သီတဂူဆရာတော်ဘုရားကြီးဆီကနေ သမ္မတကိစ္စနဲ့ နှုတ်ကနေ ထုတ်ပြောလာတယ်.......
......သတိတော့ ထားသင့်ပြီ .....တခြားကြောင့် မဟုတ်ပါဘူး....သည်အချိန်မှာ ခရစ်ယာန် တစ်ယောက်ကို သမ္မတ ပေးနိုင်သေးတာ....မွတ်စလင်တစ်ယောက်ကို သမ္မတ ဘာလို့ မပေးနိုင်တာလဲဆိုတဲ့ အမေးကို ဖြေဖို့ အသင့်ရှိကြသလားလို့ မေးချင်တယ်။ မရှိဘူးဆိုရင်တော့ သွေးတိုးမစမ်းသင့်ဘူးလို့ မြင်တယ်။ကမ္ဘာမှာ ဗုဒ္ဓဘာသာ နောက်ဆုံးခံတပ်ဖြစ်နေတဲ့ အလွန်ကို သေးငယ်တဲ့ မြန်မာနိုင်ငံလို့ မပြောလေနဲ့ ...... တစ်ကမ္ဘာလုံး ထုံးလိုချေ ရေလိုနှောက်နေတဲ့ အမေရိကန်ရဲ့ ကွန်စတီကျူရှင်း အာတီကယ်{၄} အပိုဒ်(၃)မှာ အမေရိကန် သမ္မတသည် ခရစ်ယာန် ဘာသာဝင်ဖြစ်ရမယ်လို့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားတယ် ဆိုတာလေးကို
သိစေချင်တယ်......ဒါတင်မကဘူး....သမ္မတအိမ်တော်ကို ဘယ် ဗုဒ္ဓဘာသာ၊ဘယ် မွတ်စလင်၊ဘယ် ဂျူး၊ဘယ် ဟိန္ဒူနဲ့ ဘယ် ခရစ်ယာန် မဟုတ်တဲ့ ဘာသာခြားကိုမှ တာဝန်ထမ်းဆောင်ခွင့်မပြုရလို့ အတိအလင်း ရေးထားတယ်။ကိုယ်လူမျိုးတွေ ပိန်းတာလဲ တော်ရုံပဲ ကောင်းသလို၊သိသိကြီးနဲ့ လျော့ပေးနေတဲ့ လူကြီးမင်းများလည်း တရားလွန်တရားမင်းတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။
မြန်မာစကားပုံ ရှိတယ်...မလျော့မတင်း စောင်းကြိုးငြှင်းတဲ့။ယခု လက်ရှိအခြေအနေက မဟောသဓာ သားတရားစီရင်ခန်းလို ဘယ်သူကျား ဘယ်သူကြောင်ဆိုတာ သိအောင်လုပ်တာထက်၊ကျားမှန်း ကြောင်မှန်း မသိဘဲ အစားခံရမယ့် ပြည်သူလူထုရဲ့ ဘဝကိုလည်း ငဲ့သင့်တယ်လို့ မြင်တယ်.........
credit နေထွန်း
No comments:
Post a Comment