Thursday, January 28, 2016

ဘကြီးတာဝန်​​ကျေပါသည်​။

    ဘာလိုလိုနဲ့ ဘကြီးစိန်​ရဲ့ ငါးနှစ်​သက်​တမ်း​လေး​တောင်​ပြည့်​သွားပါ​ရောလားဗျာ။ ဘကြီးစိန်​တာဝန်​​ကျေပါတယ်​ဗျာ။ဘကြီးစိန်​တာဝန်​ယူခဲ့တဲ့ ငါးနှစ်​သက်​တမ်းမှာ မြန်​မာနိုင်​ငံကို နိုင်​ငံတကာအလယ်​မှာ အ​တော်​​လေး လူရို​သေရှင်​ရို​သေဖြစ်​သွားခဲ့တယ်​။ အားနည်းချက်​​တွေ လိုအပ်​ချက်​​တွေ တစ်​​ပွေ့ တပိုက်​နဲ့ မြန်​မာနိုင်​ငံကို ငါးနှစ်​ဆို​သော သက်​တမ်း​လေးနဲ့ ပြီးပြည့်​စုံ​အောင်​​တော့ ဘကြီးဘယ်​စွမ်းနိုင်​လိမ့်​မလဲ ဘကြီးရယ်​ ။ ဘကြီးက ဖန်​ရှင်းရှင်​မှ မဟုတ်​တာ။
    ဒီက​နေ့ပြည်​သူ​တွေ ​လက်​သန်း​လေးကို မင်​ဆွတ်​ပြီး​ရွေးချယ်​ခွင့်​​ပေးခဲ့တယ်​။ ပြည်​သူ​တွေလိုချင်​တဲ့ ရလာဘ်​ကို ဘကြီးရဲ့ သ​ဘောထားကြီးမားမှုနဲ့ ​ပေးခဲ့တယ်​။ "ငါတို့လက်​သန်းကိုမင်​ဆွတ်​ပြီး​ပေးလို့ဖြစ်​လာတာပါကွ" ဆိုတာမျိုး အသံ​ကောင်းဟစ်​​နေတာ ဘကြီးကြား​ကောင်းကြားပါလိမ့်​မယ်​။ ဖိုး​ထောင်​ထင်​တယ်​ အဲဒီအသံဟာ ဘကြီးကို ရွဲ့​အော်​တယ်​ဆိုရင်​​တောင်​ ဘကြီး​ကျေနပ်​​နေမှာပါ။ ဘာလို့လဲဆို​တော့ ဘကြီးပြည်​သူ​တွေအ​ပေါ်မှာ ထားတဲ့​စေတနာဟာ သာမန်​မှမဟုတ်​တာ။ ပြီး​တော့ ဘကြီး လိုချင်​တဲ့ရလာဘ်​က ဒါဘဲမလား။ဒီလိုအသံမျိုးကြားလို့ ဘကြီး စိတ်​တို​ပြီးခံပြင်း​နေမယ်​လို့ လူမိုက်​​တွေတွက်​ဆထားတယ်​ ။ ဘကြီးကိုယ်​စား ဖိုး​ထောင်​ ရယ်​ချင်​​နေမိတယ်​။ ဘကြီးအ​နေနဲ့​တော့ ပြုံးရုံပြုံးမှာ​ပေါ့။
   တကယ်​ဆိုဘကြီးရာ ဘကြီးမှာ ရာထူး အာဏာ လက်​နက်​ ​ငွေ​ကြေး အပြည့်​အစုံ ရှိ​နေတာဘဲ ဘာလုပ်​ဖို့ မင်​ကုန်​ခံ အချိန်​ကုန်​ခံ စာရွက်​ကုန်​ခံ အလုပ်​ပျက်​ခံပြီး ဘာလို့​ရွေးခိုင်း​နေမှာတုန်းဗျာ။ ဒီအတိုင်း​နေလည်းဖြစ်​​နေတာပါဘဲ။ တစ်​နိုင်​ငံလုံးမွဲပြာကျသွားလည်း ဘကြီးတို့က အ​နေသာကြီးပါ။ ဘကြီးတို့ကအလွတ်​ကြီးဘဲ။ ဒါ​ပေမယ့်​ အဲလိုပတ်​ဝန်းကျင်​မှာကြီးပြင်းလာတဲ့ ဘကြီး အဲသလို စိတ်​မရှိခဲ့ဘူး။ ဒီက​နေ့ ပြည်​သူ​တွေ ​ရွေးချယ်​ခဲ့တဲ့လူ​တွေဟာ​ရော တစ်​ချိန်​က အကျဉ်းသား​တွေဘဲ ဘကြီးအ​နေနဲ့ အဖက်​လုပ်​စရာမရှိပါဘူး။ အကျဉ်း​စံ ဘဝက​နေလွတ်​​ပေးရုံဆိုရင်​​တောင်​​တော်​​ရော​ပေါ့။ ဒါ​ပေမယ့်​ ဘကြီး သ​ဘောထားကြီးခဲ့တယ်​ လူကိုလူလိုမြင်​ခဲ့တယ်​။ လူသားအရင်းအမြစ်​ရဲ့တန်​ဖိုးကို နားလည်​ခဲ့တယ်​။
 ဘကြီးရဲ့ ​စေတနာ​တွေ ​မေတ္တာ​တွေ ကို နားလည်​လာတဲ့တစ်​​နေ့ ပြည်​သူ​တွေ ဘကြီးကိုပြန်​သတိရ​နေကြအုံးမှာပါ။ ဒါ​ပေမယ့်​ မရဖူး​သေးတဲ့ အရာကြီးကို ခုမှရဖူးတဲ့ ပြည်​သူ​တွေအတွက်​ ဘယ်​က​နေ ဘာ စ လုပ်​ရမှန်းမသိဖြစ်​​နေအုံးမယ်​ဆို​တော့ ဘကြီးရဲ့​စေတနာ​တွေကို မမြင်​နိုင်​​သေးတာ​ရော ဘကြီးနားလည်​​ပေးထားပြီးသားဖြစ်​မှာပါဗျာ။ 
   ဘာဘဲ​ပြော​ပြော ဒီက​နေ့ပြည်​သူ​တွေ ကိုယ်​တိုင်​ဖန်​တီးခွင့်​ရှိလာတာဟာ ဘကြီးစိန်​ရဲ့ ​စေတနာ​တွေပါဝင်​​နေတယ်​ဆိုတာ​တော့ ​သေချာပါတယ်​။ "​အေး ငါ့ ​စေတနာကို နားလည်​ရင်​ ​နောက်​​ကြောင်းပြန်​မလှည့်​​အောင်​သာ ချီတက်​ကြ​ပေ​တော့" လို့ ​ ဘကြီး မ​ပြောဘူးဆိုရင်​​တောင်​ ​ပြောသကဲ့သို့ ဖိုး​ထောင်​ မြင်​​နေမိတယ်​ဗျာ။
     ဘကြီးစိန်​ သက်​​တော်​ရာ​ကျော်​ရှည်​ပြီး လိုရာပန်းတိုင်​လှမ်းကိုင်​နိုင်​ပါ​စေဟု ဆု​တောင်းလျက်
                                   ဖိုး​ထောင်
                               28-1-2016

No comments:

Post a Comment