Wednesday, July 27, 2016
ကိုယ်နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့
ကိုယ် နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့
====================
တစ်ခါက အိမ်တစ်အိမ်မှာ သာလိကာအဖိုလေး တစ်ကောင် မွေးထားတယ်။ လူတွေနဲ့နေတာကြာလာတော့ လူစကားပြောတတ်တယ်။ မင်္ဂလာပါ ကြွပါခင်ဗျာ ကြွကြွ ဆိုတာမျိုးတွေ တတ်တယ်လို့ဆိုပါတယ်။
တစ်နေ့ သတ္တဝါတို့ရဲ့ သဘာဝ မ စိတ်မွှန်လာတော့ အိမ်မှာရှိတဲ့ ကြက်မ သွားကုတ်တယ်တဲ့။
အဲဒါကို သခင်က သိတော့ သာလိကာက သာလိကာလိုမနေဘူး သာလိကာမ မှန်းမသိ ကြက်မမှန်းမသိ ကုတ်ရကောင်းလား ဆိုပြီး သာလိကာကိုဖမ်းပြီး ခေါင်းက အမွှေးတွေ အကုန်နှုတ်ထားလိုက်သတဲ့။
ဥပုသ်နေ့ တစ်နေ့မှာ အိမ်ရှင်က ဘုန်းကြီးငါးပါးပင့်ပြီး ဆွမ်းကပ်တယ် ။
ဘုန်းကြီးတွေကြွလာတာတွေ့တော့ သာလိကာ
ခရီးဦးကြိုဆိုလိုက်ပုံက
" ကြွကြွ ကိုကြက်လိုးတွေ ကြွ" ဟူသတတ်။
သူ ကြက်မသွားကုတ်လို့ ခေါင်းပြောင်ခဲ့သလို ဘုန်းကြီးတွေခေါင်းပြောင်တာလည်း သူ့လိုပြောင်တယ်မှတ်ပြီး နှုတ်ခွန်းဆက်လိုက်ခြင်းသာဖြစ်ပါတယ်။
အရာရာ ကိုယ်နဲ့ နှိုင်းပြီး လိုင်းပေါ်မှာ ရိုင်းအော်နေသူတွေအတွက် လက်ဆောင်ပုံပြင် တစ်ပုဒ်ပါ။
ဖွဲ့လိုက်တဲ့ ပါတီတိုင်းဟာ အာဏာရဖို့ နေရာရဖို့ ဖွဲ့ပြီး သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း နင်းကန်လွှင့်ပြီး ဖွဲ့ထားကြလင့်ကစား
သံဃာ့အဖွဲ့အစည်းကတော့ ဘယ်တုန်းကမှ အာဏာ နေရာအတွက် ဖွဲ့ထားတာမဟုတ်ပါဘူး။
ရန်မရှာကြပါနဲ့လို့ ပြောချင်တာ။
ပါတီ နဲ့ နှိုင်းပြီး မရိုင်းကြပါနဲ့ဗျာ။
အရှင်စန္ဒိမာ
မှတ်ချက်= အရှင်စန္ဒိမာ FACEBOOK မှ ကူးယူတင်ပြသည်။
ခတောင်းတစ်ခြား ဖင် တစ်ခြား
ခါးတောင်းတစ်ခြား -င်တစ်ခြား
==============
မရေးချင်ပါဘူး၊ ဘယ်သူ့ကို ရေးလို့ ရေးရမှန်းကို မသိတော့ဘူး။
တစ်နေ့ထက် တစ်နေ့ ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေး အသိဉာဏ် ဆုတ်ယုတ်လာတဲ့ကိစ္စ၊
ရဟန်းသာမဏေ လျော့နည်းလာတဲ့ကိစ္စ၊
ဘိဝံသ ဘွဲ့က ဆယ်တန်းအောင်လက်မှတ်လောက်တောင် အရာမဝင်တော့တဲ့ကိစ္စ၊
တောထွက် တောင်ပျံတွေရဲ့ ဘုန်းရိပ်အောက်မှာ ငယ်ဖြူဘွဲ့ရ တွေ ဝပ်စင်းနေကြရတဲ့ကိစ္စ ၊
