ပုံကိုကြည့်ပြီး အတော်လေးအံ့သြမိတယ်။ တိရိစ္ဆာန်နဲ့ သရေကစားနေတဲ့အဆင့်တောင်ရောက်နေပါရောလား။ အရှက်အကြောက်မရှိတော့လောက်အောင် ဘာတွေများရနေပါသလဲ။ သူ့ မိဘ ဆွေမျိုး အသိုင်းအဝိုင်းအားလုံးကရော အဲသလို အောက်တန်းစားတွေဘဲလား။ အထူးသဖြင့် အဖွဲ့အစည်း နဲ့ ဖွဲ့စည်းထားတဲ့ သူတို့ အစည်းအရုံး ဆိုတဲ့လူတွေရော အောက်တန်းစားတွေဘဲလား။ဒီလိုဘဲပြောလိုက်ချင်ပါတယ်ဗျာ။
ဖိုးထောင် ပွင့်ပွင့်လင်းလင်းဘဲပြောချင်တယ် နောက်ကစာတမ်းလေးတစ်ချက်လောက်ဖတ်ကြည့်လိုက်စမ်းပါ ကယားပြည်နယ်နေ့ အထိမ်းအမှတ်ဖျော်ဖြေပွဲ တဲ့။
ကြည့်လည်းလုပ်ကြပါအုံးလားအရပ်ကတို့ရယ်။သူ့ဟာသူ မနေနိုင်မထိုင်နိုင်ဖြစ်နေရင်လည်း သူ့အိမ်မှာ ခွေးထီးတွေနဲ့ကြိုက်သလိုနေပါ ရပါတယ် ပြောစရာမရှိပါဘူး။ အခုဟာက မြန်မာ့ တိုင်းရင်းသား ကယားတို့ရဲ့ အလေးထားရာနေ့ဖျော်ဖြေပွဲကြီးမှာ ဒီလိုလာလုပ်တာကတော့ "ရှင်တို့ ကယားယဉ်ကျေးမှုဆိုတာ ဒါဘဲထင်တယ်" လို့ ပြရာမရောက်ပေဘူးလား။ ဒါ စော်ကားတာ အရှက်တရား အကြောက်တရား ကိုအခြေခံတဲ့ မြန်မာတိုင်းရင်းသား ညီအစ်ကို ကယားတို့ရဲ့ ဝတ်စားဆင်ရင်မှုကို ပေါ်တင်စော်ကားတာပါ။
ကယားယဉ်ကျေးမှုကိုစော်ကားခြင်းဟာ မြန်မာ့ယဉ်ကျေးမှုကို စော်ကားခြင်းပါဘဲ။ဗမာလူမျိုးတွေ တိုင်းရင်းသားတွေအပေါ်ထားတဲ့ စေတနာဟာ ဒါလား ရှင်းကြပါအုံး ဆိုရင် သွေးကွဲအောင်လုပ်တယ်လို့ပြောချင်သေးလား။စော်ကားလို့ စော်ကားမှန်းရောသိကြပါသလား။
မေးပါဦးမယ် ဒီကနေ့ အသံကောင်းဟစ်နေတဲ့ လူ့အခွင့်အရေးဆိုတာ ဒါလား။ လူ့အခွင့်အရေး ဆိုတာနဲ့တင် ရှိသမျှ စည်းကမ်းတွေ ယဉ်ကျေးမှုတွေ ဖျောက်ပစ်ကြရတော့မှာတဲ့လား။ လူ့အခွင့်အရေး ဆိုတာကို ဘာမှန်းမသိတဲ့လူတွေက ရှေ့ထွက်ပြီး ပြောချင်ရာပြောနေကြတယ် လုပ်ချင်ရာလုပ်နေကြတယ်။ ဥပမာ စာရေးဆရာ ထင်လင်းဦး ပြောတာပြရရင် " ကျုပ်ပါးစပ်က သူများဆီက လ ပေးနဲ့ငှားထားတာ မဟုတ်ဘူး ကျုပ်ပါးစပ် ကျုပ်ပိုင်တယ် ကျုပ်ပြောချင်တာပြောမယ် " ဆိုတာကို လွတ်လပ်စွာပြောဆိုပိုင်ခွင့် လူ့အခွင့်အရေးလို့ထင်နေကြတယ်။ ဒါဆိုရင် ဖိုးထောင်လည်းပြောကြည့်မယ်ဗျာ "ဖိုးထောင်ရဲ့လက် ဖိုးထောင်ပိုင်တယ် ဖိုးထောင် သတ်ချင်တဲ့လူကိုသတ်မယ်" ရမှာလား လုပ်စမ်းပါအုံး ။ ထားပါတော့
လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ မှန်ကန်တဲ့ စကား အများအကျိုးရှိမယ့် စကား ဆိုရင် ဘယ်သူ့ကိုမှကြောက်နေစရာမလိုဘဲ ပြောခွင့်ရှိတာမျိုးပြောတာပါ။
ခုလို ကယားပြည်နယ်နေ့ လိုမျိုးဖျော်ဖြေတဲ့နေရာမှာလည်း မြန်မာ(ဗမာ ကယား)လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာ ဝတ်စားဆင်ရင်မှုတွေကို မထိခိုက်စေဘဲ လွတ်လပ်စွာ ဖျော်ဖြေခွင့် ရှိပါရဲ့သားနဲ့ ဒီလိုလာဖြဲပြတာကတော့ မိုက်ရိုင်းလွန်းပါတယ်။ စော်ကားလွန်းတယ် ။
သူဟာ မိမဆုံးမ ဖမဆုံးမ ပေါက်နှုတ်ပဲစားဖြစ်ကြောင်း သူ့မိဘတွေကို စော်ကားတယ်။ သူ့မိဘနဲ့သူ စော်ကားပါစေ ရသေးတယ်။ သူ့ အသိုင်းအဝိုင်း ကိုစော်ကားတယ်
အသိုင်းအဝိုင်းကိုက အောက်တန်းစားမို့လို့ သူ့ အသိုင်းအဝိုင်းနဲ့သူ စော်ကားပါ ရသေးတယ်။ အနုပညာရှင် အစည်းအရုံး ကိုစော်ကားတယ် ။ အဲဒီ အစည်းအရုံးကိုက မြန်မာ့ယဉ်ကျေးမှုကို စနစ်တကျ ဖျက်ဆီးလာခဲ့တဲ့ အစည်းအရုံးမို့လို့ စော်ကားတယ်ဆိုစေတော့ သူတို့လောကနဲ့ သူတို့ စော်ကားပါ ရသေးတယ်။အခုဟာက ကယားတစ်မျိုးသားလုံး ကိုစော်ကားတာ မြန်မာ့ယဉ်ကျေးမှုကိုစော်ကားတာ လက်ခံနိုင်စရာမရှိပါဘူး။
ဒီပွဲမှာ ခဲနဲ့ပေါက်တယ်လို့ကြားရပါတယ်။ အကြမ်းဖက်တာကို အားမပေးချင်ပေမယ့် တာဝန်မသိတဲ့ တာဝန်ရှိသူတွေ စည်းကမ်းမဲ့ အနုပညာရှင်အစည်းအရုံးတွေအတွက် ယဉ်ကျေးမှုကိုချစ်သော တန်ဖိုးထားသော သာမန်ပြည်သူတွေအတွက် တုန့်ပြန်စရာ ဒါဘဲရှိတော့ အကြမ်းဖက်တယ် ပြောခါမှပြောရော လုပ်ရတော့မှာပါဘဲ။ ကျေးဇူးပါ။
အကြံပြုချင်တာက နေရာတိုင်း ရပ်ကွက်တိုင်းမှာ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့ အဲသလိုဆွမ်းကြီးလောင်းဖို့လူတွေလိုအပ်နေပါပြီ။ အောက်တန်းကျတဲ့ အနုပညာရှင်တွေရဲ့ မြန်မာ့ယဉ်ကျေးမှုကိုစနစ်တကျဖျက်ဆီးနေမှုကို ဟန့်တားဖို့ မြန်မာတိုင်းမှာ တာဝန်ရှိပါတယ်။
ကဲ ကိုရွှေမြန်မာတို့ရေ မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ သရုပ်ပျက်ယဉ်ကျေးမှုရေစီးကြောင်းထဲမှာ သူတို့အစည်းအရုံးဆိုတာတွေ မျှောနေသရွေ့ ခင်ဗျားတို့ ကျုပ်တို့ အနည်းဆုံး ခဲတစ်လုံးလောက်နဲ့တော့ ထိန်းသိမ်းရပါလိမ့်အုံးမယ် ဆိုတဲ့အကြောင်း
ဖိုးထောင်
22.1.2016
No comments:
Post a Comment