောက်လို့ကတော့ ကျည်ဆံရထားမြန်တာလောက်က ပျင်းတောင်ပျင်းသေးပေါ့။
  အဲဒီတုန်းက မင်းတို့ ခေါင်းဆောင်ကလည်း သံဃာတော်တွေကို ဆရာမှတ် သံဃာမှတ်နဲ့ အားကိုးတစ်ကြီးပေါ့။
  တစ်ခြားဘာသာရေးခေါင်းဆောင်တွေကလည်း သံဃာတော်တွေကို ရေဗူးတွေတောင်ကပ်လို့ ညီညွတ်နေလိုက်ကြတာများ ငါ့မျက်စိထဲကနေ ခုထိမထွက်ဘူး။
  သံဃာတော်တွေကလည်း မင်းတို့အလိုကျ မင်းတို့ ခေါင်းဆောင်ကြီး နေရာရရင် ပြည်သူတွေအေးချမ်းမယ် ဆိုတဲ့ မေတ္တာကြီးနဲ့ သူတို့ကျောင်းတွေတောင် ပြန်မရောက်တော့တဲ့ ကိုယ်တော်တွေရှိခဲ့တယ်။
  အဲဒီညီညွတ်မှုကိုမြင်လို့ ငါ အာဏာလွဲခဲ့တာဟ သိပြီလား။ အဲဒီညီညွတ်မှုနဲ့ လုပ်ပြစမ်းပါ တိုးတက်အောင် ငါမှားခဲ့တာ ပေါ်လာအောင် လုပ်ပြကြစမ်းပါ။
  ငါ့ နှစ်လကြောင့် မင်းတို့လက်ထဲ မှာ ရှစ်လနဲ့မွေးတာများ လာအကြောင်းပြရတယ်လို့ နေစမ်းပါအုံး မင်းတို့ပြောတော့ ဘာဆုကြီးနဲ့ ချမယ်ဆိုကွာ။
 မြန်မာနိုင်ငံမှာ လိုနေတာ စီးပွားရေး ပညာရေးတွေ မဟုတ်ဘူး။ ညီညွတ်မှုကွ ညီညွတ်မှု မသေမချင်းမှတ်ထား။
  သံဃာတော်တွေနဲ့ တညီတညွတ်ထဲ တောင်းဆိုလို့ ပေးခဲ့တဲ့ ငါ့အာဏာကို အလွဲသုံးစားလုပ်မယ်ဆိုရင်တော့ ငါပြန်လာရလိမ့်မယ်။
  မင်းတို့ သိထားရမှာက ငါရှိနေသရွေ့ မြန်မာရှိနေရမယ် မြန်မာရှိနေသရွေ့ သံဃာတော်တွေရဲ့ သြဝါဒ ခံပြီး ငါ ဆက်လက်ရှိနေလိမ့်မယ် ဆိုတာဘဲ။
  ပြောတဲ့လေနဲ့တန်အောင် လုပ်ပြကြစမ်းပါ။ ယူထားတဲ့ နေရာနဲ့တန်အောင် လုပ်ပြကြစမ်းပါ။
 အေး  တန်အောင်မလုပ်ပြရင်တော့ ရုပ်သေးဘဲ ဖြစ်နေလိမ့်မယ်။ အဲဒီနေရာကနေ သူများကြိုးဆွဲ သလိုသာ ကကြပေတော့ပေါ့ကွာ။
  အထူးသဖြင့် ဗုဒ္ဓဘာသာတွေ မအကြပါနဲ့ တော့
မင်းတို့ သိတ် အထင်ကြီးနေတဲ့ ဆုရှင်ကြီးဟာလေ ရုပ်သေး ရုပ် အစစ်ကြီးဆိုတာ လည်မပြတ်ခင် မြင်အောင်ကြည့်ကြပေါ့ကွာ။
  ဘယ် ဘာသာခြား ဘယ်ကုလားမှ သစ္စာတရားနဲ့ ကြီးပြင်းလာတာမဟုတ်ဘူး။ သစ္စာတရား ဆိုတာ ငါတို့ ဘာသာမှာဘဲရှိတယ်။ နှမြှောတတ်တဲ့ အသိလေးတောင် မရှိတဲ့ ဘုန်းကြီးငပေါ ရုပ်သေးလေးတွေတောင် တစ်ပါး စ နှစ်ပါးစ မြင်နေရပြီ သိတယ်နော် ။
  ငါပြန်လာပြီး ဟန်းဆက်တွေပါ သိမ်းလိုက်လို့ ဖူးကားတောင် မကြည့်ရဖြစ်သွားတော့မယ် သောက်သုံးမကျတဲ့ ရုပ်သေးတွေ။ တော်ပြီကွာ စိတ်တိုတယ်။
  နေအုံး ငါ့ နှစ်လလည်း ထည့်တွက်ကြပါအုံး
             ဘဘကြီး ကိုယ်စား ဖိုးထောင်
မှတ်ချက်= အထက်ပါ အာဘော်သည် ဖိုးထောင်၏ အာဘော်သာဖြစ်ကြောင်း သိစေအပ်ပါသည်။
Friday, September 2, 2016
လီးတောင် မတိုးတက်
လီးမှ မတိုးတက်
===========
  လှည့်ပတ်ရေးရတာ လက်ညောင်းတယ် ။ အချိန်ကုန်တယ်။ အရပ်စကားအတိုင်း ဒဲ့ရေးတာဘဲ ကောင်းတယ်။
 ပြည်သူတွေကတော့ ရောင်းဈေး ဝယ်ဈေးတွေများ မျှလာမလား ။ စည်းပွားရေးများ တိုးတက်လာမလား။
 တရားဥပဒေ စိုးမိုးရေးတွေ ထွန်းကားပြီး မူးယစ်ဆေးတွေများ ပပျောက်သွားမလားပေါ့။
ဆန် တစ်ပြည် ၅၀၀ ဖြစ်သွားအောင် ချပေးဖို့ မတောင်းဆိုပါဘူး။ ကိုယ့်ထွက်ကုန် ဈေးနှုံး နဲ့ ပြန်ဝယ်သုံးရတဲ့ ကုန်ဈေးနှုံး လေးမျှတရင် ကျေနပ် နေကြမှာပါ။
 ခုတော့ ကိုယ့်သီးနှံက ဈေးကွက်တောင် မနည်းရှာရတော့မယ့် အနေအထား ဆိုတော့ အရင်  အာဏာရှင် ဘောင်းဘီချွတ် အစိုးရထက် ဘာများတိုးတက်လာသလဲ ပြောပြစမ်းပါအုံး။
  အရင်လူတွေ ဘယ်လိုလုပ်ထားခဲ့တယ်ဆိုတာ မင်းသိလား ဆိုတဲ့ ခံစစ်နဲ့တော့ ရှက်တတ်ရင် ဝင်မလာပါနဲ့တော့ဗျာ။
