Wednesday, July 27, 2016

ကိုယ်​နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့


ကိုယ် နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့
====================
  တစ်ခါက အိမ်တစ်အိမ်မှာ သာလိကာအဖိုလေး တစ်ကောင် မွေးထားတယ်။ လူတွေနဲ့နေတာကြာလာတော့ လူစကားပြောတတ်တယ်။ မင်္ဂလာပါ ကြွပါခင်ဗျာ ကြွကြွ ဆိုတာမျိုးတွေ တတ်တယ်လို့ဆိုပါတယ်။
 တစ်နေ့ သတ္တဝါတို့ရဲ့ သဘာဝ မ စိတ်မွှန်လာတော့ အိမ်မှာရှိတဲ့ ကြက်မ သွားကုတ်တယ်တဲ့။
 အဲဒါကို သခင်က သိတော့ သာလိကာက သာလိကာလိုမနေဘူး သာလိကာမ မှန်းမသိ ကြက်မမှန်းမသိ ကုတ်ရကောင်းလား ဆိုပြီး သာလိကာကိုဖမ်းပြီး ခေါင်းက အမွှေးတွေ အကုန်နှုတ်ထားလိုက်သတဲ့။
  ဥပုသ်နေ့ တစ်နေ့မှာ အိမ်ရှင်က ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်တယ် ။
 ဘုန်းကြီးတွေကြွလာတာတွေ့တော့ သာလိကာ
ခရီးဦးကြိုဆိုလိုက်ပုံက
 " ကြွကြွ ကိုကြက်လိုးတွေ ကြွ" ဟူသတတ်။
 သူ ကြက်မသွားကုတ်လို့ ခေါင်းပြောင်ခဲ့သလို ဘုန်းကြီးတွေခေါင်းပြောင်တာလည်း သူ့လိုပြောင်တယ်မှတ်ပြီး နှုတ်ခွန်းဆက်လိုက်ခြင်းသာဖြစ်ပါတယ်။
  အရာရာ ကိုယ်နဲ့ နှိုင်းပြီး လိုင်းပေါ်မှာ ရိုင်းအော်နေသူတွေအတွက် လက်ဆောင်ပုံပြင် တစ်ပုဒ်ပါ။
 ဖွဲ့လိုက်တဲ့ ပါတီတိုင်းဟာ အာဏာရဖို့ နေရာရဖို့ ဖွဲ့ပြီး သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း နင်းကန်လွှင့်ပြီး ဖွဲ့ထားကြလင့်ကစား
  သံဃာ့အဖွဲ့အစည်းကတော့ ဘယ်တုန်းကမှ အာဏာ နေရာအတွက် ဖွဲ့ထားတာမဟုတ်ပါဘူး။
ရန်မရှာကြပါနဲ့လို့ ပြောချင်တာ။
 ပါတီ နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့ဗျာ။
                        အရှင်စန္ဒိမာ
မှတ်​ချက်​= အရှင်​စန္ဒိမာ ​FACEBOOK မှ ကူးယူတင်​ပြသည်​။

No comments:

Post a Comment