မနေ့တစ်နေ့ကမှ သင်္ကန်းဝတ်လာပြီး လူပြိန်းကြိုက် လုပ်ကွက်တွေနဲ့ CD ခွေဖြန့်ပြီး သာသနာပြုဆရာတော်ကြီးယောင်ယောင် အာဘောင် အာရင်းသန်သန် ဝင်ရှုပ်ပွေနေကြတဲ့ ကိစ္စ စတဲ့ စတဲ့
ဒီကိစ္စတွေများ စေ့စေ့ တွေးကြည့်ရင် သိတ်မကြာခင်မှာ မဟာမြတ်မုနိ ဆွမ်းငတ်မယ့်အရေးပါ။
ပေါ့ပေါ့အရေး မဟုတ်ပါဘူး။
မန္တလေး နန်းကျတော့ တစ်နိုင်ငံလုံး ကျွန်ဖြစ်ခဲ့သလို မဟာမြတ်မုနိ ဆွမ်းငတ်ရင်လည်း ကုန်ပြီလို့သာ မှတ်လိုက်ပါတော့။ မြန်မာ တာလီဘန်လည်း ပေါ်လောက်ရောပေါ့ဗျာ ၊ ထားပါတော့
ဒီကိစ္စ တောထွက် ဦးဇင်းကြီးနဲ့ မပတ်သက်သလို သာမန် ဗုဒ္ဓဘာသာဝင် တစ်ယောက် အနေနဲ့လည်း ညွန်ကြားချက်ထုတ်ခွင့်မရှိပါဘူး။
တောကြိုအုံကြားမှာနေတဲ့ စန္ဒိမာ လည်း တောကြိုအုံကြား သာသနာတောင် မနည်းဆိုတော့ မဆိုင်ပါဘူး။
ဘာလို့မဆိုင်လဲ သူတို့ပေးထားတဲ့ သာသနာဝင်ကဒ်ပြား လောက်သာ ပိုင်ဆိုင်တာပါ။ ဘာဘွဲ့ ညာဘွဲ့လည်း မရထားပါဘူး။ ဘာရာထူး အာဏာမှလည်း စန္ဒိမာ မရထားဘူး။ ဘာ တံဆိပ်တုံး မှလည်း စန္ဒိမာဆီမှာ မရှိဘူး။ လိုလည်း မလိုချင်ဘူး၊ ကိုယ့်ဟာကိုယ်လည်း မတန်ဘူးလို့ဘဲထင်တယ်။
ဒီတော့ ရဟန်းသာမဏေ ရှိရှိ မရှိရှိ၊ မြို့ပေါ်လူတန်းစားတွေ သြကာသ ရရ မရရ စန္ဒိမာတို့ အနေသာကြီးပါ။ ရွှေတိဂုံပြိုပြို မဟာမြတ်မုနိ ပျက်ပျက် ထိုင်ကြည့်နေရုံပါဘဲ။
တံဆိပ်တုံးရထားသူတွေ ဘွဲ့တို ဘွဲ့ရှည် အလှူခံထားသူတွေတောင် ကန်တော့ပွဲ လိုက်ရှာနေသေးတာကြီး ဟုတ်တယ်မဟုတ်လား။
မြန်မာနိုင်ငံက နေရာဌာနတိုင်းမှာ ဗုဒ္ဓဘာသာအင်အားကောင်းနေတုန်းလေးတောင် ဒါလေးဘယ်လိုလုပ်ရင် ကောင်းမလဲ တော့ မစဉ်းစားပါဘဲ ကမ္ဘာအေးမှာ လေးလတစ်ကြိမ် ဆွမ်းသွားစားရဲတာကတော့ ရေးတဲ့ စန္ဒိမာ မလွန်လောက်ဘူးထင်ပါတယ်။
တစ်ခါလာလည်း မိန်းမ ကိစ္စ၊ ကျောင်းပိုင်ဆိုင်မှု ကိစ္စ အလှူခံ အတုအရောင် ကိစ္စ ထုတ်လိုက်တဲ့ ညွန်ကြားချက် ဘာအရာမှ လည်း မရောက်ဘူး။
ပြောလိုက်သေးတယ် လူကြားကောင်းအောင်
" ဘုန်းကြီးဆိုတာ စာသင်ရင်သင် မသင်ရင် တရားအားထုတ်ပေါ့" တဲ့။
စာသင်ရုံ တရားအားထုတ်ရုံ လောက်ကလေးနဲ့တော့ ၄၇ ပါးတွေ အဖွဲ့အစည်း အဆင့်ဆင့်တွေ မလိုပါဘူး။ ဘာလုပ်ဖို့ အပိုတွေလုပ်နေရတာလဲ တော်တော်လေးရိုးလွန်းပါတယ်။
