Wednesday, March 23, 2016
ဆွမ်းဆန်တော်လောင်လှူပွဲကျင်းပ
ဝံသာနုရက္ခိတသံဃသာမဂ္ဂီအသင်း(မ ဘ သ နောင်ချို တောင်ပေါ်ဒေသ) ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပ
========================
နောင်ချိုမြို့ ၂၀၁၆ မတ်လ ၂၃ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကံကြီးကျေးရွာ၌ 23.4.2016 ရက်နေ့နေ့လည်ပိုင်းတွင် ဝံသာနုရက္ခိတသံဃသာမဂ္ဂီအသင်း(မ ဘ သ နောင်ချို တောင်ပေါ်ဒေသ) ဆွမ်းဆန်တော်လောင်းလှူပွဲကိုအောင်မြင်စွာကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။
အဆိုပါပွဲသို့ ဒေသခံ ကျောင်းပေါင်း ခနစ်ဆယ်ကျော်မှ ပင့်သံဃာ အပါး(၁၈၀)ကျော်တို့ကြွရောက်ချီးမြှောက်ကြပြီး ဒေသခံ ကျေးရွာများမှ ပရဟိတအသင်း ပေါင်းသုံးဆယ်ကျော်တို့ နှင့် အလှူရှင်များမှ စည်ကားသိုက်မြိုက်စွာ ကျင်းခဲ့ကြပါသည်။
အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲကို ဗုဒ္ဓသာသနာ အရှည်ခံ့ တည်တန့်ရေး ဒေသခံ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ပရဟိတအသင်းများ အချင်းချင်း ပရဟိတ ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်လုပ်ဆောင်သည်ဟု ဝံသာနုရက္ခိတသံဃသာမဂ္ဂီအသင်း(မ ဘ သ နောင်ချို တောင်ပေါ်ဒေသ) မှ ဦးဆောင်ဆရာတော်တစ်ပါးမှ မိန့်ကြားပါသည်။
ဒေသခံ တစ်ဦးမှ ဆွမ်းဆန်တော်လောင်းလှူပွဲ၏ မြင်ကွင်းနှင့်ပတ်သက်၍
" အတော်လေးကြည်နူးစရာကောင်းတယ် ပထမအကြိမ်ထက်ပိုပြီးစည်ကားလာတယ်ဗျာ့။ ပရဟိတအသင်းတွေအချင်းချင်းလည်း ညီညွတ်သွားပြီး မြင်ရတာအရမ်းကြည်နူးစရာကောင်းတယ်။ နိုင်ငံရေး အဖွဲ့ အစည်းအနေနဲ့ ကံကြီးNLDပါတီကလည်း လှူဒါန်းတာတွေ့ရတယ် တကယ့် တန်ဖိုးရှိတဲ့မြင်ကွင်းပါဗျာ" ဟု ဝမ်းသာအားရပြောကြားသွားခဲ့သည်။
ကိုဖိုးထောင် ကျေးလက်မီဒီယာ
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment