လူ့ ဦးခေါင်းကို အစားထိုးဖို့ အကြံဟာ မဖြစ်နိုင်ဖူးလို့ ထင်ရှားတဲ့ ခွဲစိတ်ဆရာဝန် အများအပြားက တွက်နေကြတုန်းမှာပဲ အီတလီနိုင်ငံသား ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန် Sergio Canavero က သူဟာ လာမယ့် ၂၀၁၇ ခုနှစ်မှာ လူ့ဦးခေါင်း အစားထိုး ခွဲစိတ်မှုကို ပထမဆုံး စတင် စမ်းသပ်ဖို့ စီစဉ်ထားဆဲပဲလို့ ပြောကြားလိုက်ပါတယ်။
ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov က သူ့ခွဲစိတ်မှုအတွက် စေတနာနဲ့ အကူညီပေးမှာ ဖြစ်ပါတယ်။ Canavero ရဲ့ အစီအစဉ်အတွက် Mayo ဆေးရုံက အငြိမ်းစား ခွဲစိတ်ဆရာဝန်ကြီး Dr. Michael Sarr အပါအဝင် ဆေးပညာ အသိုင်းအဝိုင်းက ထောက်ခံသူတွေ ရှိနေပါတယ်။
ဒီအစီအစဉ်ဟာ အန္တရာယ် သိပ်ကြီးပေမယ့် သူ့စမ်းသပ်မှုတွေအရ ကျောရိုးက အာရုံကြောမကြီးတွေကို ပြန်ပြီး ဆက်တာဟာ အလုပ်ဖြစ်ကြောင်း တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။ Spiridonov ဟာ ရောဂါခံစားနေရတာကြောင့် သူ့ကိုယ်ခန္ဓာက ကြွက်သားတွေကို မလှုပ်ရှားနိုင်သလို သူအသက်ရှည်ဖို့ လမ်းလည်း သိပ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။
ခွဲစိတ်ချိန်ဟာ ၃၆ နာရီလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်တောက်ထားတဲ့ သူ့ခေါင်းကို အပူချိန် ၁၂ ဒီဂရီCelsius ဝန်းကျင်မှာ အအေးခံထားမှာပါ။ သူ့ခေါင်းကို ဖြတ်ပြီးတာ နဲ့ ဦးနှောက်သေနေပြီဖြစ်တဲ့ အလှုရှင်ရဲ့ ဦးခေါင်းနဲ့ အမြန်ဆုံး ပြန်ပြီး ဆက်ဖို့ လုပ်မှာ ဖြစ်ပါတယ်။
သူ့ကို တခြားတိရိစ္ဆာန်တွေရဲ့ ဦးခေါင်းတွေကို အစားထိုးကုသပေးခဲ့ဘူးတဲ့ သူတချို့ အပါအဝင် ခွဲစိတ်ဆရာဝန်ပေါင်း တရာနဲ့ တခြား ဆေးဝန်ထမ်း တွေပါတဲ့ အဖွဲ့က အကူညီပေးမှာ ဖြစ်ပါတယ်။
ခွဲစိတ်အပြီးမှာတော့ Spiridonov ကို သီတင်း ၃- ၄ ပါတ်လောက် သတိမေ့ပြီး ကိုမာ ဝင်ရောင်လုပ်ပေးထားမှာ ဖြစ်ပြီး အဲဒီလို လုပ်ထားချိန်မှာ ဆရာဝန်တွေက သူ့ရဲ့ ကျောရိုး အာရုံကြောမကြီးတွေကို ပြန်ဆက်ပြီး အလုပ်လုပ်လာအောင် လုပ်ပေးကြမှာ ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုး ခွဲစိတ်ကုသမှုတွေ ပုံမှန်လုပ်နေကြပေမယ့် ဦးခေါင်း အစားထိုး မှုကိုတော့ မျောက်တွေမှာပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီစမ်းသပ်မှုအားလုံးတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့လူနာ Spiridonov ဟာ ခန္ဓာကိုယ် အသစ်နဲ့ အသက်ရှင် နေနိုင်မှာ ဖြစ်သလို ခွဲစိတ်မှုအပြီး တနှစ်အတွင်းမှာပဲ သူဟာ လမ်းပြန်လျှောက်နိုင်မယ်လို့ Canavero က ခန့်မှန်းထားတာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
Friday, April 29, 2016
ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ဆန္ဒပြသူများကို အရေးယူမည်။
ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ကန်သံရုံးရှေ့ ဆန္ဒပြသူများကို အရေးယူမည်
=======================
အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲ။(ဓာတ်ပုံ-Facebook)
ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် အာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခဲ့သူများကို ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့်စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် အရေး ယူသွားမည် ဖြစ်ကြောင်း ကမာရွတ် ရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းအနီး စက်လှေနစ်မြုပ် သေဆုံးသွားသူများအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ဧပြီလ ၂၀ ရက်နေ့ ၀မ်းနည်းကြောင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာ လူ့အသိုင်းအ၀ိုင်းဟုသုံးစွဲ ခဲ့သော ကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ ခန့်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးရှေ့ တွင်ဧပြီလ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒပြပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် ၉၆၉ လှုပ်ရှားမှုတွင် ဦးဆောင်သူ တဦးဖြစ်သော မကွေးကျောင်းတိုက်မှ ဦးပါမောက္ခ၊ ဆရာတော် ဦးသုစိတ္တတို့က ဟောပြောခဲ့ပြီး အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဟောင်း ဒေါ်ခင်ဝိုင်းကြည်လည်း ဆန္ဒပြပွဲသို့ လာရောက်ခဲ့ကြောင်း ၊ မန္တလေး မှ မဘသ ဦးဆောင်သူ တဦးဖြစ်သော ဦးဝီရသူကလည်း ယင်းဆန္ဒပြပွဲသို့ သ၀ဏ်လွှာ ပေးပို့ခဲကြောင်း၊ ဆန္ဒပြသူ များ သည် အင်အား ၃၀၀ ၀န်းကျင်ခန့်ရှိပြီး နေ့လယ် ၁ နာရီတွင် စတင်ခဲ့ခြင်းဖြစ်ကာ မြန်မာ့ အမျိုးသား ကွန်ရက် အဖွဲ့ဝင် ၃ ဦးကလည်း ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြသူများက အမေရိကန်သံရုံးကို ဆန္ဒပြရန် အာဏာပိုင်များထံသို့ လျှာက်ထားမှုကို ခွင့်ပြုချက်ပေးခဲ့သော်လည်း ဆန္ဒပြသည့် နေရာကို ဗိုလ်စိန်မှန်ကွင်းတွင်သာခွင့်ပြုခဲ့ကြောင်း၊ ယင်းကို လိုက်နာခြင်းမရှိခြင်းကြောင့်ပုဒ်မ ၁၉ ဖြင့် အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ဦးဆောင်သူများတွင် သံဃာများ လည်း ပါဝင်သည့်အတွက် သံဃာ့စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲမှူး ဇော်ဝင်း က ဧရာဝတီသို့ အတည်ပြုပြောသည်။
“တာဝန်ရှိတဲ့သူတွေကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်ထားပါတယ်။ ခွင့်မပြုတဲ့နေရာမှာလုပ်လို့ အရေးယူ တာပဲရှိတယ်။ ကျန်တဲ့ကိစ္စတော့ မပြောလိုပါဘူး။ ဥပဒေမလိုက်နာလို့ အရေး ယူတာပါ” ဟု ၎င်းက ရှင်းပြသည်။
“ကျနော်တို့က ဥပဒေလမ်းကြောင်းအတိုင်းလုပ်တယ်။ သူတို့ဘက်က ဥပဒေစကားပြောလာရင် ကျနော်တို့ကလည်း ဥပဒေနဲ့အညီပြောမယ်” ဟု ဆန္ဒပြသူတဦးဖြစ်သော ကိုနောင်တော်လေးက ပြောသည်။
အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြရန်လျှောက်ထားမှုကို နှစ်နိုင်ငံဆက်ဆံရေးထိခိုက်မည်စိုးသဖြင့် ခွင့်မပြုဘဲ ဗိုလ်စိန်မှန် ကွင်းတွင်သာ ဆန္ဒပြရန် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဧပြီ ၂၆ ရက်တွင် ခွင့်ပြုခဲ့ခြင်းကြောင်း သိရသည်။
The post အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူများကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အရေးယူမည် appeared first on ဧရာဝတီ.

