Sunday, April 24, 2016
အောင်​​တော်​မူ 'ဧ'​စေတီ သမိုင်း ၁
======================
 ရှမ်းပြည်​နယ်​​မြောက်​ပိုင်း ​နောင်​ချိုမြို့နယ်​ ဉာ​ဏ်​​တောအုပ်​စု ​ရွှေသွန်း​ကျေးရွာ၏ ​မြောက်​ဘက်​၌ တည်​ထားကိုးကွယ်​အပ်​​သော ​အောင်​​တော်​မူ'ဧ' ​စေတီ​တော်​ကို မြန်​မာသက္ကရာဇ်​ ၁၂၇၂ ခုနှစ်​တွင်​ ပထမ​ရွှေသွန်း​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တ သုမန ဦး​ဆောင်​​၍ ဉာဏ်​​တောရွာ ​နောင်​ချိုကြီးရွာ ​ရွှေသွန်းရွာ လွယ်​​ခေါ်ရွာ ကသဲ​မြှောင်​ရွာ စ​သော ​ရွှေသွန်း​ကျောင်းတက်​ ဒါယကာ တို့မှ တည်​ထားကိုးကွယ်​ခဲ့ကြပါသည်​။
  ၎င်း​စေတီ၏ အလှူရှင်​များမှာ အလယ်​​စေတီ​တော်​ကြီးကို ​အထက်​ပါ ​​ရွှေသွန်း​ကျောင်းတက်​ ​ကျေးရွာ များမှ အများ​ကောင်းမှုဖြင့်​ တည်​ထားခဲ့သည်​။
 အရံ​စေတီများကို ​ရွှေသွန်းရွာမှ ဦးထွန်း+​ဒေါ်ရုံ ၊ ဦးကံကြီး+​ဒေါ်မွန်းဆာ တို့နှင့်
 ဦးလွန်း​မောင်​ + ​ဒေါ်စိန်​ မိသားစု တို့မှ တစ်​ဆူစီ လှူဒါန်းပြီး လွယ်​​ခေါ်ရွာ ဦးပိုက်​ မိသားစုမှ တစ်​ဆူ လှူဒါန်းသည်​ဟု သက်​ကြီးစကားများဖြင့်​ မှတ်​သားရ​ပေသည်​။
  ပထမ​ရွှေသွန်း​ကျောင်းဆရာ​တော်​ ပျံလွန်​​တော်​မူ​သောအခါ ထိုဆရာ​တော်​၏ အရိုးဓာတ်​​တော်​များဖြင့်​ ​စေတီ​တော်​၏ အနီး ရာဟု​ထောင့်​တွင်​ အရိုးအိုး​စေတီ တည်​ထားခဲ့ပါသည်​။ယ​နေ့တိုင်​ ဖူး​တွေ့နိုင်​ပါသည်​။
 ဒုတိယ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ လက်​ထက်​တွင်​ ထီး​တော်​ တစ်​ကြိမ်​ တင်​လှူပူ​ဇော်​​ခဲ့သည့်​မှတ်​တမ်းများ​တွေ့ရှိပါ​သော်​လည်း တင်​လှူပူ​ဇော်​သည့်​ ရက်​ လ နှစ်​ ကို တိတိကျကျရှာမ​တွေ့​ချေ။
 ထိုပွဲတွင်​ ပါဝင်​ဆင်​နွဲခဲ့သူများ နှင့်​ ထိုပွဲကို မိတ်​ဆက်​မြသန်း ဇာတ်​ပွဲဖြင့်​ ​စည်​ကားစွာကျင်းပခဲ့ပုံ မှတ်​တမ်း​တွေ့ခဲ့ရပါသည်​။
 ထူးခြားချက်​မှာ ထိုစဉ်​က ထီး​တော်​ အလှူရှင်​ကို မဲချခဲ့သည်​ဟုဆိုသည်​။ ထီး​တော်​အလှူရှင်​ မဲ​ပေါက်​သူမှာ မမြရင်​ ဖြစ်​သည်​။
 ၎င်းနှစ်​မှာပင်​ စေတီ​တော်​၏ ​တောင်​ဘက်​ကပ်​လျက်​ အာရုံခံတန်​​ဆောင်း ကို ဦးစံငြိမ်း ​ဒေါ်မြဲ မိသားစုတို့မှ ​ဆောက်​လုပ်​လှူဒါန်းခဲ့သည်​။
  တတိယ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ လက်​ထက်​တွင်​ ​​အောင်​​တော်​မူ 'ဧ' ​စေတီနှင့်​ပတ်​သက်​၍ ထူးခြား​သောမှတ်​တမ်း မ​တွေ့ရှိခဲ့ပါ။
 စတုတ္ထ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ ၏ လက်​ထက်​တွင်​ ​စေတီ​တော်​၏ အ​ရှေ့ဘက်​ကပ်​လျက်​ တန်​​ဆောင်းတစ်​​ဆောင်​ကို ဦးအုံး​ဖေ ​ဒေါ်သိန်း​အောင်​ မိသားစု ​ကောင်းမှုဖြင့်​ထပ်​မံ​ဆောက်​လုပ်​လှူဒါန်းခဲ့ သည်​။
  ယခု ပဉ္စမ​မြောက်​ ​ရွှေသွန်း​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တ ဥတ္တမ လက်​ထက်​ ၁၃၄၅ ခုနှစ်​တွင်​ ရာသီဥတုဒါဏ်​​ကြောင့်​ ယိုယွင်း​နေ​သော ​စေတီ​တော်​နှင့်​ အရံ​စေတီ​တော်​ကို ပြုပြင်​ခဲ့သည်​။
 ၎င်း​နောက်​ ၁၃၆၇ ခုနှစ်​တွင်​ ​စေတီ​တော်​ ၏ ထုံးသင်္ကန်းနှင့်​ မှန်​ သင်္ကန်းအစား ​ရွှေ​ရောင်​ သင်္ကန်း ဆက်​ကပ်​ခဲ့ပြီး ပျက်​စီး​နေ​သော ဖိနပ်​ခုံအား ပြန်​လည်​ပြင်​ဆင်​ခဲ့သည်​။
                   ဆက်​လက်​​ဖော်​ပြပါမည်
    ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ
No comments:
Post a Comment