ကိုယ်ယူထားတဲ့နေရာ ကိုယ်ယူထားတဲ့ ဘွဲ့နဲ့ တန်အောင်လည်း လုပ်ကြပါအုံးလား။
မြင်တာကြားတာ အသုံးမကျတာ အကုန်ထည့်ရေးပစ်လိုက်လို့ မကောင်းရှိတော့မယ်ဗျာ တော်ပြီ။
ရွာစကားနဲ့ ပြောရရင်
အုပ်ချုပ်ရေးမှူး တင်ပါတယ်ဆိုမှ ရံပုံငွေ စားဖို့ လက်မှတ်ပေးတာကျနေတာဘဲဗျာ။
လုပ်လိုက်ရင် ခါးတောင်း တစ်ခြား -င်တစ်ခြား
အရှင် စန္ဒိမာ နောင်ချို
Sunday, July 24, 2016
ဗုဒ္ဓဘာသာ မလိုတော့ပါဘူး
ဗုဒ္ဓဘာသာ မလိုတော့ပါဘူး
==================
ရှေးခေါတ်က မြန်မာတွေဟာ ဗုဒ္ဓဘာသာကျမ်းစာ အတော်လေး သင်ယူ တတ်မြောက်ကြတယ်လို့ဆိုတယ်။
ယောက်ျား မိန်းမ အကုန်နီးပါး ပါဠိစာပေတတ်ကြသတဲ့။
ပုဂံက ကိုရင်တစ်ပါး အင်းဝကိုစာသင်သွားဖို့ထွက်လာတော့ လမ်းမှာကိုကောင်မလေးတွေက မေးတယ်တဲ့ "ဘယ်ကြွမှာလဲ ကိုရင်လေး"ပေါ့။
အဲဒီမှာ "ငါ အင်းဝကို သွားမလို့ "ဆိုတာကိုပါဠိလိုပြောသတဲ့ဗျာ့။ ကိုရင်ပြောတဲ့ ပါဠိက ကြိယာ အထားလွဲနေတော့ ကောင်မလေးတွေ ဝိုင်းရယ်တယ်ဆိုလား။ ပါဠိကတော့ ကျုပ်လည်းမသိပါဘူး။ အင်းဝကနေပုဂံကို သွားတာလား ပုဂံ ကနေ အင်းဝ ကိုသွားတာလားလည်းသေချာမမှတ်မိပါဘူး။
ပြောလိုတာက ကောင်မလေးတွေကအစ ပါဠိစာပေတတ်ကျွမ်းကြကြောင်းပြောတာပါဗျာ။
အမတ်ကြီးဦးပေါ်ဦးတို့ဆိုရင် ကျမ်းစာအတော်များများကို ဝေဖန်နိုင်တယ်လို့ဆိုပါတယ်။ ထားပါတော့ အဲဒါတွေက ဖိုးထောင်တို့ မမှီပါဘူး။
ဖိုးထောင်တို့ အဖိုးတွေလက်ထက်က လူတွေအတော်များများဟာ အနည်းဆုံး ဆယ်စောင်တွဲတွေလောက်တော့ သင်ယူဖူးခဲ့ကြပါတယ်။ တောနေလူတန်းစားတွေပေါ့ဗျာ။ မြို့နေ လူတန်းစား အများစုကတော့ ခေါတ်မီ BA MA တွေ နောက်ကိုလိုက်ရင်း ပါဠိ ဗုဒ္ဓဘာသာအခြေခံစာပေတွေကို ကျောခိုင်းနေခဲ့ကြရပါပြီ။
နောက်ပိုင်း အဖေတို့လက်ထက်မှာတော့ စာသင်ကျောင်းတစ်ဘက်နဲ့ ဆိုတော့ ယောက်ျားလေးတွေ ကိုရင်ဝတ်တဲ့အခါ ပရိတ်ကြီး ၁၁ သုတ်တောင် ကုန်အောင် မနည်းသင်ခဲ့ရတယ်လို့ဆိုပါတယ်။
မိန်းကလေးများအတွက်ကတော့ နွေရာသီကျောင်းပိတ်ရက်မှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကျင့်ဝတ်ဘာသာ မြန်မာစာ ဘာသာ အဘိဓမ္မာ ဘာသာ ဆိုတာတွေသင်ကြားခဲ့ကြရပါတယ်။
ဒီဘာသာတွေကတော့ ဖိုးထောင်တို့ ပွတ်ကာသီကာ မှီလိုက်သေးတာပေါ့။
ဖိုးထောင်တို့ ညီ အငယ်ဆုံးတို့လက်ထက်ကြတော့
စာသင်ကျောင်း အချိန်ပို ကျူရှင် ဂိုက် ဝိုင်း ဆိုတာတွေနဲ့ ချာလည်ပတ်ရမ်းပြီး ဘုန်းကြီးကျောင်းဆိုတာ သူတို့နဲ့ မဆိုင်တော့ ။ သြကာသတောင်မှ သကြားလုံးစားရလို့သာ ရောရောင် အော်လာခဲ့ကြပါတော့သည်။
နွေရာသီကျောင်းပိတ်ရက်ကျတော့ အရင်ကလို ဘုန်းကြီးကျောင်းစာသင်ဖို့ အချိန်ထက် နောက်နှစ်တက်ရမည့်အတန်းစာ ကျူရှင်တက်ဖို့ကအရေးကြီးလာခဲ့တော့သည်။
ရွာဦးကျောင်းက ဦးဇင်းလေးခမျာ ယဉ်ကျေးမှုသင်တန်း စဖွင့်တော့ ကျောင်းသားဦးရေ မနိုင်မနင်းတောင်ဖြစ်နေခဲ့သေးသည်။ ၁၅ ရက်လောက်ကြာတော့ ကျူရှင်ပြေးတဲ့ကောင်ကပြေး ကျူရှင်လိုလို ဘာလိုလိုနဲ့ ငါးရှာဖားနှိုက် ငှက်ပစ်ထွက်သူကထွက် ဆိုသောအခါ မြေဖြူဗူး ဘလက်ဘုတ် နဲ့ ဦးဇင်းလေးသာငုတ်တုတ်ကျန်ခဲ့ပါတော့သည်။
ဒီကိစ္စအတွက် ဦးဇင်းလေးမတတ်နိုင် သူတို့မလာတော့ ငါသက်သာတာပေါ့ကွာ ဟူ၍သာ ဆုံးဖြတ်ခဲ့သလို ရွာဦးကျောင်းဆရာတော်ကလည်း အေးတာပါဘဲကွာ လို့ အဆုံးသတ်ခဲ့ကြတယ်။
မြို့နယ်သံဃနာယက မသိသလို နေခဲ့တယ်။
တိုင်း နိုင်ငံတော် သံဃနာယက အေးအေးဆေးဆေးပါဘဲ။
ကိုယ့်ဘာသာ ကိုယ့်သာသနာ အားနည်းချက် ကောင်းလေတော့ ဘာသာခြားတို့ ထိုးဖောက်ဝင်ရောက်နေရာယူမှု ပြင်းထန်လာခဲ့တယ်။
ဒီကိစ္စ ကာကွယ်ဖို့ မဘသ အဖွဲ့ ဖွဲ့စည်းခဲ့တယ်။ပြီးပြည့်စုံတဲ့ အနေအထားမျိုး မရှိခဲ့ပါဘူး။
ဓမ္မစကူးလ် နဲ့ ဖာထေးပေမဲ့ ထင်သလောက်မပေါက်ဘူးဆိုတာ သိကြမှာပါ။
နောက်ပိုင်း သာသနာတွင်းမှာ ဘာတွေဖြစ်လာသလဲဆိုတော့ ဗုဒ္ဓဘာသာ အများစုဟာ ဘာသာရေး အခြေခံ မရှိသလောက် အားနည်းလာခဲ့တယ်။
ဘုန်းကြီးလောကမှာလည်း စာမတတ်ပေမတတ် ဘုန်းကြီးတွေက ပေါ်ပင်နဲ့ ရှေ့ထွက်ပြီး ပရိတ်သတ် ထောင်ချီနဲ့ စည်ကားလာခဲ့ကြတယ်။
အဲဒါကို ဟုတ်လှပြီ အထင်နဲ့ အသံကောင်းဟစ်ပြီး ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို နားမလည်တော့ဘဲ အလွဲအမှားတွေ ဟောကြားလာခဲ့ကြတယ်။
ခေါ်ယူဆုံးမရင်တောင် သူ့လောက် ပရိတ်သတ်မရှိလေတော့ အရာမဝင်တော့။