Thursday, April 28, 2016
အောင်တော်မူ 'ဧ'စေတီ သမိုင်း ၂
အောင်တော်မူ'ဧ'စေတီသမိုင်း ၂
=====================
၁၃၇၂ ခုနှစ် နတ်တော်လဆန်း (၁)ရက်နေ့တွင် ဆရာတော်နှင့် ကျေးရွာ ဒါယကာ ဒါယိကာမများ တိုင်ပင်စည်းဝေး၍ 'ဧ' စေတီ ရာပြည့်ပူဇော်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုပူဇော်ပွဲ မကျင်းပမှီ စေတီတော်အား ဘက်စုံပြုပြင်မွန်းမံခြင်းများပြုလုပ်ရာတွင် စေတီတော်၏ ကိုယ်ထည်ကို ပြန်လည် ချောခြင်း ၊ အရပ်လေးမျက်နှာတွင် လှိုင်ဂူ မုခ်များထည့်သွင်းတည်ဆောက်ခြင်း၊ ရင်ပြင်တော် ချဲ့ခြင်း ၊ အုတ်တံတိုင်း ကာရံခြင်း ၊ အာရုံခံ တန်ဆောင်း ပြန်လည်တည်ဆောက်ခြင်း ၊စေတီတော်အား ရွှေသင်္ကန်းဆက်ကပ်ခြင်း ဆေးသုတ်ခြင်းစသော လုပ်ငန်းဆောင်တာများဆောင်ရွက်ခဲ့ကြသည်။
ထီးတော်ကို အသစ်ပြန်လည်တင်လှူရန် ဆုံးဖြတ်ခဲ့ကြပြီး ရာပြည့်ပူဇော်ပွဲ ထီးတော်အလှူရှင်မှာ ရွှေသွန်းရွာ ဦးပြုံးချို + ဒေါ်ခင်ညွန့် မိသားစုဖြစ်သည်။အရံစေတီ လေးဆူ နှင့် မုခ် လေးမုခ်အတွင်း ထားရှိအပူဇော်ခံရန် ဆင်းထုတော်များကိုလည်း အသီးသီးအလှူရှင်များက လှူဒါန်းခဲ့ကြသည်။
၁၃၇၄ ခုနှစ် တပေါင်းလပြည့်ကျော် ၁၁ ရက် နေ့တွင် စေတီတော်၏ ရာပြည့် ပူဇော်ပွဲကိုကျင်းပကာ လှူဒါန်းမှုအစုစုကို ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပါသည်။
၂၀၁၅ ခုနှစ် မေ လ (၈)ရက် ၁၃၇၇ ခုနှစ် ကဆုန်လပြည့်ကျော် (၆)ရက်နေ့ညမှာ
လေပြင်းတိုက်ခတ်မှုကြောင့် အောင်တော်မူ'ဧ'စေတီ ငှက်ပျောဖူး နှင့် ထီးတော်မှာ မြေခသက်ဆင်းခဲ့ရပါသည်။
ထိုငှက်ပျောဖူး ကို ရွှေသွန်းရွာ ဦးကျော်ဝင်း မိသားစုတို့မှ ပြန်လည်ပြင်ဆင်ပြီး ၁၃၇၈ ခုနှစ် တန်ခူးလပြည့်နေ့တွင် အထက်ပါ ထီးတော်အလှူရှင် ရွှေသွန်းရွာ ဦပြုံးချို+ဒေါ်ခင်ညွန့် မိသားစုတို့မှ ထပ်မံတင်လှူပူဇော်ခဲ့ကြပါသည်။
ယခုအခါ အောင်တော်မူ 'ဧ'စေတီတော်သည်ကား ဆွဲလည်းသံ တညံညံဖြင့် ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့်ဖြစ်ကာ ဖူးမြင်ရသူ များဗိုလ်လူတို့အား ကုသိုလ်တိုး၍ တိုး၍ ဖြစ်ပေါ်နေစေခဲ့ပြီဖြစ်ကြောင်း ရေးသားရင်း
ကိုဖိုးထောင် ကျေးလက်မီဒီယာ
Sunday, April 24, 2016
အောင်တော်မူ 'ဧ'စေတီ သမိုင်း ၁
အောင်တော်မူ'ဧ'စေတီ သမိုင်း
======================
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု ရွှေသွန်းကျေးရွာ၏ မြောက်ဘက်၌ တည်ထားကိုးကွယ်အပ်သော အောင်တော်မူ'ဧ' စေတီတော်ကို မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ပထမရွှေသွန်းကျောင်းဆရာတော် ဘဒ္ဒန္တ သုမန ဦးဆောင်၍ ဉာဏ်တောရွာ နောင်ချိုကြီးရွာ ရွှေသွန်းရွာ လွယ်ခေါ်ရွာ ကသဲမြှောင်ရွာ စသော ရွှေသွန်းကျောင်းတက် ဒါယကာ တို့မှ တည်ထားကိုးကွယ်ခဲ့ကြပါသည်။
စေတီ ၏ ပုံစံမှာ အလယ်တွင် စေတီကြီးတည်ထားပြီး ထောင့်လေးထောင့်တွင် အရံစေတီ လေးဆူတို့ဖြင့် ကုန်းတော်ပေါ်တွင်တင့်တယ်သပ္ပာယ်စွာ တည်ထားခြင်းဖြစ်သည်။
၎င်းစေတီ၏ အလှူရှင်များမှာ အလယ်စေတီတော်ကြီးကို အထက်ပါ ရွှေသွန်းကျောင်းတက် ကျေးရွာ များမှ အများကောင်းမှုဖြင့် တည်ထားခဲ့သည်။
အရံစေတီများကို ရွှေသွန်းရွာမှ ဦးထွန်း+ဒေါ်ရုံ ၊ ဦးကံကြီး+ဒေါ်မွန်းဆာ တို့နှင့်
ဦးလွန်းမောင် + ဒေါ်စိန် မိသားစု တို့မှ တစ်ဆူစီ လှူဒါန်းပြီး လွယ်ခေါ်ရွာ ဦးပိုက် မိသားစုမှ တစ်ဆူ လှူဒါန်းသည်ဟု သက်ကြီးစကားများဖြင့် မှတ်သားရပေသည်။
ပထမရွှေသွန်းကျောင်းဆရာတော် ပျံလွန်တော်မူသောအခါ ထိုဆရာတော်၏ အရိုးဓာတ်တော်များဖြင့် စေတီတော်၏ အနီး ရာဟုထောင့်တွင် အရိုးအိုးစေတီ တည်ထားခဲ့ပါသည်။ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။
ဒုတိယ ရွှေသွန်းကျောင်းဆရာတော် လက်ထက်တွင် ထီးတော် တစ်ကြိမ် တင်လှူပူဇော်ခဲ့သည့်မှတ်တမ်းများတွေ့ရှိပါသော်လည်း တင်လှူပူဇော်သည့် ရက် လ နှစ် ကို တိတိကျကျရှာမတွေ့ချေ။
ထိုပွဲတွင် ပါဝင်ဆင်နွဲခဲ့သူများ နှင့် ထိုပွဲကို မိတ်ဆက်မြသန်း ဇာတ်ပွဲဖြင့် စည်ကားစွာကျင်းပခဲ့ပုံ မှတ်တမ်းတွေ့ခဲ့ရပါသည်။
ထူးခြားချက်မှာ ထိုစဉ်က ထီးတော် အလှူရှင်ကို မဲချခဲ့သည်ဟုဆိုသည်။ ထီးတော်အလှူရှင် မဲပေါက်သူမှာ မမြရင် ဖြစ်သည်။
၎င်းနှစ်မှာပင် စေတီတော်၏ တောင်ဘက်ကပ်လျက် အာရုံခံတန်ဆောင်း ကို ဦးစံငြိမ်း ဒေါ်မြဲ မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့သည်။
တတိယ ရွှေသွန်းကျောင်းဆရာတော် လက်ထက်တွင် အောင်တော်မူ 'ဧ' စေတီနှင့်ပတ်သက်၍ ထူးခြားသောမှတ်တမ်း မတွေ့ရှိခဲ့ပါ။
စတုတ္ထ ရွှေသွန်းကျောင်းဆရာတော် ၏ လက်ထက်တွင် စေတီတော်၏ အရှေ့ဘက်ကပ်လျက် တန်ဆောင်းတစ်ဆောင်ကို ဦးအုံးဖေ ဒေါ်သိန်းအောင် မိသားစု ကောင်းမှုဖြင့်ထပ်မံဆောက်လုပ်လှူဒါန်းခဲ့ သည်။
ယခု ပဉ္စမမြောက် ရွှေသွန်းကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တမ လက်ထက် ၁၃၄၅ ခုနှစ်တွင် ရာသီဥတုဒါဏ်ကြောင့် ယိုယွင်းနေသော စေတီတော်နှင့် အရံစေတီတော်ကို ပြုပြင်ခဲ့သည်။
စေတီတော်၏ ထီးတော်ကိုလည်း ရွှေချ ပူဇော်ခဲ့သည်။ အရံစေတီတော်များ၏ ထီးတော်များကို လည်း အင်္ဂတေထီးဖြင့် ပူဇော်ကာ သင်္ကန်းတော်အား မှန်စီသင်္ကန်းဖြင့် ဆက်ကပ်ခဲ့ပြန်သည်။
၎င်းနောက် ၁၃၆၇ ခုနှစ်တွင် စေတီတော် ၏ ထုံးသင်္ကန်းနှင့် မှန် သင်္ကန်းအစား ရွှေရောင် သင်္ကန်း ဆက်ကပ်ခဲ့ပြီး ပျက်စီးနေသော ဖိနပ်ခုံအား ပြန်လည်ပြင်ဆင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်

Tuesday, April 19, 2016
SSA သူပုန်တို့ရမ်းကား
Zaw myo lin FB မှ
Stats Update news
''''''''''''''''''''''''''''''''''''''''''
ရှမ်းပြည်မြောက်ပိုင်း နောင်ချိမြို့နယ် ဘန့်ဘွေးအုပ်စု ကံ့ကော်ကျေးရွှာ
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အစပြုခဲ့တဲ့ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးကောက်ခံခြင်း ကိစ္စကြောင့် ကျနော်တို့ရွှာလေးဟာ သူတို့ရဲ့ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရပါတယ် ယခုနှစ်သင်္ကြန်အတက်နေ့ 16.4.2016 နေ့မနက်ပိုင်း ကံ့ကော်ရွှာ ရေကစားမဏ္ဏပ်ရှေ့၌ ကားတစ်စီးဖြင့် ရောက်လာကာ ရေပက်ရန် သွားသောအခါ ကားပေါ်မှဆင်း၍ မိုက်တဲ့ကောင်ထွက်ခဲ့ဟုဆိုကာ သေနက်ဖြင့် အချက် ၈ချက်ခန့် ပစ်ပြီး ရွှာသားတစ်ယောက်အား သေနက် ဒင်ဖြင့်ဆောင့်ခဲ့ပါသည် လက်နက်ကို မယှဉ်လို၍ ရွှာသားများမှာ အားမတန်မာန်လျော့ခဲ့ရပါသည်
18.4.2016 11:00 အချိန်တွင် ကားနှစ်စီးဦးစွာ ဝင်လာပြီး ဥက္ကဌ ကိုလာရှာပါသည် ခရီးလွန်နေသော ဥက္ကဌ မတွေ့သဖြင့် ရွှားသားနှစ်ဦးကို ဖမ်းဆီးလိုက်ပါသည်
ရွှာသားများကလဲ သံကျောင်းခေါက် လူစုကာ သွားချိန်တွင် ကားနှစ်စီးထပ်ဝင်လာပြီး လူအင်အား ၄၀ ခန့်ရောက်လာပြီးသေနက်ကိုယ်စီ ဖြင့် ဝိုင်း၍လိုက်ပစ်ပါသည် လက်နက်ချင်းမယှဉ်နိုင်၍ပြေးကြ ရပါသည် ထိုနောက်အချိန် တွင် ပါးစပ်က စိန်ခေါ်စကားတွင်တွင်ပြောပြီး ကံ့ကော်ရွှားအားမီးရှို့မည်ဟု ခြိမ်းခြောက်ပြီး အိမ်တစ်အိမ်မှ ရွှာသား တစ်ဦးအား တံခါးဆောင့်ဖွင့်၍ ခေါ်ဆောင်သွားပါသည် စုစုပေါင်း ရွှာသား၎ယောက်ခေါ်ဆောင် သွားခဲ့ပါသည် ပြန်ခေါ်ချင်လျှင် ငွေဖြင့်လာရောက်ရွေးရမည်ဟု ပြောပြီး သေနက် ၁၀ချက်ကျော်ပစ်ပြီး ထွက်သွားခဲ့ပါသည် ရွှာလူကြီးများ သွားရောက်ရွေးကြရာ သုံးယောက်မှာ ဆေးရုံသို့ပို့လိုက်ရပါသည် နောက်ဆို သူတို့ပြောသမျှ နာခံရမည်ဖြစ်ကြောင်း ဆက်ကြေးများတောင်းခံလာလျှင်ပေးရမည်ဖြစ်ကြောင်းပြောပြီး လွှတ်ပေးခဲ့သည်ဟု သိရပါသည်
မှတ်ချက်။ ။ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ ဝမ်ဟိုင်း ssa ဟုအမည်တွင်ပြီး ရှမ်းသူပုန် ရှမ်းသောင်းကျန်းသူ ဟုလူအများခေါ်ကြပါသည်
အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့မှာ ရှမ်းပြည်လွှတ်လပ်ရေးဟု ကြွေးကြော်ပြီး ရွှာတိုင်းရွှာတိုင်း ဆက်ကြေးကောက်ခံခြင်း မရသောရွှာများကို အင်အားသုံးပြီး ခြိမ်းခြောက်ခြင်း ကောက်ခံသော ငွေများအား ကိုယ်ရေးကိုယ်တာသုံးခြင်း ရပ်ရွှာ လူထု အကျိုးပြု လုပ်ဆောင်မှုမရှိပဲ စားရင်းဇယားဖြင့်ကောက်ခံခြင်း ယခုဆိုလျှင် သောင်းကျန်းသူ အဆင့်မက အကြမ်းဖက် လုပ်ဆောင်းလာပါသည် ကျနော်တို့ရွှာမှာ နောင်ချိုမြို့နယ်တွင်ရှိပြီး စစ်တပ် အများအပြားရှိပါသည် ပြင်ဦးလွင် စစ်တက္ကသိုလ် နှင့်လဲ သိပ်မဝေးပါ ဤသို့ အစိုးရလက်အောက်ရှိနေသော ရွှာကို ယခုလို အကြမ်းဖက်လုပ်ဆောင်မှုမှာ တပ်မတော်ရဲ့အင်အားနည်းမှုလား အစိုးရရဲ့ လက်တွေ့လုပ်ဆောင်မှု မရှိသေးလို့လား ယခုလုပ်ရက်မှာ တပ်မတော်ရဲ့သိက္ခာကို စော်ကားနေတယ်ဆိုတာ သိစေချင်ပါသည်
