Sunday, January 24, 2016
WY ​ဆေးပြားများဝင်​​ရောက်​ဖမ်းဆီး
  ==================
   ရွာသူရွာသားအများစုမှာ မမြင်​ဘူး​သောမြင်​ကွင်းဖြစ်​​သော​ကြောင့်​ အံ့သြမှင်​သက်​မိ​နေကြ​ကြောင်းလည်းသိရသည်​။
  ထိုကိစ္စနှင့်​ပတ်​သက်​၍ အမျိုးသမီးတစ်​​ယောက်​မှ
" တို့ တစ်​သက်​လုံး​နေလာတာ ရွာမှာရဲအများကြီးနဲ့ လာဖမ်းတာဆိုလို့ ဒီတစ်​ခါပထမဆုံးမြင်​ဖူးတာဘဲ​ ​နောက်​ဆုံးအကြိမ်​ဖြစ်​ပါ​စေလို့လည်းဆု​တောင်းပါရဲ့ ဘာလို့လဲဆို​တော့ ရွာထဲ ရဲဝင်​ လာဘ်​မရွှင်​ လို့ကြားဖူးထားလို့ပါ"ဟု
ပြောကြားသွားသည်​။
    ဥပ​ဒေ အ​ကြောင်းနည်းနည်းပါးပါးနားလည်​သူတစ်​​ယောက်​က​တော့
 "ရဲ​တွေက ရွာကသက်​ဆိုင်​ရာ တာဝန်​ရှိသူ​တွေကိုအ​ကြောင်းကြားသလားမကြားလား​တော့ မသိပါဘူး သူတို့ဟာသူတို့ တိုက်​ရိုက်​ဝင်​စစ်​ရှာ​ဖွေဖမ်းဆီးသွားတယ်​လို့ထင်​ရတယ်​ သူတို့ရဲ့ရှာ​ဖွေပုံစံဟာ ​မေးခွန်းထုတ်​စရာပါ" ဟု ​ပြောဆိုသွားပြီး ရဲ​တွေကို အားမလိုအားမရ ဖြစ်​​နေသူ အများစုက​တော့
  "ကင်း​ခြေများ​ခြေတစ်​​ချောင်းကျိုးလို့ အသွားမပျက်​သလို ဒီ​ဆေးပြားသည်​ တစ်​​ယောက်​ဖမ်းပြလိုက်​ရုံနဲ့​တော့ သုံးစွဲသူ​တွေအတွက်​ ဘာမှမထိ​ရောက်​​လောက်​ပါဘူး ဘာလို့လဲဆို​တော့ ရွာတိုင်း​ဆေးပြား​ရောင်းတဲ့အိမ်​ရှိ​နေမှ​တော့ ဒီအိမ်​က ဖမ်းရင်​ ဟိုအိမ်​ သွားဝယ်​လို့ရ​နေတာဘဲ ဒီရွာမှာအ​ခြေအ​နေ မ​ကောင်းရင်​ ဟိုဘက်​ရွာသွားဝယ်​မှာ​ပေါ့ ဆိုင်​ကယ်​နဲ့​ပြေး ဘယ်​​လောက်​​ဝေးတာမှတ်​လို့ ဒီတစ်​ယာက်​ဖမ်းပြရုံနဲ့​တော့ စုတ်​ပြတ်​သပ်​​နေတဲ့ သူတို့ရဲတပ်​ဖွဲ့ ဂုဏ်​သိက္ခာ အ​ရောင်​မလက်​လာနိုင်​​သေးပါဘူး"ဟု လူကြီးတစ်​ယာက်​​ပြောဆိုသွားသည်​။
  " ရွာက လူငယ်​​တွေကိုဖျက်​ဆီး​နေတဲ့ မူးယစ်​​ဆေး​ရောင်း​သူတစ်​ဦးကို ရဲစခန်းက တာဝန်​ယူသွားပြီဆို​တော့ သုံးရက်​​လောက်​​တော့ငြိမ်​သွား​လေမလားမသိဘူး ကိုဖိုး​ထောင်​​ရေ" ဟု ​လူငယ်​တစ်​​ယောက်​က ​ပြောကြားသွား​ကြောင်း တင်​ပြရင်း
    မှတ်​ချက်​= မှုခင်းနှင့်​ပတ်​သက်​​သော သတင်းတာဝန်​ခံ မဟုတ်​ပါ၍ တရားခံအမည်​များ ရဲအုပ်​အမည်​များ ​​ဖော်​ပြမထားပါ။ ​ကျေးလက်​သတင်းပုံစံအတိုင်းသာ​ရေးသားပါသည်​။
                                  ဖိုး​ထောင်
                             ၂၄ ၊ ၁ ၊ ၂၀၁၆
No comments:
Post a Comment