  အရင်လူရဲ့ အပြစ်တွေ ပြောနေလို့ရော စီးပွားရေး က တိုးတက်လာမှာတဲ့လား။ အရင်လူတွေ လုပ်တာ အပြစ်ရှိလို့ ဆိုရင်လည်း သွားဖမ်းပေါ့ ။ ပြောမနေနဲ့ တော့လေ။ သူတို့ ခိုးဝှက်ထားတာပြန်သိမ်းပြီးတော့ရော ပြည်သူတွေကို ဝေပေးမှာမို့လို့လား။ ဖမ်းဆီးထောင်ချ သတ်ပစ်လိုက်တော့ရော သူတို့ ဖြုန်းတီးထားတဲ့ သယံဇာတက ပြန်ထလာမှာတဲ့လား။ လုပ်ပိုင်ခွင့် ပြန်ပေးတာဘဲ ကျေးဇူးတင်နေရမယ့် အရာပါဗျာ။
  ရတဲ့ လုပ်ပိုင်ခွင့်လေးကို တတ်ထားတဲ့ ပညာလေးနဲ့ လှလှပပ လုပ်ပြလိုက်ပြစမ်းပါ။ အရင်လူတွေ ကိုယ်တိုင်တောင် ငါတို့မှားတာပါလို့ ဝန်ခံသွားရမှာပါ။
  ခုတော့ ဘာမှဖြင့် မလုပ်ရသေဘူး အရင်လူတွေက ဘာလုပ်ထားခဲ့လို့ အကြောင်းပြနေရအောင် မလုပ်တတ်ရင်လည်း အရှက်မရှိ လခ ပေယူမနေနဲ့ ဆင်းလာခဲ့ကြပါတော့ဗျာ။ တတ်တဲ့လူ တက်လုပ်လိမ့်မယ်။ သောက်ရေးမပါတာတွေနဲ့ အချိန်ဖြုန်းနေကြတယ် လီးလိုဘဲ။
  စ လာတုန်းကရင်း ဟို ဥပဒေပြင်မယ် ဒီဥပဒေ ဖျက်မယ် နဲ့ စာအုပ်ထဲကဟာဘဲ ပြဿနာလုပ်ပြီး ဆွေးနွေးနေတယ်။ မီးလောင် ရေကြီး မိုးသီးကျတာတောင် အရေးမကြီးတဲ့ အနေအထား ဆိုတော့ ယူထားတဲ့ လခလေး အားမနာတတ်ကြဘူးလားဗျာ။
 လွတ်တော်ထဲမှာ လခ ဆယ်သိန်းကျော်ယူပြီး သွားငိုက်နေတာ ငိုက်မှာပေါ့ ဘာရည်ရွယ်ချက်မှမှ မရှိတာကြီး။ ဦးဆောင်တဲ့ လူတွေကိုက သောက်သုံးမှ မကျတာ။ စိတ်ဝင်စားစရာမှ မရှိဘဲ။ တစ်ခါလာလည်း တင်သွင်းလိုက်တဲ့အဆိုက ဟို ဥပဒေ ပြင်ဖို့ ဒီ ဥပဒေ ပြဌာန်းဖို့ တစ်ယောက်မှလည်း ၂၀၀၈ ခြေဥ ကို အလွတ်ရနေလောက်အောင် နားလည်တာလည်း မဟုတ်ဘူး။ တစ်ယောက်တင်ပြတာ တစ်ယောက် မကြိုက်ခါမှ စာအုပ်ထဲလှန်ရှာပြီး ဟိုဟာနဲ့ မညီကြောင်း ဒီဟာနဲ့ မညီကြောင်း လိုရာဆွဲ ငြင်းခုံနေကြတာပါ။ ဒီလို ပုံစံမျိုးကတော့ ခင်ဗျားတို့ လွတ်တော်ထဲမှာ ပြည်သူ့လစာယူပြီး ငိုက်လည်း ငိုက်နေရုံပါဘဲ မငိုက်လည်း ဖူးကားကြည့်နေရုံပေါ့။ ဘာများစိတ်ဝင်စားစရာ ဝေဖန်စရာ တင်ပြစရာ ရှိလို့လဲ။
  ပြီးတော့မှ အထက်က ညွန်ကြားချက်အတိုင်း ဘာညာ ဆိုတော့ ဘယ်မှာလဲ ခင်ဗျားတို့ ဒီမိုကရေစီ။
 ခင်ဗျားတို့ လွတ်တော်လိုင်းထိုင်ကြည့်ရတာလေ ရပ်ကွက်ဘောလုံးပွဲ ထိုင်ကြည့်ရသလိုမျိုး လက်ပစ်ဘော မမြှောက်တတ်လို့ ပြန် ပြန်မြှောက်ခိုင်းနေရတယ်ဗျာ။ ရပ်ကွက် အဆင့်ကကို မတက်ဘူး။
  ခန့်ထားတဲ့ တိုင်းဝန်ကြီးတွေကလည်း မဘသ မလိုတာနဲ့ ဇာတိမာန်က ခေါတ်နဲ့ မညီတော့တာ နဲ့ အရေမရ အဖတ်မရတွေ။ ပြည်သူတွေ လိုနေတာ အဲဒါတွေ မဟုတ်ဘူး။
  မဘသ တွေ ဇာတိမာန်တွေ မလိုတော့တာ သေချာလား ရအောင်ရှင်း ပြုတ်အောင်တိုက် မရှင်းနိုင် မပြုတ်နိုင်ရင် ဆင်းတော့ ရှင်းရှင်းလေးဘဲ။
  ခုတော့ မဘသ ကိုလည်း သူများ အထင်သေး ကိုယ့်ကိုလည်း လူမုန်းများ ဘာအကျိုးရှိလဲ ပြောပြစမ်းပါ။ သောက်ရေး မပါတာတွေ လျှောက်လုပ်။
   တရားမဝင်တွေဖျက်သိမ်းမယ် သိမ်းပေါ့။ လုပ် ပြောပြီးရင်လုပ်လိုက်တော့ နှစ်ခါမပြောနဲ့ ဆက်လုပ် မရရင် ဆင်းတော့ ရှင်းရှင်းလေးဘဲ။ မလုပ်ခင်ကတော့ စကားကြီး စကားကျယ် လုပ်လို့ ရပုံမတူတော့ မသိချင်ယောင်ဆောင် သောက်ရေးကို မပါတာ ။
  အကျိုးဆက်က ဘာလဲ သိလား  ပင်နီ ဆို ချီးထက်ရွံတဲ့ လူတွေ ရှိလာသလို အဖြူဆို ချီးထက်ရွံတဲ့ ပင်နီတွေလည်း ရှိလာတာဘဲမလား။
  ဗမာ ဗမာချင်းတောင် ဒီလိုဖြစ်နေမှတော့ ပင်လုံက ပုံပြင် တစ်ပုဒ်လောက် နားထောင်ကောင်းပါ့မလား ဆိုတာလေးပါ။
  ခုလည်း လာပြန်ပြီ နိုင်ငံနာမည် ပြောင်းမယ် တဲ့
USA လို့ပြောင်းလိုက်လို့ အမေရိကန်လို G.20 ထဲရောက်သွားမှာမို့လို့လား ။ ဘရာဇီးလ် လို့ ပြောင်းလိုက်လို့  ကမ္ဘာဖလား ရပြီးသားဖြစ်ရောတဲ့လား။ သောက်ရေးကိုမပါတာ။
  လစာ ယူပြီး လုပ်ရမယ့် အလုပ် မလုပ်သေးသမျှ  မလုပ်ရမယ့် အလုပ် လုပ်နေသေးသမျှ လီး မှ မတိုးတက်ဘူး။
ကန်တော့ပါရဲ့ အဲလိုဘဲ ပွင့်ပွင့်လင်းလင်း ဒဲ့ ပြောလိုက်ချင်တော့တယ်ဗျာ။
                            ဖိုးထောင်
Wednesday, August 17, 2016
မေတ္တာမစူးပါစေနဲ့
မေတ္တာပွားပါ မေတ္တာရိပ်မှာ ခိုလှုံပါ မေတ္တာမစူးပါစေနဲ့(တရား)
=============================
  ယနေ့ မေတ္တာအခါတော်နေ့မှာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ လို့ ဦးစွာပထမ မေတ္တာ ပို့သအပ်ပါတယ်ဗျာ။ ဥပုသ်နေ့ ဆိုတော့ ငါး မိနစ်လောက် သီးခံဖတ်ပါ မှတ်ပါ မျှဝေပါ ဝေဖန်ပါ လို့ ကြိုတင်သတိပေးပါရစေ။
  မြတ်စွာဘုရားက
"သမုတိသစ္စာလည်း မပယ် နဲ့
ပရမတ္ထ သစ္စာလည်း မကွယ်စေ နဲ့" လို့ မိန့်တော်မူခဲ့ပါတယ်။
 သမုတိသစ္စာကိုပယ်ရင် အပါယ်လေးဘုံသွားရလိမ့်မယ် ၊
 ပရမတ္ထသစ္စာ ကွယ်ရင် နိဗ္ဗာန် နဲ့ ဝေးလိမ့်မယ် လို့ အကြောင်းအကျိုးဆက်စပ်ပြီး ဟောထားတာရှိပါတယ်။
 သမုတိသစ္စာဆိုတာ အမည် နာမ ပညတ် အနေနဲ့ မဲ့ခေါ်ထားတဲ့ လောက အမှန်တရားတွေကို ဆိုလိုပါတယ်။
  ဘယ်လိုနေရာတွေမှာလဲ
၁။ စား ဝတ် နေရေး ကိစ္စ တွေမှာ ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ အရှက် အကြောက် ကို မပယ်ပါနဲ့။
၂။ အမြဲတမ်း ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ် မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ် လို့သိတဲ့ အသိတရားကို လည်း မပယ်ပါနဲ့။
၃။ ကောင်းမှုပြုတဲ့ နေရာမှာ ကိုယ်တိုင် စေတနာ သုံးတန် ပြည့်ဝစွာနဲ့ ပြုဖို့လည်း မပယ်ပါနဲ့။
၎။ အဖေ အမေ ရဟန္တာ တို့ကိုသတ်တဲ့ အလုပ်  ဘုရားစေတီ ဖျက်တဲ့ အလုပ် နဲ့ သံဃာသင်းကွဲအောင် လုပ်တဲ့ အလုပ် (ကံကြီးငါးပါး)ဟာ သေရင် ငရဲ ဧကန်ကျမဲ့ အလုပ် ဆိုတာကိုလည်း မပယ်ပါနဲ့။
၅။ သတ္တဝါတွေ အပေါ် မေတ္တာထားရမယ် ဆိုတာကိုလည်း မပယ်ပါနဲ့ ။
 မေတ္တာဆိုတာ ချစ်ခင်ခြင်းပါ ။ ကိုယ့် အတွက် မျှော်လင့်ချက် တစ်စုံတရာမပါဘဲ တစ်ဖက်သားကို ကိုယ်စိတ်ချမ်းသာစေချင်တာမျိုးပါ။ နတ်တွေကို မေတ္တာပို့ရင် ပြန်စောင့်လိမ့်မယ် မမျှော်ပါနဲ့ ။ မေတ္တာမှန်ရင် ရောင်ပြန်ဟတ်လာပါလိမ့်မယ်။
 ကိုယ့်ကိုရန်ပြုတဲ့ သူကိုတောင် မေတ္တာမပျက်ဘူးဆိုရင် အဲဒီမေတ္တာဟာ တကယ်ထိရောက်တဲ့ မေတ္တာတရားပါဘဲ။ သမ္မာဝတီ မိဖုရား တို့လို မာဃလုလင် တို့လို ဖြစ်ရပ်တွေ ကြည့်ပါ။ သီလ သမာဓိ ပညာဂုဏ်တွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ တွေ ပုဂ္ဂိုလ်တွေ ကျေးဇူးရှင်တွေ ကိုလည်း မစော်ကား မပြစ်မှားမိဖို့ အရေးကြီးပါတယ်။ ကိုယ်က လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားမိတယ် ။ အဲဒီလူက ကိုယ့် ဂုဏ်သိက္ခာကို တုန့်ပြန်စော်ကားတယ် ဆိုရင် သရေ လို့ပြောလို့ရတယ်။ ဟိုလူက ကိုယ့်ကို မေတ္တာမပျက်ဘူး ဆိုရင်တော့ ကိုယ်ရှုံးသွားပြီ မှတ်ပေတော့။
  ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားခံရရင်ရော ဘာနဲ့ တုန့်ပြန်မှာလဲ။ "ပုရွက်ဆိပ်တောင် သူ့ကိုသွားလုပ်ရင် ပြန်ကိုက်သေးတာကွာ သူ့ကိုလည်းပြန်ဆော်ရမှာပေါ့" ပုရွက်ဆိပ် က တိရိစ္ဆာန် ကိုယ်က အသိဉာဏ်နဲ့ လူ တူမှ မတူတာ။ နှစ်ဘက်စလုံး ဉာဏ်ရှုံးနေပြီ သရေ ပေါ့။ ဆိုလိုတာက ကိုယ်က အနိုင်ရအောင် မေတ္တာမပျက်ပါနဲ့ ။ ခွေးထီးကြီးကို ခွေးပေါက်ကလေးက စိန်ခေါ်ချင်သလောက်ခေါ် နာကျင်အောင် လာမလုပ်သေးသမျှ ခွေးထီးကြီးဟာ ဘယ်တော့မှ မကိုက်ဘူး။ ဘာလို့လဲ ပြိုင်ဘက် မဟုတ်လို့ဘဲ။
 " ငါသူ့ကို မေတ္တာမပျက်ရင် ငါ့မေတ္တာစူးပြီး ဒီလူ ကောင်းကောင်း ဒုက္ခရောက်စေရမယ်" ဆိုတဲ့ မေတ္တာထားနည်းဟာလည်း မမှန်ကန်ပါဘူး။