ကျနော်တို့ရင်ထဲမှာတော့ မြန်မာနိုင်ငံမှာ ဒီလိုလက်နက်ကိုင်လို့ရလား ဒီအဖွဲ့ကို အစိုးရက မနိုင်နင်းနိုင်ဘူးလား နောင်ချိုမြို့ စစ်တပ်နှင် ရဲ့များမှာ ဒီအဖွဲ့နှင့် ဘယ်လို ပတ်သက်မှုရှိပါသလဲ စတဲ့ မေးခွန်းတွေနဲ့ ကျနော်တို့ရွှာ လုံခြုံရေး နှစ်ဆ တိုးလုပ်ဆောင်နေပါကြောင်း ရင့်ဖွင့်လိုက်ရပါသည်

Sunday, April 17, 2016
တရားစခန်းအောင်ပွဲ နှင့် သက်ကြီးပူဇော်ပွဲ
တရားစခန်းအောင်ပွဲ နှင့် သက်ကြီးပူဇော်ပွဲကျင်းပ
=====================
ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် ၊ရွှေသွန်းကျေးရွာ၊ ရွှေသွန်းကျောင်းတိုက်တွင် 17.4 2016 ရက်နေ့ နံက် 7း00 နာရီအချိန်တွင် တရားစခန်းအောင်ပွဲ နှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ ရွှေသွန်းကျောင်းဆရာတော် နှင့် သံဃာတော်များ သက်ကြီးရွယ်အိုများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ သုခမေတ္တာ ပရဟိတအသင်းမှ လူငယ်မောင်မယ်များ ရွာသူရွာသားများ တက်ရောက်ကြကြောင်း ကိုဖိုးထောင် ကျေးလက်မီဒီယာ မှ သတင်းရရှိပါသည်။

Thursday, April 7, 2016
ငွေကိုလိမ်ပါ လူတော့ချမ်းသာပေးပါ (ဇာတ်သိမ်း)
ငွေကိုလိမ်ပါ လူတော့ချမ်းသာပေးပါ(ဇာတ်သိမ်း)
============(===========
မနက် လေးနာရီထသည်။ ဘုရားရှိခိုးသည်။တရားခွေဖွင့်သည် ။တရားနာသည်။ ရွာဦးကျောင်းဆရာတော် လုပ်နေတာပြောတာပါ။ ဖိုးထောင် က အိပ်ရာတောင်မထသေး ။ ရှင်းသလား သဘောပါသလား ဆိုပြီးတစ်ချက် တစ်ချက် ဆောင့်ဟောလာတဲ့ ဒယ်အိုးဆရာတော်ရဲ့ အသံကြောင့် ဖိုးထောင်နိုးလာခြင်းသာဖြစ်ပါတယ်။ အိပ်ရာကမထသေးဘဲ ဟန်းဆက် လှမ်းဆွဲပြီး ပါဝါဖွင့်လိုက်သည်။ ခဏလောက်ကြာတော့ မက်ဆေ့တွေ တန်းဝင်လာသည်။
ဗမာမ အပျိုကြီးဆီကဖြစ်သည်။
ကိုဖိုးထောင်ဆီ ဖုန်းခေါ်လို့မရတာနဲ့ စာပို့လိုက်ပါတယ် အစချီပြီး ရေးလာတယ်ဆိုပါတော့။ ဟိုနေ့ညက သူ့ဖုန်း အားမရှိတာနဲ့ သူများဖုန်းနဲ့ ဆက်ရကြောင်း၊ အရေးကြီးတဲ့ စကားပြောချင်လို့ဆက်တာဖြစ်ကြောင်း သို့သော် မပြောရသေးခင် ဖုန်းချသွားခဲ့ကြောင်း ရေးထားပါတယ်။ အမေ ဖုန်းကိုင်ပေါက်လိုက်လို့ ဖုန်းမှန်ကွဲသွားခဲ့တာ သတိရမိပါသေးရဲ့။ သူပြောတဲ့ အရေးကြီးတဲ့စကားဆိုတာ ဘာလဲမှတ်တယ်။ သူအိမ်ထောင်ပြုသွားပြီတဲ့။ ဗျာ......
သူ သူ့ဇာတိကိုပြန်တော့ သူ့မိဘက အိမ်ထောင်ချပေးမယ်လို့ပြောတာတဲ့ချစ်သူမရှိရင် သူ့မိဘ သဘောတူတဲ့သူနဲ့ ယူရတော့မယ်ဆိုလား ။သူ့မိဘ သဘောတူတဲ့သူဆိုတာဟာလည်း တစ်ခုလတ်ဆိုတာကလွဲရင် ဘာမှပြောစရာတော့မရှိဘူးတဲ့လေ။
အပျိုကြီးက သူ့ကိုမယူချင်လို့ ဖိုးထောင်ကို တစုံတစ်ခု အားကိုးရာ ရလိုရငြား ဆိုပြီးဖုန်းဆက်တာမရတာနဲ့ နောက်ဆုံး အဲဒီ တစ်ခုလတ်နဲ့ ယူလိုက်ရတယ်တဲ့ဗျာ။ ဘာတွေကနေ ဘယ်လိုတွေတိုက်ဆိုင်နေရတာလဲဗျာ။ဖိုးထောင် ဘာများတတ်နိုင်တော့မှာလဲ။ မရက်စက်လွန်းဘူးလား ကံကြမ္မာရယ်။ ဘာမဟုတ်တဲ့ ထီအလိမ်ခံရတဲ့ ကိစ္စက ဒီအချိန်ထိ အဆုံးမသတ်နိုင်သေးပါလား။ဆင်ကြီးကျီစယ်တာ ဆိပ်ကလေးမခံနိုင် ဆိုသလို ခင်ဗျားတို့ လိမ်တာ ငွေရရေးလေးတင်ပါဗျာ။ ဆိုးကျိုးတွေ ဒီလောက်ထိ ရှိလိမ့်မယ် လို့ ရည်ရွယ်ခဲ့မှာမဟုတ်ပါဘူး။ တကယ်လို့ ဆိုးကျိုးတွေ ဒီလောက်ထိရှိမယ်လို့ သိခဲ့ရင်ရော ခင်ဗျားတို့ လိမ်ရက်ပါ့မလား။ ဘာဘဲပြောပြော လိမ်တဲ့လူကတော့လိမ်နေမှာသေချာပါတယ်။ ဖိုးထောင် ဘယ်သူ့ကိုမှအပြစ် မပြောချင်တော့ ဘာလူမျိုးနေနေ
" ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ် အခု မကောင်းကျိုးရနေတာ ဘယ်ဒင်းကြောင့်မှ မဟုတ်ဘူး ကိုယ် မကောင်းတာလုပ်ခဲ့လို့ ရနေတာ ရှင်းသလား သဘောရော ပါသလား"ဆိုတဲ့ ဒယ်အိုးဆရာတော်ရဲ့ တရားတော်ကို သာ အာရုံပြုရင်း ဖိုးထောင် တစ်ယောက် မပြီးသေးတဲ့ ခရီးကို အကောင်းဆုံးပေးဆပ်ရင်းချီတက်ရပါလိမ့်ဦးမည်။ အခြားတစ်ဘက်က လူတိုင်းကိုလည်း ဒီလို ဒုက္ခမျိုး မကြုံတွေ့ရလေအောင် ဆုတောင်းရင်း ဒီလိုစာတွေ ဆက်လက်ရေးရင်း ဖိုးထောင် ပေးဆပ်နေပါဦးမည်ဖြစ်ကြောင်း
"လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ"
ဖိုးထောင်
9.3.2016

ငွေကိုလိမ်ပါ လူတော့ချမ်းသာပေးပါ (၉)
ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ (၉)
=============
အခန်း (၉)
