Saturday, January 16, 2016
WY ဆေးပြားများရောင်းဝယ်သုံးစွဲသူများနေ
" နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု ရွှေသွန်းကျေးရွာတွင် WY ဆေးပြားများ လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကား သုံးစွဲလျက်ရှိနေ"
=======================
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု ရွှေသွန်းကျေးရွာ ( ယခင် ဖာသွန်းကျေးရွာ) တွင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ နောင်ချိုပြည်သူ့ရဲတပ်ဖွဲ့မှ ငွေကြေးရယူကာ အရေးယူခြင်းမရှိသဖြင့် လွတ်လပ်စွာ ရောင်းဝယ်ဖေါက်ကား သုံးစွဲနေကြကြောင်းသတင်းရရှိပါသည်။
ထိုသို့ရောင်းဝယ် သုံးစွဲနေကြသဖြင့် ကျေးရွာမှ လူငယ် လူလတ် အများစုမှာ ဆေးသမားများဖြစ်နေပြီး တစ်ချို့လူကြီးများ အမျိုးသမီးများပင် သုံးစွဲနေကြသည်ဟုသိရသည်။
ထိုသို့သုံးစွဲနေကြသဖြင့် တစ်ချို့ဆေးကြောင်ကြောင်နေပြီး ညဘက်တွင် မအိပ်ဘဲ ရွာထဲလှည့်ပြဿနာ ရှာနေသဖြင့် လုံခြုံမှုမရှိတော့ကြောင်း အမျိုးသမီးများဆိုလျင် အချိန်ပြည့် စိုးရိမ်နေကြကြောင်း သိရသည်။
တစ်ချို့မိဘများဆိုလျင် သူတို့၏သားများအတွက် စိတ်ပူနေကြသည်။
ထိုကိစ္စကို ရဲစခန်းသွားတိုင်လျင်လည်း တိုင်ပြီးရွာပြန်မရောက်ခင် ကျွဲနွားများ ဓားခုတ်ခံရခြင်း ကြံခင်းမီးရှို့ခံရခြင်းများကြုံတွေ့ရပြီး အသက်အန္တရာယ်ပင် လူမိုက်ဆန်ဆန် လာရောက်ခြိမ်းခြောက်ခံရတတ်သဖြင့် မတိုင်ရဲကြကြောင်းသိရသည်။
၎င်းကိစ္စ နှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးမှ " ဒီကိစ္စဟာ ဒီရွာမှာတင်မဟုတ်ပါဘူး ရွာတိုင်းနီးပါးဖြစ်နေတာပါ။ ကျွန်တော်တို့ကိုယ်တိုင် သွားဖမ်းပြန်တော့လည်း သူ့တို့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အာဏာလေးရှိတော့ လုပ်ထားပေါ့ ဘာညာနဲ့ လူကိုရန်မရှာဘူး ဆိုရင်တောင် ကြံခင်းမီးရှို့တာတို့ဘာတို့လုပ်လာတော့ ကျနော်တို့ ပြည်ထဲရေးဌာန နောင်ချိုရဲစခန်းကို အချိန်မရွေးလာဖမ်းပါ လိုအပ်တဲ့ အကူအညီပေးမယ် လို့တော့ပြောထားပါတယ်။ သူတို့ဆီမှာလည်း ဘယ်သူရောင်းဝယ်ဖေါက်ကားတယ် ဆိုတဲ့စာရင်းတွေရှိနေတယ်ဗျာ့ ။ဘာလို့အရေးမယူတာလဲတော့ ကျနော်တို့လည်းမသိဘူး"ဟု ပြောကြားသည်။
မုဆိုးမ တစ်ယောက်ကလည်း
" ခောတ်ကြီးကလည်း ဘယ်လိုတွေဖြစ်ကုန်တယ် မသိပါဘူး ဟိုးတုန်းက ဆေးပြားဆိုတာကြားဖူးရုံ ကြားဖူးတာ ခုတော့ ရွာထဲမှာပြန့်နေတယ်တဲ့။ နှစ်ထောင်လောက်တန်တဲ့ပစ္စည်းဆိုရင် အိမ်အပြင်မှာထားလို့မှ မရတော့ ခိုးသွားပြီး သွားလဲရှူကြတယ်ထင်တာဘဲ"ဟုပြောကြားသည်။
ဆေးသုံးစွဲသူ လူငယ်တစ်ဦးပြောကြားရာမှာတော့
" ဒီဆေးပြားတွေ ရောက်လာခါမှ အိမ်ကို ပိုက်ဆံပြန်အပ်ရတယ်ကိုမရှိပါဘူး။ရှူပြီးမူးသွားရင်တော့ နောက်နေ့မရှူတော့ဘူးလို့ဆုံးဖြတ်ထားတာဘဲ ။အချိန်ကျလာတော့လည်းမရှူရ မနေနိုင်ဘူးဗျာ့။ အဲတော့ ရှိတဲ့ပိုက်ဆံနဲ့ သွားဝယ်ရှူတာပေါ့။ မရှိတော့လည်း အိမ်မှာလိမ်တောင်းပေါ့။ မပေးတော့လည်း ခိုးပေါ့။ ငွေ ခိုးမရရင် ပစ္စည်းခိုးရောင်းပေါ့။ ကိုယ့်အိမ်မှာမရှိ သူများအိမ်မှာသွားခိုးပေါ့။ မပျောက်ချင်ရင် လုံအောင်သိမ်းထားလေ ဒါဘဲ အချိန်ကျရင် မရှူရရင်မှ မနေနိုင်တာ နေအုံးဗျာ့ ကျနော့်နာမည်လည်း ထည့်မရေးနဲ့အုံး ခင်ဗျားသိချင်တယ်ဆိုလို့ ပွင့်ပွင့်လင်းလင်းပြောတာ" ဟု ပြောကြားသည်။
ဆေးရောင်းသူတစ်ဦးကတော့
" လောလောဆယ် ငွေပေါ်တဲ့အလုပ်ကဒါဘဲရှိတာဗျာ့။ ဒါမှမလုပ်ရင်လည်း သားမယားတွေနဲ့ဆိုတော့ မရောင်းချင်လည်း စားဝတ်နေရေးအရ ရောင်းနေရတာပါဘဲ "ဟုပြောကြားသည်။
အုပ်ချုပ်ရေးတွေက အရေးမယူဘူးလားမေးတော့
"သူတို့ကတော့ ဖြစ်လာရင် လုံးဝတာဝန်ယူဖြေရှင်းမပေးဘူးလို့ဘဲပြောထားတယ်ဗျာ့ ရဲတွေ ဘာတွေကိစ္စ ကတော့ ကိုယ့်ဟာကိုယ် ပိုင်အောင်လုပ်ပေါ့" ဟု ဆိုသည်။
ရဲတွေနဲ့ရော ဘယ်လိုအဆင်ပြေအောင်လုပ်သလဲ မေးတော့
"တစ်ခြားမြို့နယ်က ရဲတော့ မသိဘူး နောင်ချိုရဲတွေကတော့ (ကန်တော့နော်) ဖာသည်မလောက်တောင် အဆင့်မရှိဘူးဗျာ့ ငွေပေးတယ်ဆိုတိုင်း ဖာသည်မ ကိုအကုန်လုပ်ခိုင်းလို့ မရဘူးဗျာ့။ နောင်ချိုရဲက ငွေပေးရင်အကုန်ရတယ် ။ ရမှာပေါ့ သူတို့လည်း ရှူတာဘဲဥစ္စာ"ဟု ခပ်ရိုင်းရိုင်းပြောဆိုသွားသည်။
ဖိုးထောင်
16.1 .2016
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment