Saturday, March 12, 2016
မ ဘ သ ​နောင်​ချို ​တောင်​​ပေါါ်​ဒေသ အစည်းအ​ဝေး
 ဝံသာနုရက္ခိတသံဃသာမဂ္ဂီအသင်း(​မ ဘ သ ​နောင်​ချို ​တောင်​​ပေါ်​ဒေသ) ဆွမ်းဆန်​​တော်​​လောင်းလှူပွဲ အကြို ညှိနှိုင်း အစည်းအ​ဝေးကျင်းပ
========================
    အဆိုပါ အစည်းအ​ဝေးသို့ ​နောင်​ချိုမြို့နယ်​  ဝံသာနုရက္ခိတသံဃသာမဂ္ဂီအသင်း(​မ ဘ သ ​နောင်​ချို ​တောင်​​ပေါ်​ဒေသ)၏ သြဝါဒါစရိယဆရာ​တော်​ ဖြစ်​​တော်​မူကုန်​​သော ​ကျောက်​ဂူ​တောရ​ကျောင်းဆရာ​တော်​၊ မြို့ဦး​ကျောင်းဆရာ​တော်​၊မင်္ဂလာဗိမာန်​မဲုတ်​​ကျောင်းဆရာ​တော်​ ၊ မြို့နယ်​ သံဃနာယက ဥက္ကဋ္ဌ ​ဟော်​​တော်​​ကျောင်းဆရာ​တော်​ နှင့်​ အလုပ်​အမှု​ဆောင်​ ဆရာ​တော်​များ အဖွဲ့ဝင်​ ​ကျောင်း​ပေါင်း ၇၀ ​ကျော်​မှ ​ကျောင်းထိုင်​ဆရာ​တော်​များ ​၊ အသင်းအမှု​ဆောင်​ လူပုဂ္ဂိုလ်​များ ၊ ​ကျေးရွာများမှ ပရဟိတ အသင်း ​ခေါင်း​ဆောင်​များတက်​​ရောက်​ကြသည်​ဟုသိရသည်​။
  အစည်းအ​ဝေးတွင်​ ​ကျောက်​ဂူ​တောရ​ကျောင်းဆရာ​တော်​ ၊ ​ဟော်​​တော်​​ကျောင်းဆရာ​တော်​ အသင်းဥက္ကဋ္ဌ နမ့်​​ဆောင်​ဟူး​ကျောင်းဆရာ​တော်​ တို့မှ ဆွမ်းဆန်​​တော်​​လောင်းလှူပွဲ စည်​ကားစွာကျင်းပ​ရေး အသင်း၏ ရည်​ရွယ်​ချက်​များ ​ရှေ့လုပ်​ငန်းစဉ်​များ ကို သြဝါဒစကားမြွက်​ကြား​တော်​မူကြပြီး အလုပ်​အမှု​ဆောင်​ ဆရာ​တော်​များ လူပုဂ္ဂိုလ်​များ ပရဟိတ အသင်းဦးဆောင်​များမှ တိုင်​ပင်​​ဆွေး​နွေး ဆုံဖြတ်​ချခဲ့​ကြ​ကြောင်းသိရသည်​။
  အစည်းအ​ဝေးသို့ တက်​​ရောက်​လာ​သောအသင်း ပြန်​ကြား​ရေးတာဝန်​ခံ ဦးစန္ဒိမာမှ ​ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာသို့ မိန့်​ကြားရာတွင်​ "  ပြီးခဲ့တဲ့ နှစ်​က စလုပ်​တာဆို​တော့ လိုအပ်​ချက်​​တွေများခဲ့ တယ်​ ။ ဒီနှစ်​​တော့ အားနည်းချက်​ကိုပြင်​ဆင်​ ပြီးကျင်းပဖို့ ခုလို သြဝါဒ ခံ အစည်း​ဝေးလုပ်​ရတာ​လေ။ ရည်​ရွယ်​ချက်​က ပရဟိတအသင်းအချင်းချင်းလည်းစည်းလုံးညီညွတ်​မှု​တွေရရှိ​အောင်​ ဆိုပြီး သိသမျှအသင်းအားလုံးကိုလည်းဖိတ်​ကြားပြီးကျင်းပဖို့ လုပ်​တာပါဘဲ" ဟု မိန့်​ကြားသွား​ကြောင်းသတင်းရရှိပါသည်​။
   ကိုဖိုး​ထောင်​ ​ကျေးလက်​မီဒီယာ
No comments:
Post a Comment