ဖိုးထောင် ခြေရင်းအိမ်က ခေါက်ဗွီဒီယို ခွေမဖတ်တော့ဘူးဆိုတာနဲ့ လာပို့ထားလို့ ဖွင့်ကြည့်လိုက်ပါတယ်။ ခါတိုင်း ဆိုရင်တော့ ဒီအချိန်ဆို အပျိုကြီးဆိုင်မှာ လေပေါနေရောပေါ့။ ခုတော့ အမေရဲ့ တစ်ချက်လွတ် အမိန့်အောက်မှာ နာခံရင်း ကားနောက်မလိုက်ဖြစ်တဲ့ နေ့တွေဆိုရင် ဒီလိုဘဲ တစ်ခုခုပြင်နေလိုက်တယ်ဆိုပါတော့။ ဖိုးထောင် ခေါက်ဗွီဒီယို ကိုဖွင့်ကြည့်လိုက်ပါတယ်။ အခွေရှိမရှိ အဖုံးဖွင့်ကြည့်တော့ ရှိပါတယ်။ DVD အခွေထည့်လျက်သားလေး ။ အဖုံးမပိတ်ဘဲ ခလုပ်အပေါက်လေးထဲ စပါယ်ဖူးနဲ့ ဖိပြီး ဖွင့်ကြည့်လိုက်ပါတယ်။ အခွေတော့လည်ပါတယ် ပုံမှန်မဟုတ် ။ လည်ပုံအလွန်မြန်နေတယ်။ ခဏကြာတော့ ဘက် ဒစ် လို့ရေးလာခဲ့တယ် ။ ခွေမကောင်းဘူးဆိုတဲ့သဘော။ခွေ အသစ်တစ်ခွေထည့်လိုက်သည်။ထိုနည်း ၎င်းပါဘဲ ။ စက်ပိတ်ပြီး ဘော်ဒီကို စနစ်တကျ ဖွင့်လိုက်သည်။ သေချာတာပေါ့ မှန်ဘီလူးမကောင်းတော့ပါ။ ဖိုးထောင်ဆီမှာရှိတဲ့ အသစ်နဲ့ နံပါတ်တူ မတူ စစ်ကြည့်တော့ တူနေတာနဲ့ ခဲရှော့ကက်ဖြုတ်ပြီး စနစ်တကျ ပြန်တပ်လိုက်သည်။ ဘော်ဒီ ပြန်ပိတ်ပြီး သူ့အခွေ ပြန်ထည့်ဖွင့်လိုက်သည်။ ကြည်လင်ပြတ်သားသော ရုပ်သံများပေါ်ထွက်လာသည်။ ဗမာဇာတ်လမ်းခွေ တစ်ခွေသာဖြစ်ပါသည်။ အအေးဆိုင်မှာ စားသောက်ရင်း စကားနိုင်လုနေကြသည်။
"ပိတ်ထားစမ်း ပိတ်ထားစမ်း အဲဒီအသံ ငါမကြားချင်ဘူး"
"ဟာ အမေကလည်း စက်ပြင်ရင်း ကောင်းလားမကောင်းလားစမ်းကြည့်နေတာပါ အမေရဲ့"
"မလိုချင်ဘူး တစ်ခြားအခွေနဲ့ စမ်း"
ဖိုးထောင် ဘာမှမပြောချင်တော့ပါ။စက်ပိတ်ပြီး ဘက်ထရီညပ်ဖြုတ်ထားလိုက်တော့သည်။တစ်ခြားခဲဂေါက် စသော ပစ္စည်းများနေရာတကျသိမ်းဆည်းနေလိုက်သည်။
" ဗွီဒီယို ရပြီလား ကိုဖိုးထောင် "
" ရပါပြီတဲ့ဗျား ခုလေးတင်ပြီးသွားတာ"
" ဘာဖြစ်သွားတာလဲ ကိုဖိုးထောင်"
"မှန်ဘီလူး မကောင်းတော့တာ လဲလိုက်ပြီးပြီ"
" ဘယ်လောက်ကျလဲ မသိဘူး"
" မှန်ဘီလူးက လေးထောင့်ငါးရာ လက်ခ ငါးရာ"
" ကျေးဇူးပါဘဲဗျာ"
" ကိုဖိုးထောင် ဈေးဆိုင်သွားမယ်လေ ဘီယာသွားသောက်ရအောင်"
" ကျနော် ဘီယာမသောက်တော့ဘူးဗျာ့ "
" မသောက်လည်း အပျိုကြီးနဲ့ လေပေါရတာပေါ့ဗျာ့"
အဲဒီမှာအမေက
"ကြွ ကြွ တစ်ခါတည်း အပြီးကြွ" တဲ့။ ဟိုလူက စ တဲ့အကြောင်း စပ်ဖြီးဖြီးနဲ့ပြောကာ သူ့ဗွီဒီယိုယူ ပိတ်ဆံ ငါးထောင်ပေးပြီးပြန်သွားခဲ့လေရဲ့ဗျာ။
မနက်မိုးလင်းတော့ သူ့မိန်းမ ဗမာမ ဗွီဒီ ယို ကိုင်ပြီးရောက်လာခဲ့တယ်။ ဗွီဒီယို ဘာဖြစ်ပြန်တာလဲပေါ့။
"ဘာမှ မဖြစ်ဘူးဟေ့ ဘယ့်နှယ်တော် အသစ်ဝယ်တာမှ သုံးသောင်းခွဲရှိတာ ပြင်ခက နှစ်သောင်းခွဲရယ်လို့"
" မြတ်စွာဘုရား နေပါအုံး နင့်ယောက်ျားက နှစ်သောင်းခွဲလို့ပြောတာလား"
"အေးပေါ့ ကျမ ကြံခုတ်ခ သုံးသောင်းသွားယူလာတာ သူအကုန်ယူသွားတာ ပြန်လာတော့ ငါးထောင်ဘဲပါလာတယ်လေ"
" ကောင်းပြီလေ အဲဒါ နင်က ဘယ်လိုလုပ်ချင်တာလဲ ငါကဘာလုပ်ပေးရမှာလဲ"
" ဘာမှလုပ်ပေးစရာမလိုဘူး ကိုဖိုးထောင် ပစ္စည်းပြန်ဖြုတ်ထား ပိုက်ဆံပြန်ပေး"
" ဒီလိုလုပ် ဗွီဒီယိုကိုပြန်ယူသွားပါ နှစ်သောင်းခွဲမကဘူး သုံးသောင်းခွဲ ပေးမယ် နင့်ယောက်ျားကိုလာတောင်းခိုင်းလိုက် "
" ပြီးတာဘဲ" ဆိုပြီး ဗမာမ ပြန်သွားခဲ့လေရဲ့ဗျာ။
အမေကတော့ ငါးထောင်ထဲပေးရင် ငါးထောင်ထဲပေးတယ်ပြောလိုက် ပြီးတာဘဲဥစ္စာတဲ့။ တကယ်တော့ သူတို့ကိစ္စက ဘာမှန်းမှ မသိတာဗျာ။ မိန်းမကိုလည်းလိမ်ချင်သေးတယ် ပီပြင်အောင်လည်းမလိမ်တတ် အတော်ပျင်းစရာကောင်းပါလားဗျာ။ ဘာလူမျိုးနေနေ လိမ်တဲ့လူက လိမ်တာပါဘဲဗျာ။ တစ်ခုတော့ရှိတယ် တိုင်းရင်းသားတွေကဗမာတွေလိုများများစားစားတော့ မလိမ်ဘူးဗျာ့။ တစ်ဘက်သား ဘဝပျက်သွားမှာစိုးလို့လား မဟုတ်ပါဘူး ။ မလိမ်တတ်လို့ပါ။ မလိမ်ခင်တည်းက ပေါ်နေပြီဥစ္စာကိုးလေ။ ခုပုံစံဆိုကြည့်ပါလား ။ ဘယ့်နှယ် မဖြစ်နိုင်တာနဲ့ ပြောလိမ်သတဲ့။ သူ့ယောက်ျား ဘယ်လိုဖြေရှင်းသွားမှာလဲဆိုတာတော့ ကိုယ်လည်းမသိပါဘူးဗျာ။
ဖိုးထောင် တောင်တွေးမြောက်တွေး တွေးနေရင်း ဖုန်းလာခဲ့တာနဲ့ နံပါတ်ကြည့်လိုက်တော့ မသိတဲ့နံပါတ်ဖြစ်နေတယ်။
"ဟလို "
" ကိုဖိုးထောင်လား"
" ဟုတ်တယ် ဘယ်သူလဲမသိဘူး"
" အောင်မယ်လေ ကိုဖိုးထောင်ရယ် ဒီအသံတောင် မမှတ်မိတော့ဘူးတဲ့လား"
"အော် အစ်မ ဘယ်ကနေဆက်နေတာလဲဗျာ့"
"ဗမာပြည် ပြန်ရောက်နေတာ လေးရက်လောက်ရှိနေပြီ"
"အော်"
"အော်မနေနဲ့ ပေးစမ်းအဲဒီဖုန်း "
အမေ ဖိုးထောင် နောက်ကို ဘယ်အချိန်ကရောက်နေသည် မသိ။ ဖုန်းကို ယူပြီးကိုင်ပေါက်လိုက်တော့သည်။ "ဖိုးထောင် နင်ကသူ့ဆိုင်နား မသွားရဘူးဆိုတော့ ဖုန်းနဲ့ ဆက်ပြောတယ်ပေါ့လေ အမေ့ စကားတောင် နားမထောင်တော့ဘူးတဲ့လား သားရယ် အမေက ထပ်ပြီးအလိမ်မခံနိုင်တော့ဘူးသားရဲ့ ငွေ လိမ်သွားတာက ပြန်ရှာလို့ရတယ် သားကိုလိမ်ယူသွားပြီး ဟိုမှာနွားလိုသွားခိုင်းစားနေရင် ဘယ်လိုလုပ်မလဲ သားရဲ့"
ပူတတ်ရန်ကော အမေရယ်။ အမေကတော့ ပြောရင်းငို ငိုရင်းပြော ဆိုသလိုဖြစ်နေခဲ့ပါပြီဗျာ။
"ဘာလို့ ငိုတာလဲ အမေရယ် အမေ့သား အမေ့စကားနားထောင်မှာပေါ့ "
ဖိုးထောင် ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ။ မိဘဆိုတဲ့ အရာဟာ သားသမီးအပေါ်မှာ အချိန်ပြည့် ပူနေတတ်ကြတယ်။ ဆိုင်ကယ်နဲ့ ထွက်သွားတာတောင် အချိန်တန်လို့ အိမ်ပြန်မရောက်ရင် လှဲများနေသလား မှောက်များနေသလား ဆပ်ပလိုင်းဂျက်နဲ့များတိုးပြီး အလှူငွေ မထည့်နိုင်လို့ အချုပ်ထဲများရောက်နေသလား စသဖြင့် ပူနေတတ်ကြတာလေ။ ဒီကြားထဲ ထူခြားသတင်းတွေက ကြားနေရတာရှိသေး။ အမျိုးသားတစ်ဦးကို အမျိုးသမီးသုံးဦးမှ အဓမ္မပြုကျင့်မှု ဗြိတိန်တွင်ဖြစ်ပွား ဆိုတာမျိုး ။ အဲလိုဆိုတော့ မနူးမနပ် မလည်မဝယ် သူ့သားဖိုးထောင်ကို မပူရှိရိုးလားဗျာ။ အမေပူတာပြောပြတာလေ။ ဘာဘဲဖြစ်ဖြစ်ပေါ့အမေရယ် ဖိုးထောင်အတွက်နဲ့တော့ မျက်ရည်မကျသင့်ပါဘူး။ ဖိုးထောင် ကြားဖူးတယ် အမေ မိဘ မျက်ရည် တစ်စက် သားသမီး ဆင်းရဲတစ်သက်တဲ့။ အမေမျက်ရည်မကျအောင် ဖိုးထောင်နေရုံမှတစ်ပါး တစ်ခြားမရှိတော့ပါဘူးဗျာ။ ဆင်းရဲမှာစိုးလို့တော့မဟုတ်ဘူး အမေ။ အမေ စိတ်မဆင်းရဲစေချင်လို့ပါဗျာ။
ဇာတ်သိမ်းသို့ ဆက်ပါဦးမည်

ငွေကိုလိမ်ပါ လူတော့ချမ်းသာပေးပါ (၈)
ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ ( ၈ )
====================
အခန်း (၈)
" ကိုကြီးဖိုးထောင် ထမင်းစားရအောင်"
"အေးအေး လာပြီ ညီမလေး"
ဖိုးထောင် မနက်စောစော အင်တာနက်ကြည့်နေရင်း ညီမလေးက ထမင်းစားခေါ်တာနဲ့ ထမင်းဝိုင်းဆီ ရောက်လာခဲ့သည်။ အမေ မျက်နှာက တစ်ခုခု အလိုမကျဖြစ်နေပုံရသည်။
"ဖိုးထောင် ညက ထမင်းလာပြန်မစားဘူး ဘယ်မှာစားတာလဲ"
ပြဿနာတော့ တက်ပြီထင်ပါတယ်ဗျာ ။ ညီမလေးကိုလှမ်းကြည့်လိုက်တော့လည်း မကြည့်ဘဲ ခေါင်းငုံ့ထမင်းစားနေလေတော့သည်။ ဘာတွေ ဘယ်လိုများချွန်ထားတာပါလိမ့်။
"မေးနေတယ်လေ ဖိုးထောင် ညကထမင်းဘယ်မှာစားလဲ"
"ဗျာ ဟို ဟို ဈေးဆိုင်မှာ စားလိုက်တယ် အမေ ကားဆရာက ချက်ချင်းထွက်မယ်ဆိုတာနဲ့ အဲမှာစားသွားလိုက်တာ အမေရဲ့"
"နင့်မှာ အိမ်မရှိဘူးလား နင့်အမေက နင့်ကို အိမ်နဲ့မထားဘူးလား ထမင်းချက်မကျွေးဘူးလား။အဲဒီ ဗမာမ အိမ်မှာမှ စားသွားရတယ်လို့ ဖိုးထောင်ရယ် ငါက ဗမာမ အသံမကြားချင်လို့ ဗွီဒီယိုတောင် တရားခွေလောက်ဘဲကြည့်တော့တာ ဖိုးထောင်ရေ " ဆိုပြီး ပြောချလိုက်တာ စုံနေတာပါဘဲဗျာ။ မပြောကောင်း မဆိုကောင်း တရားစခန်း လာဖွင့်ပြီး မိန်းမခိုးပြန်သွားတဲ့ ဗမာကိုယ်တော်တွေအကြောင်းတောင်ပါသေးသဗျာ့။
ပြောမယ်ဆိုလည်းပြောလောက်စရာတွေပါ ။ ဗမာ အတော်များများဟာ စကားပြောကောင်းတဲ့ ပတ်ဝန်းကျင်ကနေ လာကြတာဆိုတော့ အပြောသိတ်ကောင်းကြတာဗျာ့။
ဒါကို ရိုးသားတဲ့ ဖိုးထောင်တို့လူမျိုးတွေက အဟုတ်ထင်ပြီး ပုံအပ်မိကြရာကနေ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ကုန်ရော။ ဘယ်နေရာမှာ ငွေ ဘယ်လောက် လိမ်သွားသတဲ့ ဘယ်ကနေ ဘယ်လိုလိုက်ရမှန်းကိုမသိတော့ဘူးတဲ့ ဆိုရင် ဗမာတွေတဲ့ဗျာ။ တိုက်လည်းတိုက်ဆိုင်လွန်းပါတယ်။ မသေမချင်းမှတ်ထား ငါတို့တောင်ပေါ်ကိုရောက်လာတဲ့ ဗမာ အများစုဟာ လူလိမ်လူညာတွေ အမှန်အကန်လုပ်စားနေတဲ့ ဗမာတွေဟာ သူတို့နေရာနဲ့ သူတို့ အဆင်ပြေနေပြီးသား ဘယ်တော့မှ မလိမ်စားဘူး။ သူတို့နေရာမှာလူရာကမဝင် အကျင့်ကမကောင်းဆိုတော့ ငါတို့ဆီရောက်လာပြီး ရိုးအအတွေကို ဆရာကြီးလုပ် လာလိမ်စားနေတာဟဲ့ ဖိုးထောင်ရဲ့တဲ့။
စိတ်ဆိုးနေတဲ့ အမေကို ဖိုးထောင် ဘာမှပြန်လှန်မပြောတော့ပါဘူး။
" မင်း နဲ့ အဲဒီဈေးဆိုင်က ဗမာမ ဘယ်အဆင့်ထိဖြစ်နေပြီလဲပြောစမ်း"
"ဘယ်အဆင့်ထိမှမဖြစ်ဘူး ဘာမှမဖြစ်သေးပါဘူး အမေရယ်"
"ဘာ မဖြစ်သေးဘူးဆိုတော့ ဖြစ်တော့မယ်ဆိုတဲ့ သဘောလားပြောစမ်းငါ့ကို"
"မဟုတ်ပါဘူးအမေ"