 မေတ္တာကို အတော်လေ့ကျင့်ပွားများနိုင်မှ သဘောသဘာဝ ပိုနားလည်လာမှာပါ။ အချိန်ကျမှ အရှေ့အရပ်၌ရှိသော အော်နေတာလည်း ဝစီကံကုသိုလ်ထက် ပိုရင် နည်းနည်းပေါ့။ အကောင်းဆုံးကတော့ အချိန်တိုင်း သတ္တဝါတွေကို ကိုယ်ချင်းစာတရား ထားပြီး ကြည့်ဖို့လိုပါလိမ့်မယ်။
  သတိထားရမှာက သီလစတဲ့ ဂုဏ် ကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ မေတ္တာရိပ်အောက်မှာ အေးချမ်းစွာ ခိုလှုံ ကြဖို့ လိုပါတယ်။ စော်ကားမိရင်တော့ မေတ္တာစူးတာခံရပါလိမ့်မယ် ။ စူးရင်တော့ သောတာပန်တောင် ပြန်မတောင်းပန်သမျှ နောက်တစ်ဆင့် တက်ခွင့် ဘယ်လောက်ကြိုးစားကြိုးစား ဒီဘဝမှာ မဖြစ်နိုင်တော့ပါဘူး။ ဘာမှမဖြစ်သေးတဲ့ ပုထုဇဉ်ကတော့ အောက်ဆင်းဖို့ သေချာနေပါပြီ။
 သိစေချင်တာက မေတ္တာပွားပါ မေတ္တာကြီးမားတဲ့ ဂုဏ်အရိပ်မှာ ခိုလှုံပါ မေတ္တာ မစူးအောင် လေ့လာ မှတ်သား နာကြား သင်ယူ သတိထားကြပါလို့ မေတ္တာ အခါတော်နေ့ လက်ဆောင် ပေးလိုက်ချင်ပါတယ်။
၆။ အလှူခံ ပုဂ္ဂိုလ်ရဲ့တန်ဖိုးကို နားလည်ပြီး လှူဒါန်းပူဇော်ပါ ဆိုတာကိုလည်း မပယ်ပါနဲ့။
၇။ရှေးကပြုခဲ့ဖူးတဲ့ ကောင်းမှုကြောင့် ဒီနေ့ ဒီလိုအခြေအနေမှာ ဒီလို အသိတရား ရလိုက်တယ် ဆိုတာကိုလည်း မပယ်ပါနဲ့။
၈။လောက ဝေါဟာရ ပညတ် လို့ခေါ်တဲ့ ရတနာ သုံးပါး မိဘ ဆရာသမား စတဲ့ အခေါ်အဝေါ်သာဖြစ်တာ တကယ် ဂုဏ်ကျေးဇူးမရှိပါဘူးလို့ မပယ်ပါနဲ့ ဆိုပြီးတော့ သမုတိသစ္စာနယ်မှာ ရှစ်မျိုးရှိပါတယ်။ တစ်မျိုးမှ မပယ်ကောင်းပါဘူး ပယ်ရင် အောက်ဆင်းရပါလိမ့်မယ်။
  ပရမတ္ထ သစ္စာနယ်မှာတော့ မကွယ်ကောင်းတဲ့ အရာ သုံးမျိုးရှိပါတယ်။ အဲဒါက အနိစ္စ  ဒုက္ခ  အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါး ပါဘဲ။ ဒီသုံးမျိုးကွယ်ရင် နိဗ္ဗာန် နဲ့ ဝေးမှာပါဘဲ။
  ကဲဗျာ စာလည်းရှည်နေပြီ လက်တွေ့ရှုကြရအောင်
ကျုပ်တို့ရဲ့ အရှိတရား ခန္ဓာ ငါးပါးဟာ မမြဲတဲ့ အနိစ္စ ပါ ၊ ဆင်းရဲတဲ့ ဒုက္ခပါ ၊ အစိုးမရတဲ့ အနတ္တပါ၊
 အခုလက်ရှိ ဒီစာကိုဖတ်နေတယ် ။ ဒီစာရယ် ဒီဟန်းဆက်ရဲ့ ဆခရင် အလင်းရောင်ရယ် Fri ရဲ့ မျက်လုံးရယ်ဟာ ရုပ်တရားခန္ဓာပါ။ စာလည်းဖတ်လာတာ တစ်လုံးပြီးတစ်လုံး ပြီးခဲ့ပြီ မြဲသလား။ ဆခရင်ဟာ ဘက်ထရီကလာတဲ့အားနဲ့ တစ်ချက်ချင်းစီ လင်းနေတာပါ တစ်ဘရိတ်ထဲ အသေလင်းနေတာမဟုတ်ပါဘူး ကြိမ်နှုံးမြန်လို့ လင်းနေတယ်ထင်တာပါ ဥပမာ ဒုတ်မီးရှို့ပြီးဝှေ့ကြည့်လိုက်ပါ မီးဝိုင်းမြင်ရပါလိမ့်မယ်။တကယ် မီးဝိုင်းဟုတ်လို့လား။ ဘက်ထရီနံပါတ်တွေ ကျသွားလိမ့်မယ် မြဲသလား။ Fri မျက်လုံးနဲ့ မြင်နေရတာရော မြဲသလား ။ အတော်ကောင်းတဲ့စာဘဲ (သို့) ဘာတွေ လျှောက်ရေးထားမှန်းမသိဘူး ဆိုတဲ့ ခံစားမှု ဝေဒနာ မှတ်သားမှု သညာ ပြုပြင်မှု သင်္ခာရ သိမှု ဝိညာဏ် တွေဟာရော ဖြစ်ပြီးပျက်သွားခဲ့ကြတယ်။ မမြဲတဲ့ အနိစ္စကိုး။ အဲဒီ ဖြစ်ပျက်နေတာကိုက ဒုက္ခ ဆင်းရဲခြင်း ကိုး။ ကိုယ့်သဘောမပါ ဓမ္မသဘောသက်သက် ဆိုတော့ အစိုးမရတဲ့ အနတ္တ ပေါ့။
  ဒါဖြင့် လက်ရှိ ကိုယ့်ခန္ဓာရဲ့ ဆင်းရဲခြင်း အမှန်တရား ဒုက္ခသစ္စာကို မမြဲပါလား ဆင်းရဲပါလား ငါ့ကိုယ်ငါ့ဟာ မဟုတ်ပါလား လို့ မြင်အောင်ရှုလိုက်ပါ။ မြင်ရင် မဂ္ဂသစ္စာပါဘဲ။ မြင်တာနဲ့ လိုချင်စရာ စွဲလန်းစရာမရှိတော့ပါလား ဆိုတဲ့ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတွေ သေသွားပါလိမ့်မယ်။ ဒုက္ခဖြစ်ကြောင်း သေရင် ဒုက္ခလည်း အလိုလို သေသွားမှာပါ။ အဲဒါ နိရောဓ သစ္စာ ပေါ့။
 ဒီ သစ္စာလေးချက်ဟာ တပြိုင်နက် ဖြစ်တယ်ဆိုတာပါဘဲဗျာ။
          မေတ္တာဖြင့် သင် မြင် ကြားဆရာအားလုံး၏ ဂုဏ်တော်ကို ပူဇော်လျက်...
