Saturday, January 30, 2016

ရည်​ရွယ်​ချက်​ရှိရှိ ပယ်​ဖျက်​ကြ​တော့မည်​။

   ဘာတဲ့ ခုတ​လောကြား​နေရတယ်​။ အက္ခရာ ရှစ်​လုံးကို က​လေး​တွေအတွက်​ခက်​လို့ ဒါမှမဟုတ်​မြန်​မာစာမှာ အသုံးနည်းလို့ ပယ်​ဖျက်​တယ်​ဆိုတာ ဟုတ်​သလားဗျာ။
  ဇာတ်​လမ်း​တော့ စပြီထင်​ပါတယ်​။ ခက်​တယ်​​ပြောရ​အောင်​ ကကြီး ခ​ခွေး မဆိုတတ်​တဲ့ ပထမတန်းက​လေးမရှိ​လောက်​ပါဘူး။မြန်​မာစာမှာ အသုံးနည်းလို့ ဆိုရ​အောင်​ ကလည်း ဒီနိုင်​ငံ ဒီယဉ်​​ကျေးမှု ဒီဘာသာတရားအတွက်​ မရှိလို့ဖြစ်​ပါ့မလား။
  ဖိုး​ထောင်​တို့ရွာဓ​လေ့​လေးနဲ့​ပြောချင်​တယ်​ဗျာ။ ​နွေရာသီ ​ကျောင်းပိတ်​ရက်​ ဆိုတာနဲ့ ဖိုး​ထောင်​တို့ က​လေး​တွေ ဘုန်းကြီး​ကျောင်းသွားရပါပြီ။ ဘုရားစရှိခိုး ဆွမ်း​တော်​ကပ်​ ပန်း​တော်​ကပ်​ ​မေတ္တာပို့ အမျှ​ဝေ စတာ​တွေသင်​ရပါပြီ။
 ပထမတန်းက​နေ စသင်​ကြားရတာပါ။ ပထမဆုံး ဖိုး​ထောင်​တို့ တန်း​ကျောင်းမှာ အ​တွေ့နည်းပါးတဲ့ သြ အက္ခရာ​တွေ ဣ ​တွေ အကြိမ်​ကြိမ်​သင်​ခဲ့ရပါတယ်​။ အဆိုခက်​ အမှတ်​ခက်​ အက္ခရာ​တွေ စာလုံးဆင့်​​တွေနဲ့ ပျင်းရိဖွယ်​​ကောင်း​အောင်​သင်​ခဲ့ကြရပါတယ်​။ အဲဒီ အစား ကဗျာ​တွေ သံ​ပေါက်​​တွေ ပုံပြင်​​တွေနဲ့ ခရီးဆက်​ရင်း ​နောက်​ပိုင်းမှာ​တော့ လွယ်​ကူသွားခဲ့တယ်​ဆိုပါ​တော့။
အခု​တော့ ယဉ်​​ကျေးမှု သင်​တန်းဆရာ​တွေ အ​နေနဲ့ ​နောက်​ပိုင်းက​လေး​တွေကို ပယ်​လိုက်​တဲ့ အက္ခရာ​တွေ ပြန်​သင်​​နေဖို့ အချိန်​​ပေးရပါ​တော့မယ်​။ အချိန်​ပို​တွေ ကျူရှင်​​တွေ မဖွင့်​ခင်​ အချိန်​လုသင်​​နေရတဲ့ကြားထဲ အလုပ်​ပို​တွေလုပ်​​နေရ​တော့မယ်​။ က​လေး​တွေလည်း ဘာမှ မတတ်​​သေးခင်​ ဘုန်းကြီး​ကျောင်းက ယဉ်​​ကျေးမှုသင်​တန်းကို ​ကျောခိုင်းပြီး ​နောက်​နှစ်​အတန်းအတွက်​ လုံးပန်းရ​တော့မယ်​။ ရင်​​လေးစရာပါလားဗျာ။
 ဒါ က​လေးတိုင်းမသွားတဲ့ အ​နေအထားပါ။ ဒီအ​ခြေအ​နေမှာ ဒီအက္ခရာ ရှစ်​လုံးကို ပါယ်​ဖျက်​တယ်​ဆိုတာ ဘယ်​လို​ပြော​ပြော ​သွေးရိုးသားရိုးမဟုတ်​တာ​တော့ ​သေချာတယ်​။ က​လေး​တွေကို ဘုန်းကြီး​ကျောင်းနဲ့​ဝေး​အောင်​ ဖန်​တီးထားတယ်​ဆိုတာ ​သေချာ​နေပါပြီ။
   ဖိုး​ထောင်​အမြင်​ ပွင့်​ပွင့်​လင်းလင်း​ပြောချင်​တယ်​ဗျာ။
မြန်​မာနိုင်​ငံ​ရေး ဇာတ်​ခုံ​ပေါ် တက်​က​နေတဲ့ အများစု ဗုဒ္ဓ ဘာသာ အမတ်​​တွေဟာ ကိုယ့်​ဘာသာရဲ့ အနှစ်​သာရကို မသိကြပါဘူး။ ​နောက်​တစ်​ခုက အနည်းစု ဘာသာခြား​တွေရဲ့ ကိုယ့်​ဘာသာကို မသိမသာဖျက်​​နေတာကို ဖျက်​​နေမှန်းမသိကြပါဘူး။ အခု အက္ခရာ​တွေကို မလိုအပ်​ဘဲ ဖျက်​ဆီးခြင်း​တွေစလာပြီ။ အဲဒီ အက္ခရာ​တွေက ဘယ်​မှာ အသုံးများမှန်းမသိ ဘယ်​မှာသွားထိခိုက်​မှန်းမသိ။ အဲသ​လောက်​ညံ့ဖျင်း​နေတာများ လစာရချင်​​သေးတယ်​။
ရှက်​တတ်​ရင်​​ကောင်းမယ်​ ရှက်​ရမှန်း​တောင်​သိမယ့်​ပုံမ​ပေါ်ပါဘူး။ ဖိုး​ထောင်​တို့ မြန်​မာနိုင်​ငံကို ဒီလို အ​သေးအမွှား​လေး​တွေက​နေစပြီး တဖြည်းဖြည်း  ဝါးမြိုဖို့ လုပ်​လာ​နေပြီဆိုတာက​တော့ ​သေချာ​နေပါပြီ။ မဖြစ်​နိုင်​ပါဘူး ဖိုး​ထောင်​ရာ လို့​ပြော​ကောင်း​ပြောပါလိမ့်​မယ်​ အဲဒီလူဟာ ဘာသာခြားမဟုတ်​ပါဘူး ။ ဗုဒ္ဓဘာသာဘဲဖြစ်​မှာပါ ။ ဘာလို့လဲသိလား တတ်​​ယောင်​ကား​တွေများလို့ တစ်​ဖက်​က ရည်​ရွယ်​ချက်​ကိုမသိလို့ ညီညွတ်​မှုမရှိလို့ ဆိုတာ​သေချာပါတယ်​။ ဘာသာခြား​တွေက ဒီအချက်​ကို သိ​နေတယ်​ ​လေ ။ စနစ်​တကျကို စီမံထားတာ ။ များများ အ ရင်​ မြန်​မြန်​ကုန်​မယ်​။ နည်းနည်း အ ရင်​​ဖြေး​ဖြေးကုန်​မယ်​ ဒီလိုသာမှတ်​လိုက်​ကြပါ​တော့ဗျာ။
                                      ဖိုး​ထောင်

 

No comments:

Post a Comment