" ဟုတ်မဟုတ်ဆိုတာ ဖိုးထောင် နင်သက်သေပြရမယ် ဒီနေ့ကနေစပြီး ဘယ်တော့မှ အဲဒီ ဗမာမ ဆိုင်ကိုမသွားနဲ့ ဒါဘဲ သွားရင်လည်း တစ်ခါတည်းအပြီးသွား ပြန်မလာနဲ့"
အဲဒါမှသေထား ဘာမှလည်းမဆိုင်ဘူး။ ခုချိန်မှာပြန်ပြောရင်လည်း တွေ့ရာနဲ့ ကောက်နှက်တော့မယ်။ အမေ့ စေတနာကို ဖိုးထောင် နားလည်ပါတယ် အမေရယ် ။ ဟို ဗမာမတွေက လာလိမ်သွားတာနဲ့ အမေ ကဗမာတွေကို မုန်းနေတာကလား။ ပြီးတော့ ရွာထဲကလူတွေကလည်း မီးလောင်ရာ လေပင့် ဆိုသလိုလူမျိုးတွေကရှိသေး ။ အလိမ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမဆိုင် ညာမဆိုင် ပြောချသွားပုံကလည်းကြည့်အုံး " အဒေါ် ဒီတစ်ခါလိမ်တာ ငွေလေးတင်ပါသွားတာ အရေးမကြီးဘူး နောက်တစ်ခါကတော့ အဒေါ့်သားဖိုးထောင်ပါ လိမ်ခေါ်သွားမယ့် သဘောရှိတယ် ကြည့်လည်းပြောထားအုံး " ဆိုသကိုး။ အဲသလို တစ်ရွာလုံးဖြစ်နေချိန်မှာ တစ်ယောက်တည်းသော ဖိုးထောင်က ဘယ်လိုထုချေလွှာမျိုးနဲ့မှ အသုံးမဝင်တော့။ ဖိုးထောင်တို့ ရွာဘက်မှာ ဗမာလူမျိုး အထီးတွေရော အမတွေရော အိမ်ထောင်လာကျနေတာတွေရှိတယ်။ ဗမာအများစုကတော့ အစတုန်းကတော့ အိမ်တစ်ဆောင် မီးတပြောင်နဲ့ ဘဲ တင့်တင့်တယ်တယ် ထားတော့မလိုနဲ့ ခေါ်သွားခဲ့ကြတယ် ။ နောက်တော့လည်း လက်ဗလာတွေနဲ့ ပြန်လာပြီး ရွာကမိဘတွေဘဲ ရှိတာခွဲခြမ်းပေးပြီးထားရတော့တာပါဘဲ။ အဲဒါ သူတို့တွေနဲ့ ဆက်စပ်ပြီး ဗမာမတွေလည်းရောက်လာကြတယ်ဗျာ့ ။ ရွာထဲက ကောင်လေးတွေနဲ့ အိမ်ထောင်ကျတာလေးငါးတွဲလောက်ရှိတယ်။ ဖိုးထောင်ကတော့ အမှုမဲ့ အမှတ်မဲ့ပါဘဲ ။ နောက်တော့မှ သိရတာက မင်္ဂလာဆောင်ပြီး ငါးလတောင် မပြည့်သေးဘဲ မီးဖွားကြကုန်သတဲ့။ အဲဒီမှာ မလိုလားအပ်တဲ့ ပြဿနာတွေတက်ပါရောလား ။ အဲသလိုတွေကိုမှ သေချာ သုတေသနပြုပြီး အမေ့ဆီကို လာပို့ထားကြသူကရှိသေးဆိုတော့ ဖိုးထောင် ကဘာနဲ့ ထုချေရမတဲ့လည်းဗျာ။ အမေက သူ့သားလူပျိုကြီးရိုးအအကို အဲသလို ဖွသတင်းတွေကြားမှာ မပူဘဲ ဘယ်နေမလဲဗျာ့။ သူ့သားကို သူပူတာပြဿနာမဟုတ်ပေမဲ့ ရိုးသားတဲ့ ဈေးဆိုင်က အပျိုကြီးရဲ့ ဂုဏ်သိက္ခာကိုတော့လေးစားသင့်တာပေါ့ အမေရယ်။
တကယ်တော့ လိမ်တဲ့ကိစ္စဟာ လူမျိုးနဲ့ မဆိုင်ပါဘူး။ ဟိုနားမှာ ပီပီပြင်ပြင် လိမ်သွားပြီ ဘာလူမျိုးလည်း ဗမာ ဆိုတာ ဟုတ်ပါတယ် ။ ဒီလိုပါဘဲ တစ်ခြားလူမျိုးတွေက ပီပီပြင်ပြင် မလိမ်တတ်လို့ မလိမ်တာပါ။ သွားလိမ်တုန်းကရင်း ပေါ်နေမှတော့ ဘယ်လိုလုပ် လိမ်မလဲ။ လိမ်လို့ မရလို့ မလိမ်တာပါ။
လိမ်တာ ခိုးတာ ယုတ်မာတာတွေဟာ မြန်မာတိုင်းရင်းသားအာလုံးမှာရှိနေတာတော့ သေချာပါတယ် ။ ဖိုးထောင်တို့လူမျိုးလည်း လိမ်တာတွေရှိတာပါဘဲ။ ဒီဘက်ပွဲစားဆီမှာ ပိတ်ဆံထုတ် ထွက်လာတဲ့ သီးနှံ ဟိုဘက်ပွဲရုံသွားရောင်း ။ ဒီဘက်ဈေးဆိုင် အကြွေးလိမ့်ယူ မပေးနိုင်တော့ ဟိုဘက်ဈေးဆိုင်ပြောင်း ဆိုတာတွေရှိနေတာတွေရော လိမ်တာပါဘဲမဟုတ်လား။ ကိုယ်ပိတ်ဆံထုတ်ထားတဲ့ ပွဲရုံမှာ သီးနှံ သွားပို့ရင်တောင် အကြွေး နှိမ်မှာစိုးလို့ ကိုယ့်သီးနှံ မဟုတ်ကြောင်း တစ်ခြားတစ်ယောက် လာပို့ခိုင်းကြောင်း လိမ်ရောင်းတာတွေဟာရော လိမ်တာတွေ မဟုတ်ဘူးလားဗျာ။ ဘာဘဲပြောပြော ဖိုးထောင်ရဲ့ ဒီအကြောင်းပြချက်တွေဟာ ဒီအချိန်မှာ အရာမဝင်နိုင်သေးတော့ ဖိုးထောင် အမေ့စကားနားထောင်ရဦးမှာပါ။ ဘာကြောင့်ရယ်တော့ မဟုတ် ငွေ ကိုသာလိမ်ပါ လူတော့ ချမ်းသာပေးပါ ဆိုပြီး သားအတွက်ပူနေတဲ့ အမေ့ စေတနာတွေကြောင့်သာဖြစ်ကြောင်း။
ဆက်ပါဦးမည်

ငွေကိုလိမ်ပါ လူတော့ချမ်းသာပေးပါ
ငွေ ကိုလိမ်ပါ လူ တော့ချမ်းသာပေးပါ(၇)
====================
အခန်း(၇)
ဖိုးထောင် နှစ်ရက်လောက် ဗမာမ အပျိုကြီးဈေးဆိုင်နား မရောက်တာနဲ့ ဒီနေ့ ကြံတင်ပြီးပြန်လာတော့ ဝင်လိုက်တယ်ဆိုပါတော့။
"အလို ကိုဖိုးထောင် ဘယ်ကနေမျက်စိလည်လာတာလဲ ပျောက်ချက်သားကောင်းနေလိုက်တာ ဒါနဲ့ ဟိုနေ့က အလိမ်ခံရတယ်ဆို"
"မသိသေးတော့လည်း ခံရအုံးမှာပေါ့ အစ်မရယ်"
" ငါးသိန်းတောင်ဆို "
" မဟုတ်ပါဘူးဗျာ့ သုံးသိန်းခွဲထဲပါ"
" မသိဘူးလေ ငါးသိန်းလို့ကြားလို့ စိတ်မကောင်းပါဘူး ကိုဖိုးထောင်ရယ် လူတွေများလုပ်ရက်လိုက်တာနော်"
"အော် သူတို့ အလုပ်နဲ့ သူတို့လုပ်တာဘဲ သူတို့ ပစ်မှတ်ထဲ ကိုယ်ဝင်သွားတော့လည်းပေးလိုက်ပေါ့ ဒါဘဲရှိတာ"
"အေးလေ ကိုဖိုးထောင်ကတော့ ယောက်ျားဆိုတော့ အဲလိုသဘောထားလို့ရတာပေါ့ အမေ ဒေါ်နန္ဒာ ကျတော့ ဘယ်လိုသဘောထားရမလဲ တွေးပူမိတာပါ ကိုဖိုးထောင်ရယ်"
" ဟိုနေ့က ဘဲ ဟိုဘက်ရွာက ဘုန်းကြီး တရားဟောလိုက်လို့ အမေလည်း ပုံမှန်ဖြစ်နေပါပြီဗျာ ပူမနေပါနဲ့ ဟိုဘုန်းကြီးက သူလည်းအလိမ်ခံရတဲ့ အထဲ ပါသေးတော့ အားမငယ်ဖို့ပြောဟောလိုက်တာများ ပါရမီသာရင့်ရင် ကျွတ်တမ်းတောင်ဝင်သွားမလားဘဲ"
" နေပါအုံး ကိုဖိုးထောင်ရယ် ဖြေးဖြေးပေါ့ ကြွေးလေးတော့ဆပ် သွားပါအုံးလား "
" ဗျာ ဘယ်ကကြွေးလဲဗျာ့ "
"ဟို ဟိုလေ ဟိုနေ့က အလိမ်ခံရတဲ့ ပိတ်ဆံက သူများနားချေးထားတယ်ဆို"
" သူငယ်ချင်းနားကယူထားတာပါဗျာ နှစ်သိန်းကပြန်ပေးပြီးပါပြီ သုံးသိန်းကျန်တာပါ "
"သုံးသိန်းလည်းအတိုးနဲ့ဆို ကြာရင်များလာမှာ ကိုဖိုးထောင်ရဲ့"
"ဘာ အတိုးမှ ပေးစရာမလိုဘူး အရင်းတောင် မပေးဘဲနေလို့ရတဲ့ အနေအထားရှိတယ် ဒါပေမဲ့ မပေးလို့ဘယ်ရမလဲ သူကတော့ မပေးလည်းရပါတယ်လို့တောင်ပြောထားတာဗျာ့ ဘာလို့လဲသိလား"
" ဘယ်သိမလဲ ကိုဖိုးထောင်တို့ကိစ္စကို "
"ဖိုးထောင် ကို သူ ပိတ်ဆံချေးပေးလာတာ သူ့မိန်းမ မသိဘူးတဲ့ အဲဒီပိတ်ဆံရှိမှန်းလည်းသူ့မိန်းမမသိဘူးတဲ့ဗျာ"
"ရှင်တို့ သူငယ်ချင်းတွေက အဲလောက်တောင်ခင်ကြတာကိုး "ဆိုတာနဲ့
ဖိုးထောင်တို့ ခင်မင်ရင်းနှီးကြပုံလေးတောင် ပြေပြလိုက်သေးရဲ့ဗျာ။
ဒီလိုဗျာ့ ဒီကောင်က အတော်ရိုးတဲ့ကောင်လေ သူအိမ်ထောင်မကျခင်က လူပျိုလှည့်သွားရင် ဖိုးထောင်ကို လာ လာခေါ်တာ ဖိုးထောင်က အပြောကောင်းတာဆိုတော့ သူနဲ့စာရင် ဖိုးထောင်ကိုကောင်မလေးတွေက ပိုကြည်တာဗျာ့ အဟဲ ။ဒီကြားထဲ သူတို့နာရီပျက်သွားပြီဆိုရင်လည်း ဖိုးထောင်ကိုဘဲ အားကိုးရတာကိုးဗျာ့။ အဲဒါ သူနဲ့ရသွားတဲ့ ကောင်မလေး ဆိုရင် သူ့အိမ်များဖိုးထောင်တို့ နှစ်ယောက် ရောက်သွားလို့ကတော့ လာ လာ ကိုဖိုးထောင် အဲလိုကိုခေါ်တာ သူ့နာမည်နဲ့ တစ်ခါမှတောင် မခေါ်ဘူး။ သူကတော့ နောက်ဆုံး ဖိုးထောင်ကို အားကိုးရတာလေ အဲဒီကောင်မလေးကို သူချစ်နေတဲ့ အကြောင်း ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာတွေပေါ့။
"စာပေးပေါ့ကွ " ပေါ့ ။ အဲဒီတုန်းက ခုလိုဖုန်းတွေက မပေါ်သေးတော့ စာပေးစာယူနဲ့ ချစ်ကြရတာလေဗျာ။စာကျတော့လည်း သူက မရေးတတ်ပြန်ဘူးတဲ့ဗျာ လုပ်ပါအုံးဆိုတာနဲ့ ဖိုးထောင်ဘဲရေး ပြီး သူ့ကိုယ်စား ဖိုးထောင်ဘဲပေး ပေးလိုက်ရတာဗျာ့။ ကောင်မလေးက ဖိုးထောင်ပေးတယ်မှတ်နေတာပေါ့။ နောက်တစ်နေ့တွေ့တော့မှ ကိုဖိုးထောင်ရဲ့ စာလည်းမဟုတ်ဘူးတဲ့ ။ ငါက လေပေါတာဘဲတတ်တာဟေ့ စာမှမရေးတတ်တာ ဘာညာနဲ့ ကိုယ်အသုံးမကျကြောင်း ဒီကောင်ဘယ်လောက်တော်ကြောင်း လိမ့်ပြောရတာပေါ့ ။ ကားပွဲစားတွေပြောသလို သူတို့ဆီကရောင်းမယ့် ကားများဆိုရင် ဂျပန်က ကားတွေတွေတောင် ထိုင်ငိုရမလိုမျိုးပေါ့။မသေမချင်းမှတ်ထား လူပြော မလုပ် လူလုပ်မပြောတဲ့ ဘာညာနဲ့ ပြောရတာပေါ့။ ဒီလိုနဲ့ နောက်တော့ ဒီကောင်နဲ့ အဆင်ပြေသွားတယ်ဗျာ့။ တစ်နှစ်လောက်ကျတော့ မင်္ဂလာဆောင်တယ် ဆိုပါတော့ဗျာ။ ကလေးတစ်ယောက်လောက်ရတော့မှ ကိုဖိုးထောင်တဲ့ ကိုဖိုးထောင်ရေးထားတဲ့စာတွေ အရမ်းဖတ်လို့ကောင်းတာတဲ့ ကျမတောင် ဖတ်လို့ကောင်းလို့ဆိုပြီးသိမ်းထားတာ မနေ့ တစ်နေ့ကမှ သူ့ ယောက်ျား အိမ်ထဲရှင်းရင်း မီးရှို့တဲအထဲ ပါသွားတာ နှမြောလိုက်တာ တဲ့ဗျာ။
ဖိုးထောင်လည်း ခပ်တည်တည်ဘဲ အဲဒါ ငါ့စာတွေမှ မဟုတ်တာဟာ ပေါ့
သိပါတယ် ကိုဖိုးထောင်ရယ် ခုချိန်ထိ သတ်ပုံတောင်မှန်အောင် မရေးနိုင်တဲ့ သူက ဘယ်လိုလုပ် သူ့စာလို့ပြောလို့ရမှာလဲတဲ့ဗျာ။
နင်ကလည်း ဒီအချိန် ဒါတွေ ဘာလုပ်ဖို့ လာပြောနေတာလဲ ထားလိုက်စမ်းပါပေါ့
စာတွေ နှမြောလို့ နှမြှောကြောင်းပြောတာပါ ဘာမှမဟုတ်ပါဘူး ဘာစိတ်ကူးမှလည်းမရှိပါဘူး တဲ့လေ။
ဒီအကြောင်းတွေ နားထောင်ရင်း အပျိုကြီးကတော့ ဒီလိုမှတ်ချက်ပေးတယ်ဗျာ့။
"ကိုဖိုးထောင် ဟာကလည်း ဖောင်စီးရေငတ် လက်သမား အိမ်ကောင်းမနေရ ဆိုသလိုဖြစ်နေပြီ " ဆိုပါလားဗျာ။
အဲသလို လေပေါရင်း လက်ဘက်ရည်သောက်ရင်းနဲ့ ည ၈ နာရီလောက်ကျတော့ သကြားစက်ဆီကို ကြံကားနဲ့ လိုက်သွားတယ် ဆိုပါတော့ဗျာ။ ညစာ အိမ်ပြန်စားချိန်မရှိတော့တာနဲ့ အပျိုကြီးဆိုင်မှာဘဲ ဗမာချက် ငပိရည်နဲ့ စားသွားလိုက်တယ်ဗျာ။ စားပြီးတော့ နွားနို့တစ်ခွက်တောင် တိုက်လိုက်သေး ။ လူပျိုကြီးဖိုးထောင်ကလည်း လူပျိုကြီးပီပီ တွေးမိလိုက်ပုံက တလွဲ
" နွား နို့တောင် ဒါလောက် ကောင်းနေမှတော့ ......" ဟူသတတ်။
ဆက်ပါဦးမည်။

Subscribe to:
Posts (Atom)