                       အရှင်စန္ဒိမာ နောင်ချို
   ၁၃၇၈- ခုနှစ် ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
Copy From Ashin Sandimar Facebook
Wednesday, August 10, 2016
ကြက်​က​လေး​တွေရဲ့ ကိုယ်​စား
 ကြက်​က​လေး​တွေရဲ့ ကိုယ်​စား (တရား​တော်​)
=======================
(ဒီ ဥပုသ်​​နေ့လည်း ထပ်​ပြီးမျှ​ဝေပါရ​စေ fri တို့​ရေ )
  ကျုပ်​တို့ ဘဝ က​တော့ မြင်​တဲ့အတိုင်းပါဘဲ။ အသက်​ရှင်​ရပ်​တည်​ဖို့ 90% က​တော့ မရှိ​တော့ဘူး​ပေါ့ဗျာ။
  မဘသ အဖွဲ့​တွေ ​ဝေဠု​ကျော်​ ​ဖောင်​​ဒေးရှင်း​တွေ မြန်​မာ့ တပ်​မ​တော်​သား​တွေ ကူညီကယ်​ဆယ်​​ရေး လာ​နေကြ​ပေမယ့်​ ကျုပ်​တို့အတွက်​ အရာမဝင်​ပါဘူး။
  ရှိပါ​စေ​တော့ ကိုယ့်​အကျိုး​ပေးနဲ့ ကိုယ်​ပါ။
ဒီပုံ​လေးကြည့်​ပြီး ခင်​ဗျားတို့စိတ်​ထဲမှာ ဖြစ်​မှ ဖြစ်​ရ​လေ လို့ သနား​နေမှာလား။ ဘဝဆက်​တိုင်း ဒီလိုအဖြစ်​မျိုးနဲ့ မကြုံပါရ​စေနဲ့ လို့များ ဆု​တောင်း​နေမှာလား။ ဒါမှ မဟုတ်​ မစား​လောက်​​သေးလို့များ ​​သေ အေးတာပါဘဲ လို့ ဆုံးဖြတ်​မှာလား။ တစ်​နှစ်​​လောက်​​မွေးထားလိုက်​ရင်​ နှစ်​ခွက်​စာ​လောက်​​တော့ရ​လောက်​​နေတာ လို့များနှ​မြှော​နေမှာလား တစ်​ခုခု​တော့ ဖြစ်​​နေကြမှာပါ။
   ခင်​ဗျားတို့မှာလည်း ​နောက်​​ကြောင်းရှိသလို ကျုပ်​တို့မှာလည်း ​ကောက်​​ကြောင်း​လေး​တော့ ချပြရ​သေးတာ​ပေါ့ဗျာ။
  ကျုပ်​တို့လည်း တစ်​ချိန်​က ခင်​ဗျားတို့လို အသိဉာဏ်​နဲ့ လူသားဘဝကို အကြိမ်​ကြိမ်​ ဖြတ်​သန်းခဲ့ဖူးတာ​ပေါ့ဗျာ။ ခင်​ဗျားတို့လိုဘဲ ရှာရင်း​ဖွေရင်းစားရင်း​သောက်​ရင်း နဲ့အချိန်​ကုန်​ခဲ့တာ​ပေါ့။ ကားအ​ကောင်းစား​တွေစီးပြီး KTV ​တွေ မာဆတ်​​တွေ ​ဆောင်​ကြာမြိုင်​​တွေမှာ ​ခြေရာထပ်​ခဲ့ဖူးတာ​ပေါ့။ အရက်​​သောက်​ ဖဲရိုက်​ ကြက်​တိုက်​ ကြာခို ဆိုတာ ပျင်း​တောင်​ပျင်း​သေး။ သူများ​တွေ ခုလို ​ရေကြီး မီး​လောင်​ဒုက္ခ​ရောက်​​တော့ ကျုပ်​တို့ စီးပွား​ရေးခွင်​ ဖန်​လို့ သိတ်​​ကောင်းခဲ့တာ​ပေါ့။
အိမ်​​ရှေ့ အလှူခံလာရင်​ သိတ်​မုန်းတာသိလား။
  ကိုယ့်​ဟာကိုယ်​လည်း မပိုင်​ပါဘဲ ငါ ငါ့ဥစ္စာ ငါ့ဟာ ထင်​ခဲ့တယ်​( သက္ကာယဒိဋ္ဌိ)။
တစ်​​နေ့ထက်​တစ်​​နေ့ အိုလာတာ​တောင်​ စိတ်​ပျိုကိုယ်​နု နွားပျိုသန်​လှ နွားအို ​ပေါင်​ကျိုးသ​လောက်​ရှိတယ်​ ဆိုတာမျိုး မမြဲတာကို မြဲတယ်​ထင်​ခဲ့တယ်​ (သဿတဒိဋ္ဌိ)။
တစ်​ခါတ​လေ ​သေတတ်​ပါလား ​တွေးမိရင်​​တောင်​ ​သေပြီးရင်​ ​အေးသွားတာပါဘဲ ကိစ္စပြတ်​သွားတာ​ပေါ့ လို့ ထင်​ခဲ့တယ်​။( ဥ​စ္ဆေဒဒိဋ္ဌိ)
  ဒီလို မှတ်​ယူခဲ့တဲ့​နောက်​မှ​တော့ ​ကောင်းမှု မ​ကောင်းမှုဟာ အရာမဝင်​​တော့ပါဘူး ဆိုပြီး အ​ကြောင်းကို ပယ်​ခဲ့တယ်​။ ​ကောင်းမှု မ​ကောင်းမှု ရဲ့ အကျိုးတရားလည်း မယုံကြည်​ခဲ့ဘူး။
 ဒီ​တော့ ရရှိလာတဲ့ ဘဝခဏ​လေးမှာ လိုချင်​တာအကုန်​ယူ လုပ်​ချင်​တာအကုန်​လုပ်​ ​သေသွားရင်​ဘာမှလုပ်​ရ​တော့မှာ မဟုတ်​ဘူးလို့ စွဲထင်​ခဲ့တယ်​။ ခင်​ဗျားတို့​ရော ​မ​သေခင်​ ဘာလုပ်​ထားမှာလဲ။
ဘယ်​သူမှဖန်​ဆင်းတာမဟုတ်​ဘူး ကိုယ့်​ရဲ့ ​ကောင်းမှု မ​ကောင်းမှုသာလျင်​ ကိုယ့်​ကိုဖန်​ဆင်းတာပါလားဆိုတာ သိလိုက်​ရတယ်​ ။
