Tuesday, January 26, 2016

မြန်​မာ့အနုပညာရှင်​များမှ မြန်​မာ့ယဉ်​​ကျေးမှုကို စနစ်​တကျ ဖျက်​ဆီး​နေ

    မြန်​မာ့ ယဉ်​​ကျေးမှုကို စနစ်​တကျ ဖျက်​ဆီး​နေသူများထဲတွင်​ မြန်​မာ့ရုပ်​ရှင်​ ဗွီဒီယို သရုပ်​​ဆောင်​များ နှင့်​ သဘင်​အစည်းအရုံးက ထိပ်​ဆုံးမှပါဝင်​​ကြောင်း သတင်းရရှိပါသည်​။
   မြန်​မာ့ ရုပ်​ရှင်​ ဗွီဒီယို သရုပ်​​ဆောင်​တို့၏ အဆင့်​အတန်းမှာ တိုင်းတာစရာ မရှိ​လောက်​​အောင်​ညံ့ဖျင်း​နေပြီး ယဉ်​​ကျေးမှုကို ဖျက်​ဆီးရာမှာ​တော့ မင်းသမီးအများစုဟာ မိမဆုံးမ ဖမဆုံးမ ဟုဆိုရ​လောက်​​အောင်​ အရှက်​အ​ကြောက်​နည်းလာ​ကြောင်းလည်းခိုင်​မာသည့်​သတင်းရပ်​ကွက်​ကဆိုသည်​။
   ၎င်းကိစ္စ နှင့်​ပတ်​သက်​၍ ဗွီဒီယို ထိုင်​ကြည့်​​နေ​သော လူတစ်​​ယောက်​က
   " လွန်​ခဲ့တဲ့ နှစ်​​တွေက မြန်​မာနိုင်​ငံကို ဒီမိုက​ရေစီ စနစ်​ နဲ့ အ​ပြောင်းအလဲလုပ်​အုပ်​ချုပ်​လာပြီး​နောက်​ပိုင်း မြန်​မာ့ အနုပညာ​လောကလည်း ပိုပြီးရိုင်းစိုင်းလာတယ်​ သူတို့အစည်းအရုံး​တွေလည်း ဘာစည်းကမ်းမှရှိပုံမတူဘူး ဆင်​ဆာအဖွဲ့ မလိုအပ်​ဘူးဆိုလို့လည်း ဖျက်​သိမ်း​ပေးပြီးပြီ သရုပ်​​ဆောင်​ပိုင်း​တွေမှာတိုးတက်​လာတာ​တော့ ဘာတစ်​ခုမှမ​တွေ့ရ​သေးပါဘူး။ လူရွှင်​​တော်​ ပျက်​လုံး​တွေကအစ ​အောက်​ပိုင်းအဆင့်​ကကိုမတက်​တဲ့ အ​နေအထားဆို​တော့ ဝန်​​လေးပါတယ်​ဗျာ "ဟု ​ပြောဆိုသွားသည်​။
    ဒီမိုက​ရေစီ စနစ်​မှာ တားမြစ်​ချက်​ ကန့်​သတ်​ချက်​​တွေ မရှိသဖြင့်​ လွတ်​လပ်​စွာ သရုပ်​​ဆောင်​နိုင်​တယ်​ဆိုတာ​ရော တစ်​ချက်​​လောက်​ ရှင်းပြ​ပေးဖို့​ပြော​တော့
  " နိုင်​ငံကို ဘာစနစ်​နဲ့ အုပ်​ချုပ်​ အုပ်​ချုပ်​ ငါတို့ဟာ မြန်​မာလူမျိုး​တွေ​လေ မြန်​မာလူမျိုးဟာ မြန်​မာ့ယဉ်​​ကျေးမှုကို​တော့ တန်​ဖိုးထားထိန်းသိမ်းရမှာ​ပေါ့။ ဒီမိုက​ရေစီ စနစ်​နဲ့ အုပ်​ချုပ်​တာနဲ့ မင်းအိမ်​​ရှေ့က ကားပိတ်​မရပ်​ရ ကားအဝင်​ အထွက်​ရှိသည်​ ဆိုတဲ့ ဆိုင်းဘုတ်​ဖြုတ်​​ပေးရမှာလား။ဖြုတ်​​ပေးစရာမလိုဘူး အဲဒါက မင်းအိမ်​စည်းကမ်း​လေ။ ဒီလိုဘဲ ကိုဖိုး​ထောင်​ မြန်​မာ့ယဉ်​​ကျေးမှုဟာ မြန်​မာတို့ရဲ့ အိမ်​စည်းကမ်းဘဲ။ ဒီစည်းကမ်းကို ထိန်းသိမ်းဖို့ အိမ်​​ထောင်​ဦးစီးဖြစ်​တဲ့ သူတို့ အစည်းအရုံးမှာ တာဝန်​ရှိတယ်​ ။ ​နေရာရရင်​ ​ကျေနပ်​​နေတဲ့ လူစားမျိုး​တွေဆို​တော့ သိ​တောင်​သိပုံမတူပါဘူး" ၎င်း မှ ဆက်​လက်​​ပြောကြားသွားသည်​။
  မြန်​မာ့ရုပ်​ရှင်​ နဲ့ ဗွီဒီယိုကို ကြည့်​ရှုအား​ပေးသူ အများစုမှာ စဉ်းစားဉာဏ်​မရင့်​​သေး​သော အမျိုးသမီးနှင့်​ က​လေးများသာဖြစ်​​ကြောင်း နည်းနည်း​လောက်​စဉ်းစားဉာဏ်​ရှိ​သော လူများမှာ သရုပ်​​ဆောင်​မှု မတိုးတက်​​သော ဇာတ်​လမ်းဇာတ်​ကွက်​ ​တွေအတွက်​ အချိန်​မ​ပေးနိုင်​​သဖြင့်​ မကြည့်​ကြ​တော့ကြောင်းလည်းသိရသည်​။
   မည်​သို့ပင်​ဆို​စေကာမူ မြန်​မာ့ယဉ်​​ကျေးမှုကို စံပြထိန်းသိမ်းရမည့်​ မြန်​မာ့ အနုပညာရှင်​များသည်​ ထိန်းသိမ်းမှုမရှိ​တော့ခြင်း သက်​ဆိုင်​ရာ တာဝန်​ရှိသူအစည်းအရုံးမှ စည်းကမ်းဖြင့်​ ဥပ​ဒေ​ဘောင်​အတွင်းက​နေ မထိန်းသိမ်းခြင်းတို့​ကြောင့်​ မြန်​မာ့ယဉ်​​ကျေးမှုကို ချစ်​မြတ်​နိုး​သော သာမန်​ပြည်​သူများမှ ထိန်းသိမ်းရ​တော့မည့်​အ​ခြေအ​နေရှိ​ကြောင်း ၎င်းနှင့်​ပတ်​သက်​၍ လူကြီးတစ်​​ယောက်​မှ အခုလို ​ပြောကြားသွားသည်​။
   "သူတို့က ကိုယ်​ပိုင်​အသိတရား​တွေ စည်းကမ်း​တွေနဲ့ ​ဘောင်​ထဲက​နေ မထိန်းသိမ်း​တော့လည်း ကိုယ့်​ရပ်​ကွက်​ထဲက လူငယ်​​တွေအ​နေနဲ့ အဲလို ပရမ်းပတာဇာတ်​ပွဲမျိုး​တွေ ပွဲထွက်​လာရင်​ ဆွမ်းကြီးဝိုင်း​လောင်းပြီး ထိန်းသိမ်းကြရုံရှိ​တော့တာဘဲ ပြီး​တော့မှ ဘယ်​လိုရှင်းရရှင်း​ရပေါ့။ အခုဟာက ယိုသူမရှက်​ မြင်​သူရှက်​ ဖြစ်​​နေပြီ " ဟု ​ပြောဆိုသွား​ကြောင်း သတင်းရရှိပါသည်​။
                                            ဖိုး​ထောင်
                                        26-1-2016
 

No comments:

Post a Comment