အခုနောက်ပိုင်း ထင်လင်းဦး ဇီးကွက် ဝိုင်း ဖြိုးမင်းသိန်း စတဲ့ ပုဂ္ဂိုလ်တွေရဲ့ သာသနာအပေါ် စော်ကားပြောဆိုမှုတွေဟာ သေချာပြန်ပြီး သုံးသပ်ကြည့်လိုက်ပါ။ ဒီလူတွေရဲ့ ဘာသာရေး အသိဉာဏ်ဟာ အတော်လေး နိမ့်ကျနေတာ အထင်းသားတွေ့နေရပါတယ်။
ဘုန်းကြီးတစ်ပါးရဲ့ တန်ဖိုးကို နားမလည် သလို သံဃာ့ဂုဏ်ကျေးဇူးကိုလည်း မသိကြတော့ပါဘူး။
ဘုန်းကြီးတစ်ပါးရဲ့တန်ဖိုး နည်းနည်းပါးပါးလောက်သာ နားလည်ခဲ့မယ်ဆိုရင် တစ်ဘဝစာ အတွက်နဲ့ ဒီလူတွေ စော်ကားရဲမှာ မဟုတ်ပါဘူး။
ဒီကိစ္စမျိုးဟာ အရေးယူရုံနဲ့ ပြီးပြတ်သွားမှာ မဟုတ်ပါဘူး။ သူတို့ပြီးသွားရင် နောက်တစ်ယောက် ထပ်လာအုံးမှာပါ။
တကယ့်ပြဿနာ အရင်းအမြစ်က ဗုဒ္ဓဘာသာရဲ့ အခြေခံပညာရေး ပြိုလဲရာက စခဲ့တာပါ။
ဒီပညာရေး ဘာကြောင့်ပြိုကွဲခဲ့ပါသလဲ?
ဘယ်သူတွေမှာ တာဝန်ရှိသလဲ?
ဘာဆက်လုပ်ရင် ကောင်းမလဲ ?
အဖြေရှာဖို့ အချိန်တန်နေပါပြီ။
ဒီတိုင်းဆက်သွားကြမယ်ဆိုရင်တော့ မကြာခင်ကာလမှာ ဖြိုးမင်းသိန်းလို စင်္ကာပူမှာ သွားပြောမှာ မဟုတ်ဘူး။
မြန်မာ့ ရုပ်/သံ ကနေဘဲ ပေါ်တင်ကြေငြာတဲ့လူ တက်လာခဲ့မှာပါ။
မြန်မာပြည်မှာ ကမ္ဘာ့အဆင့်မီ ဘာသာခြားတွေ ရှိနေပြီဖြစ်လို့ ဗုဒ္ဓဘာသာ မလိုတော့ပါဘူး။
ဒီလိုပြောဖို့ လူတွေ တန်းစီနေပြီဆိုတာ ဉာဏ်ရှိရင် သိပါလိမ့်မယ်။
ကဲ ဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့ရေ
အချိန်မှီပါသေးတယ် ။
ကိုဖိုးထောင်
24.7.2016
Thursday, July 14, 2016
ကျောင်းသူ ဓားထိုးခံရ
၉ တန်းကျောင်းသူတစ်ဦး ကျောင်းသွားစဉ် ဓားထိုးခံရသဖြင့် သေဆုံး
မိုးနဲ - ဇူလိုင် (၁၄)
ရှမ်းပြည်နယ် မိုးနဲမြို့၊ လွိုင်မြေရပ်ကွက်နေ စိုင်းထွန်း + နန်းစံ တို့၏သမီးငယ် နန်းဝင်းဝင်းနွယ်(ခ)နန်းထွေးခမ်း၏ညီမ နန်းဖွေးလောဝ်(ခ)နန်းမွေဖောင် (၉)တန်းကျောင်းသူလေးသည် ဇူလိုင်လ (၁၄)ရက်နေ့ က ကျောင်းသွားရင်း ဓားထိုးခံရ၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားသူ တရားခံလူငယ်အား တာဝန်ရှိသူတို့က စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်း - ဓါတ်ပုံ အယ်လ်စိုင်း
ဝါဆိုသင်္ကန်းဆက်ကပ်
ဝါဆိုသင်္ကန်းဆက်ကပ်
==================