  လူ့ဘဝမှာ နတ်​ဘဝမှာသာရ​ကောင်းတဲ့ ပိုင်းခြားတတ်​တဲ့ အသိဉာဏ်​ကို တန်​ဖိုးရှိ​အောင်​ အသုံးမချခဲ့မိလိုက်​ဘူး။ အနည်းဆုံး ​ကောင်းတာလုပ်​ရင်​ ​ကောင်းတာဖြစ်​တယ်​ မ​ကောင်းတာလုပ်​ရင်​ မ​ကောင်းတာဖြစ်​တယ်​ ဆိုတဲ့ (ကမ္မဿကတာဉာဏ်​)အသိဉာဏ်​​လောက်​က​လေးနဲ့ မ​ကောင်းမှု​ရှောင်​ ​ကောင်းမှု​ဆောင်​ခဲ့ရင်​​တောင်​ ဒီ​လောက်​ အ​ခြေအ​နေမဆိုး​လောက်​ဘူး။
  ခု​တော့ ​နောက်​ကျခဲ့ပါပြီ၊ ဥခွံထဲ​ရောက်​လို့ ​ရောက်​မှန်း​တောင်​ မသိ​တော့တဲ့ ဘဝကို ​ရောက်​​နေခဲ့ပြီ​လေ။
ဥခွံထဲက​နေ ထွက်​လာပြန်​​တော့လည်း အခု ခင်​ဗျားတို့မြင်​တဲ့အတိုင်းပါဘဲ။ မဂ်​ဖိုလ်​ နိဗ္ဗာန်​ ဆိုတာကို ဒီဘဝ အ​နေနဲ့ လုံးဝ မဖြစ်​နိုင်​​တော့ပါဘူး။ လက်​ရှိဘဝ ကံ​ကောင်းစွာနဲ့ သက်​တမ်းပြည့်​ ​နေရတယ်​ ဆိုရင်​​တောင်​မှ ဆာရင်​စားမယ်​ အိပ်​ချင်​အိပ်​မယ်​ ကြက်​မနဲ့​တွေ့ရင်​ ပိုးမယ်​ အလိုမကျရင်​ ခင်​ဗျားတို့ တိုင်းရင်းသားနဲ့စစ်​တပ်​လို အချင်းချင်းခွပ်​မယ်​ ဆိုတာမျိုး​လောက်​ကလွဲပြီး ကျုပ်​တို့ ဘာသိတာမှတ်​လို့ ဗျာ။
  ဒါဆိုရင်​ ​ရှေ့လာမယ့်​ အ​ကြောင်းအရာ​တွေကား အဆုံးသတ်​ဖို့ လမ်းမမြင်​ရ​တော့ပါဘူး။ ဒီအပါယ်​​လေးဘုံ ထဲမှာ ဘယ်​​လောက်​ထိ လည်​ရအုံးမယ်​ဆိုတာ ခင်​ဗျားတို့ သင်္ချာပါရဂူ ထိုင်​ငိုရမယ့်​ တွက်​ကိန်းပါဘဲ။
  ကျုပ်​တို့ ပုံ​လေးကြည့်​ရင်း ခင်​ဗျားတို့​ရော ဘာလုပ်​ကြမှာလဲ။ ခင်​ဗျားတို့ ပိုင်​ဆိုင်​သမျှ ဖြုန်းတီးချင်​ ဖြုန်းတီးလိုက်​ပါ။ သို့​သော်​ ​ကောင်းမှု မ​ကောင်းမှု ခွဲခြားနိုင်​တဲ့ အသိဉာဏ်​ကို​တော့ မဖြုန်းလိုက်​ပါနဲ့ လို့ အထူးမှာချင်​တယ်​ဗျာ ။
  ဒီဉာဏ်​နဲ့ ခင်​ဗျားတို့ ​လော​လောဆယ်​ လူ့ချမ်းသာ နတ်​ချမ်းသာပြန်​ရအုံး အရင်းရရုံ​လေးရှိ​သေးတာပါ။ အဝိဇ္ဇာ တဏှာရဲ့ တစ်​ချက်​​ဝှေ့စရာမရှိပါဘူး။
 ဥပမာ ​ဂျော်​ကာ ​လေး​ကောင်​ လက်​ထဲကိုင်​ပြီး မ​ဒေါင်းလိုက်​ရတဲ့ ဖဲသမားလို ​​နောက်​မှ ​တောက်​တစ်​​ခေါက်​​ခေါက်​လုပ်​​နေလို့ အကျိုးမရှိ​တော့ပါဘူး။ ကျုပ်​တို့ရဲ့ အဖြစ်​ နဲ့ ထပ်​တူသွားလိမ့်​မယ်​။
 ရခဲတဲ့ လူ့ဘဝ ကြုံခဲတဲ့ သာသနာ ​ဖူးရခဲတဲ့ မြတ်​ဘုရား နာရခဲတဲ့ သူ​တော်​​ကောင်းတရား​တွေ နာကြားရင်း ဖြစ်​ပျက်​​နေတဲ့ တကယ့်​အရှိတရား ခန္ဓာငါးပါး ရုပ်​နာမ်​တရား ကို ဝိပဿနာဉာဏ်​နဲ့ သိ​အောင်​ကျင့်​ လိုက်​ကြစမ်းပါဗျာ။ ငရဲမီးလျံ ​ခွေးနက်​ကြီး အမိဝမ်း​ရေ ဥခွံ ​တွေက​နေ ထွက်​​မြောက်​ကာ ထာဝရ ငြိမ်း​အေး​အောင်​ ကြိုးစားကြစမ်းပါလို့ မှာလိုက်​ချင်​ပါတယ်​။
  ကဲ Fri တို့​ရေ ဒီကြက်​က​လေး​တွေရဲ့ ပုံကြည့်​ပြီး ဒီကိုယ်​​တော်​ ဒီလိုကိုယ်​စားပြု​ရေးထားပါလား လို့ သိတဲ့ ဉာဏ်​ Fri တို့မှာ ရှိတယ်​ဆိုတာ ​သေချာပါတယ်​။
  အဲဒီအသိက​လေးကို ဘုရား​ပေးတဲ့ ဝိပဿနာဉာဏ်​ နဲ့ ကိုယ့်​ရဲ့ အရှိတရား ခန္ဓာ​ပေါ်မှာ ရှုကြည့်​လိုက်​စမ်းပါဗျာ။
  ခန္ဓာငါးပါးဟာ မြဲတဲ့အရာမဟုတ်​ပါဘူး ဖြစ်​ပျက်​​နေတာပါ။ အဲဒီ ဖြစ်​ပျက်​က ဒုက္ခသစ္စာ ၊
ဖြစ်​ပျက်​မှန်း သိတဲ့ဉာဏ်​က မဂ္ဂသစ္စာ ၊
လိုချင်​မှု စွဲလန်းမှု​တွေ ​သေသွားတာက သမုဒယသစ္စာ ၊​နောင်​ခန္ဓာ မလာတာ အပါယ်​တံခါးပိတ်​တာ က နိ​ရောဓသစ္စာ
 ဤသို့ သစ္စာ​လေးချက်​ တပြိုင်​နက်​ကိုက်​ပြီး
ဘဝ​ရေကြီးဒုက္ခမှ လွန်​​မြောက်​နိုင်​ကြပါ​စေ။
            ကြက်​က​လေးတို့ရဲ့ ကိုယ်​စား....
