Thursday, April 28, 2016

အောင်​​တော်​မူ 'ဧ'​စေတီ သမိုင်း ၂


အောင်​​တော်​မူ'ဧ'​စေတီသမိုင်း ၂
=====================
၁၃၇၂  ခုနှစ်​ နတ်​​တော်​လဆန်း (၁)ရက်​​နေ့တွင်​ ဆရာ​တော်​နှင့်​ ​ကျေးရွာ ဒါယကာ ဒါယိကာမများ တိုင်​ပင်​စည်း​ဝေး၍ 'ဧ' ​စေတီ ရာပြည့်​ပူ​ဇော်​ပွဲ ကျင်းပရန်​ ဆုံးဖြတ်​ခဲ့ကြပါသည်​။
  ထိုပူ​ဇော်​ပွဲ မကျင်းပမှီ ​စေတီ​တော်​အား ဘက်​စုံပြုပြင်​မွန်းမံခြင်းများပြုလုပ်​ရာတွင်​ ​စေတီ​တော်​၏ ကိုယ်​ထည်​ကို ပြန်​လည်​ ​ချောခြင်း ၊ အရပ်​​လေးမျက်​နှာတွင်​ လှိုင်​ဂူ မုခ်​များထည့်​သွင်းတည်​​ဆောက်​ခြင်း၊ ရင်​ပြင်​​တော်​ ချဲ့ခြင်း ၊ အုတ်​တံတိုင်း ကာရံခြင်း ၊ အာရုံခံ တန်​​ဆောင်း ပြန်​လည်​တည်​​ဆောက်​ခြင်း ၊​စေတီ​တော်​အား ​ရွှေသင်္ကန်းဆက်​ကပ်​ခြင်း  ​ဆေးသုတ်​ခြင်းစ​သော လုပ်​ငန်း​ဆောင်​တာများ​ဆောင်​ရွက်​ခဲ့ကြသည်​။
  ထီး​တော်​ကို အသစ်​ပြန်​လည်​တင်​လှူရန်​ ဆုံးဖြတ်​ခဲ့ကြပြီး ရာပြည့်​ပူ​ဇော်​ပွဲ ထီး​တော်​အလှူရှင်​မှာ ​ရွှေသွန်းရွာ ဦးပြုံးချို + ဒေါ်ခင်​ညွန့်​ မိသားစုဖြစ်​သည်​။အရံ​စေတီ ​လေးဆူ နှင့်​ မုခ်​ ​လေးမုခ်​အတွင်း​ ထားရှိအပူ​ဇော်​ခံရန် ဆင်းထု​တော်​များကိုလည်း အသီးသီးအလှူရှင်​များက လှူဒါန်းခဲ့ကြသည်​။
 ၁၃၇၄ ခုနှစ်​ တ​ပေါင်းလပြည့်​​ကျော်​ ၁၁ ရက်​ ​နေ့တွင်​ ​​စေတီ​တော်​၏ ရာပြည့်​ ပူ​ဇော်​ပွဲကိုကျင်းပကာ လှူဒါန်းမှုအစုစုကို ​ရေစက်​သွန်​ချ အမျှ​ပေး​ဝေခဲ့ကြပါသည်​။
  ၂၀၁၅ ခုနှစ် မေ လ (၈)ရက် ၁၃၇၇ ခုနှစ်​ ကဆုန်​လပြည့်​​ကျော်​ (၆)ရက်​နေ့ညမှာ
လေပြင်းတိုက်ခတ်မှုကြောင့်​ ​အောင်​​တော်​မူ'ဧ'​စေတီ ငှက်​​ပျောဖူး နှင့်​ ထီး​တော်​မှာ မြေခသက်ဆင်းခဲ့ရပါသည်​။
 ထိုငှက်​​ပျောဖူး ကို ​ရွှေသွန်းရွာ ဦး​ကျော်​ဝင်း မိသားစုတို့မှ ပြန်​လည်​ပြင်​ဆင်​ပြီး ၁၃၇၈ ခုနှစ်​ တန်​ခူးလပြည့်​​နေ့တွင်​ အထက်​ပါ ထီး​တော်​အလှူရှင်​ ​ရွှေသွန်းရွာ ဦပြုံးချို+​ဒေါ်ခင်​ညွန့်​ မိသားစုတို့မှ ထပ်​မံတင်​လှူပူ​ဇော်​ခဲ့ကြပါသည်​။
ယခုအခါ ​အောင်​​တော်​မူ 'ဧ'​စေတီ​တော်​သည်​ကား ဆွဲလည်းသံ တညံညံဖြင့်​ ကြွားကြွားဝင့်​ဝင့်​ ငွားငွားစွင့်​စွင့်​ဖြစ်​ကာ ဖူးမြင်​ရသူ များဗိုလ်​လူတို့အား ကုသိုလ်​တိုး၍ တိုး၍ ဖြစ်​​ပေါ်​နေ​စေခဲ့ပြီဖြစ်​​ကြောင်း ​ရေးသားရင်း
      ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ

No comments:

Post a Comment