ရုပ်ရှင်လောကသို့ပေးစာတစ်စောင်
$$$$$$$$$$$$$$$$$$$
ရုပ်ရှင်လူသား ဆိုသူများတို့
တိုပြတ်ဒူးပေါ် ရင်သားပေါ်မှ
ပါးစပ်ခြင်းတေ့ နှုတ်ခမ်းရွေ့လျှက်
လူကြမ်းဘီလူး ရာဂပူးဟန်
ပုံသဏ္ဌာန်ကို ပြင်နှင့်တူစွာ
ဖော်ပြနိုင်မှ ကမ္ဘာ့ရုပ်ရှင်
မှီနိုင်သည်ထင် သင့်စိတ်သွင်ကား
ပညာမပါ ဗလာသာတည်း။
သင်တို့ထင်ရာ တိုးတက်လာသည့်
ဗွီဒီယိုရုပ်ရှင် သရုပ်ဆင်ကို
မိဘသားသမီး စုံကာစည်း၍
အတူထိုင်ကာ မကြည့်ရာဘူး။
ပညာမပေး ကြင်ရာပေး၍
ငယ်ရွယ်ချိန်ခါ ချစ်တတ်လာလျက်
မိဘဆရာ လိမ်ညာကာဖြင့်
ကျောင်းလစ်ကျောင်းပြေး ဝရမ်းပြေးသာ
စင်စစ်မကွာ ဖြစ်ရရှာသည်
ဒီခေတ်ရုပ်ရှင် ယဉ်ကျေးစင်အောင်
အဖျက်သဘော အမြဲနှောကာ
ပြုကြသည်ပင် ထင်မြင်ပါ၏
ထင်ပါ၏။
မနေသာ၍ရေးသားရသည်
ဝေဖန်နိုင်ပါစေ။
ရုပ်ရှင်လောကသားအားလုံး
မြန်မာ့ယဉ်ကျေးမှုအလေးထားရင်း
ပညာပေးအစစ်ဖြစ်သောသရုပ်ဆောင်မှုဖြင့်
အသက်မွေးနိုင်ကြပါစေ။
ဤကဗျာဖြင့်မြန်မာယဉ်ကျေးမှုအား
ဂုဏ်ပြုအပ်ပါ၏။
အရှင်သူရသီဟ(မျိုးချစ်စာသင်သား)
ရှယ်ချင်သူများရှယ်နိုင်ပါ၏။
တရားဝင်ခွင့်ပြုသည်။
No comments:
Post a Comment