                         အရှင်​စန္ဒိမာ  ​နောင်​ချို
               ၁၃၇၈ ခုနှစ်​ ဝါ​ခေါင်​လဆန်း (၈)ရက်
Sunday, August 7, 2016
အချို့မှုန့်​ အန္တရာယ်
အရမ်းအန္တရာယ် များနေပြီ ဖြစ်တဲ့အချိုမှုန့်ရဲ့ဆိုးကျိုးတွေ
By Lwin Pyin - June 17, 20146669 0
အချိုမှုန့် ဆိုတာ ဘာလဲ ........
ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ် ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။
အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်း များကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင် စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရော ဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့ မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
Mg Mandalay | Myanma Spectrum
Friday, August 5, 2016
ဆင်းရဲသိမှ ချမ်းသာရ တရား​တော်
ဆင်းရဲသိမှ ချမ်းသာရ တရားတော်
======================
  ကိုင်း ဒီနေ့ ဝါဆိုလကွယ် ဥပုသ်နေ့ ဆိုတော့ အားအား မအားအား သီးခံပြီး ဖတ်သွား မှတ်သွားကြပါအုံးဗျာ။
  ဘုန်းကံကလည်း နည်းတော့ ပင့်မယ့်ဒကာလည်းမရှိဆိုသောအခါ လိုင်းပေါ်တရားတက်ဟောလိုက်အုံးမယ်ကွယ်။
  မနေ့က အာရုံဆွမ်းခံထွက်ရင်း လူတစ်ယောက်က ခွေးတစ်ကောင်ကို ခဲနဲ့ပေါက်တာ တွေ့လိုက်တယ်။
  ခွေးခမျာ နာလည်းနာ အော်လည်းအော်ရင်း လာမှန်တဲ့ ကျောက်ခဲကို ပြေးကိုက်တယ်။ နောက်တစ်လုံး ထပ်လာမှန်တယ် ပြေးကိုက်ပြန်တယ်။ အဆုံး မသတ်တော့။
 ခွေးကိုကြည့်ပြီး သံဝေဂ ရမိတယ်။ ခွေးဟာ လာမှန်တဲ့ ကျောက်ခဲကိုဘဲ ရန်ရှာနေပါရောလား။ ကျောက်ခဲ လာခဲ့ခြင်းရဲ့ အကြောင်းတရား ကို ရှာနိုင်တဲ့ အသိ သူ့မှာမရှိ။ ပြေးကိုက်ရမည့်အရာကို မရှာတတ်ဖြစ်နေခဲ့တယ်။
  ကောင်းပြီ ကျုပ်တို့တစ်တွေ အားလုံးရော နိုင်ငံရေး စီးပွားရေး ဘာသာရေး စတာတွေမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်မက ကြုံခဲ့ကြဖူးပါတယ်။
 ပြဿနာ လုပ်တဲ့သူကိုသာရန်ရှာပြီး ပြဿနာဖန်တီးသူကိုတော့ မေ့နေခဲ့ကြတယ်မလား။
 ထားပါတော့ ဒါမျိုးတွေရေးနေလို့ အဆုံးမရှိဖြစ်နေတော့မယ်။ သတိထားမိရုံပြောပြတာပါဗျာ။
  ဗုဒ္ဓဘာသာတွေ အကြောက်ဆုံးက ဘာလဲ ဆိုရင် ငရဲ စတဲ့ အပါယ်ဘုံ ရောက်မှာ အကြောက်ဆုံးပေါ့။
ဒီလိုဘဲ အလိုချင်ဆုံးက ဘာလဲ မေးရင်တော့လည်း နတ်ရွာ နိဗ္ဗာန် လို့ဖြေကြမှာပါ။
 သာမန်ပါးစပ်ကလေးနဲ့ ကြောက်နေရုံ လိုချင်နေရုံ နဲ့တော့ ကြောက်တဲ့ဟာနဲ့ တည့်တည့်တိုးပြီး လိုချင်တဲ့ ဟာနဲ့ လုံးလုံးလွဲမှာပါ။
  ငရဲကို ဘာလို့ကြောက်တာလဲ ဒယ်အိုးထဲ အရှင်လတ်လတ် ထည့်ကြော်မှာစိုးလို့ပေါ့။ ဘာလို့ထည့်ကြော်တာလဲ ဘယ်သူတွေကိုထည့်ကြော်တာလဲ
 သူများအသက်သတ်တဲ့သူ ခိုးတဲ့သူ စတဲ့ မကောင်းမှု ပြုတဲ့သူတွေကို ထည့်ကြော်တာပါ။
 ဒီစာဖတ်နေတဲ့ Fri  သတ်ဖူးလား ခိုးဖူးလား စော်ကားဖူးလား လိမ်ညာဖူးလား ပြစ်မှားဖူးလား ?။
 ထပ် မညာပါနဲ့တော့ ရဲရဲကြီးခေါင်းငြိမ့်လိုက်စမ်းပါ။
ဒါဆိုရင် သေချာနေပါပြီ အကြော်ခံရတော့မှာပါ။
မထူးပါဘူးကွာ ဆိုပြီးတော့လည်း မရူးချင်ပါနဲ့ ကျုပ်တို့ လက်ရှိဖြစ်နေတာတွေဟာ အကျိုးတရားတွေပါ။
အကြောင်းရှိလို့ ဖြစ်လာခဲ့တာပါ။ လောကမှာ အကြောင်းမဲ့ အကျိုးဆိုတာ မရှိပါဘူး။ အကြောင်းရှာရပါလိမ့်မယ်။
  တကယ်တော့ ကျုပ်တို့ အမှန်တရားကို မမြင်ခဲ့ကြတဲ့အပြင် အမှားတရားကို အမှန်ထင်ခဲ့ကြတယ်။
 အမှားကို အမှန်ထင်ပြီး ပြုလုပ်လာခဲ့ရာကနေ အကြိမ်ကြိမ်လည်း အကြော်ခံခဲ့ကြဖူးတယ်။အကြိမ်ကြိမ်လည်း သေခဲ့ကြတယ်။
  မပူပါနဲ့တော့ ကျုပ်တို့ ပြောင်းလဲချိန်တန်ပါပြီ။
မြတ်စွာဘုရားက ကျုပ်တို့ရဲ့ အမှန်တရားတွေ အရှိတရားတွေကို ဟောထားခဲ့ပြီးပြီ။
  ဒီကနေ့ ကျုပ်တို့ရဲ့ အသိတွေထဲမှာ နင်ဘဲ ငါဘဲ ယောက်ျားဘဲ မိန်းမဘဲ ဆိုတာ အရှိတရား မဟုတ်ဘူးတဲ့။ တကယ့် အရှိတရားက ပူလိုက် အေးလိုက် ထုံလိုက် ကျင်လိုက် ဖောက်ပြန်နေတဲ့ ရုပ်တရား၊ ပူပါလား အေးပါလား လို့ ခံစားတဲ့တရား၊ ပူပါလား အေးပါလားလို့ မှတ်သားတဲ့တရား၊ ပူလိုက် အေးလိုက်ဖြစ်နေအောင် ပြုပြင်နေတဲ့ တရား၊ ပူပါလား အေးပါလားလို့ သိတဲ့ တရား တွေဘဲ ထင်ရှားရှိတာပါတဲ့။ ခြုံလိုက်တော့ ခန္ဓာငါးပါး ရုပ်နာမ်တရားဘဲရှိတာပါတဲ့။
  ဒီသဘောကို ဉာဏ်နဲ့မြင်အောင်ကြည့်ခိုင်းတယ်။
မမြင်ရင် မိဘတွေကြောင့်လိုလို ဖန်ဆင်းရှင်ကြောင့်လိုလို သံသယဖြစ်မယ် သူဘဲ ငါဘဲထင်လာမယ် တည်မြဲတယ်လို့ထင်မယ် သေမှအေးမယ်လို့ထင်မယ်။ ထင်လာတဲ့အတိုင်း လိုတစ်မျိုး မလိုတစ်မျိုးနဲ့ ဖြစ်မယ် စွဲလမ်းမယ် အဲဒီအတိုင်း လုပ်ချင်တာလုပ်မယ် ဆိုတော့ အဆုံးမသတ်ဘဲ တစ်နေ့နေ့ အကြော်ခံရမှာ သေချာတယ် တဲ့။
  ဒါကြောင့် အရှိတရား ခန္ဓာ ငါးပါး ရုပ်နာမ် တရားကို ဉာဏ်နဲ့မြင်အောင်ကြည့်ဖို့ဟောတော်မူခဲ့တယ်။
လောလောဆယ် သင် ဒီစာ ဟန်းဆက်ကို သင့်မျက်စိ နဲ့ကြည့်နေတယ် မြင်နေတယ် မြင်နေတာက ရုပ်တရား မြင်မှန်းသိနေတာက နာမ်တရား ဒါ တကယ့်အရှိတရားဘဲ။ ဒီ ရုပ်နာမ်တရားဟာ ဖြစ်ပျက် တရားပါ။ သူ ငါ ယောက်ျား မိန်းမ မရှိဘူး လိုချင်ခင်မင် စရာလည်းမလိုဘူး။ လိုချင်မှုမရှိရင် စွဲလမ်းစရာလည်းမလိုဘူး။ မစွဲလမ်းရင် ဘာမကောင်းမှုမှ ပြုတော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် နောင်ခန္ဓာမလာတော့ဘဲ အိုနာသေခြင်း အကြော်ခံရခြင်း စတာတွေ ငြိမ်းအေးပြီပေါ့ဗျာ။ ဒီသဘောတရားတွေဟာ ကျုပ်တို့ ဖရောင်းတိုင်ထွန်းသလို လင်းကနဲနေမယ် အမှောင်ပျောက်မယ် ဖယောင်းသားအရေပျော်မယ် မီးစာခြည် မီးကျွမ်းမယ် ဆိုသလိုပါဘဲ တစ်ပြိုင်ထဲဖြစ်တာပါ။
 ဒီလိုပါဘဲ ခန္ဓာ ငါးပါးဟာ ဖြစ်ပျက်နေတဲ့ ဆင်းရဲပါလား ဆိုတာ ဒုက္ခသစ္စာ ၊ အဲသလို ဆင်းရဲပါလားလို့ သိတဲ့ဉာဏ် ကမဂ္ဂသစ္စာ ၊ လိုချင်ခင်မင်ခြင်း မရှိ အို နာ သေခြင်း အကြော်ခံရခြင်းတွေ မရှိတော့ဘဲ သေသွားတာက သမုဒယသစ္စာ ၊ လိုချင်မှု သေသွားခြင်းကြောင့် ဒုက္ခငြိမ်းသွားတာက နိရောဓသစ္စာ ဆိုပြီး သစ္စာလေးချက် တစ်ပြိုင်နက် ဆိုက်ကာ ....
  ကဲ ဘေလည်းကုန်တော့မှာမို့လို့ အားလုံး ကွန်မန့်မှာ သာဓုခေါ် တော်ကြအုံးစို့ ။          ။
                                    အရှင်စန္ဒိမာ
                            ၁၃၇၈ ခု ဝါဆိုလကွယ်နေ့
Wednesday, July 27, 2016
ကိုယ်​နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့
ကိုယ် နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့
====================
  တစ်ခါက အိမ်တစ်အိမ်မှာ သာလိကာအဖိုလေး တစ်ကောင် မွေးထားတယ်။ လူတွေနဲ့နေတာကြာလာတော့ လူစကားပြောတတ်တယ်။ မင်္ဂလာပါ ကြွပါခင်ဗျာ ကြွကြွ ဆိုတာမျိုးတွေ တတ်တယ်လို့ဆိုပါတယ်။
 တစ်နေ့ သတ္တဝါတို့ရဲ့ သဘာဝ မ စိတ်မွှန်လာတော့ အိမ်မှာရှိတဲ့ ကြက်မ သွားကုတ်တယ်တဲ့။
 အဲဒါကို သခင်က သိတော့ သာလိကာက သာလိကာလိုမနေဘူး သာလိကာမ မှန်းမသိ ကြက်မမှန်းမသိ ကုတ်ရကောင်းလား ဆိုပြီး သာလိကာကိုဖမ်းပြီး ခေါင်းက အမွှေးတွေ အကုန်နှုတ်ထားလိုက်သတဲ့။
  ဥပုသ်နေ့ တစ်နေ့မှာ အိမ်ရှင်က ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်တယ် ။
 ဘုန်းကြီးတွေကြွလာတာတွေ့တော့ သာလိကာ
ခရီးဦးကြိုဆိုလိုက်ပုံက
 " ကြွကြွ ကိုကြက်လိုးတွေ ကြွ" ဟူသတတ်။
 သူ ကြက်မသွားကုတ်လို့ ခေါင်းပြောင်ခဲ့သလို ဘုန်းကြီးတွေခေါင်းပြောင်တာလည်း သူ့လိုပြောင်တယ်မှတ်ပြီး နှုတ်ခွန်းဆက်လိုက်ခြင်းသာဖြစ်ပါတယ်။
  အရာရာ ကိုယ်နဲ့ နှိုင်းပြီး လိုင်းပေါ်မှာ ရိုင်းအော်နေသူတွေအတွက် လက်ဆောင်ပုံပြင် တစ်ပုဒ်ပါ။
 ဖွဲ့လိုက်တဲ့ ပါတီတိုင်းဟာ အာဏာရဖို့ နေရာရဖို့ ဖွဲ့ပြီး သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း နင်းကန်လွှင့်ပြီး ဖွဲ့ထားကြလင့်ကစား
  သံဃာ့အဖွဲ့အစည်းကတော့ ဘယ်တုန်းကမှ အာဏာ နေရာအတွက် ဖွဲ့ထားတာမဟုတ်ပါဘူး။
ရန်မရှာကြပါနဲ့လို့ ပြောချင်တာ။
 ပါတီ နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့ဗျာ။
                        အရှင်စန္ဒိမာ
မှတ်​ချက်​= အရှင်​စန္ဒိမာ ​FACEBOOK မှ ကူးယူတင်​ပြသည်​။