နောင်ချိုမြို့နယ်၊ ဉာဏ်တောအုပ်စု၊ ရွှေသွန်းကျေးရွာ ၊ ရွှေသွန်းကျောင်းတိုက် ရွှေသွန်းကျောင်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အခြေခံပညာ မူလတန်းကျောင်း ( အ.မ.က) ဖာသွန်းမှ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများ မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ( အ. မ.က) ဖာသွန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်အေး နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြပြီး ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ရွှေသွန်းကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တမ နှင့် သံဃာတော်အရှင်သူမြတ်တို့မှ အနုမောဒနာတရား မြွက်ကြားပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း ကိုဖိုးထောင် ကျေးလက်မီဒီယာမှ သတင်းရရှိပါသည်။
ကိုဖိုးထောင် ကျေးလက်မီဒီယာ
Friday, July 8, 2016
နိုဘယ်လ် ဆုရှင်သို့
ကဲ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်ရေ ...
ဖြိုးမင်းသိန်းကနေ စပြီး ပြည်သူတွေက စမ်းသပ်နေကြပါပြီ။
ရက် ၁၀၀ စီမံကိန်း တွေဘာတွေချပြီး လုပ်ဆောင်မှု အောင်မြင် မအောင်မြင် ဘာမှ မဝေဖန်တော့ဘူး။
တပ်မတော် နဲ့ တိုင်းရင်းသား တစ် ဒိုင်းဒိုင်းချနေတာတော့ ဘာမှမထူးခြားပါဘူး။
အဲဒါက ကာချုပ်ကိစ္စ လို့ပြောလိုက်ပါ ရပါတယ်။ လက်ခံသေးတယ်ဗျာ။
အခု ဖြိုးမင်းသိန်း နဲ့ မဘသ ကိစ္စ ကတော့ ရိုးသားသည်ဖြစ်စေ မရိုးသားသည်ဖြစ်စေ တစ်ဘက်နဲ့ တစ်ဖက် အငြင်းပွားနေကြပါပြီ။
ဘာမဟုတ်တဲ့ တိုင်းဝန်ကြီးရဲ့ မဘသ ကို တိုက်ခိုက်ရာကနေ မီးစပွားပြီး လိုင်းပေါ်မှာ ငြင်းခုံနေကြပါပြီ။
မကြာခင် လမ်းပေါ်ရောက်လာပါတော့မယ်။
ရှေ့စာမျက်နှာမှာ အတူတကွ လက်တွဲညီညီ ဟန်ချက်ကျကျ သွားနိုင်ပါမှ ခင်ဗျားတို့ပြောတဲ့ ဂေါ်ဇီလာ နိုင်ငံကြီးဖြစ်လာမယ် ဆိုတာတော့ ခင်ဗျားတို့ပိုသိမှာပါ။
လောလောဆယ် ဒီ နှစ်ဘက် ငြိမ်းချမ်းရေး အတွက် ခင်ဗျားရဲ့ နိုဘယ်လ်ဆုကြီး အသုံးချရပါတော့မယ်။
နိုဘယ်လ် ဆု နဲ့ ထိုက်တန် မတန် ခင်ဗျားကိုယ်တိုင်သာလျင် အဖြေပေးရပါလိမ့်မယ်။
တရား ဥပဒေ အတိုင်း ဆောင်ရွက်မှာလား။
ဖြိုးမင်းသိန်း ကိုဘဲ အပြစ်ပေးမှာလား ။
မဘသ ကိုဘဲ အပြုတ်တိုက်မှာလား။
နှစ်ဘက် ကြေအေးအောင် ဘယ်လို ဆောင်ရွက်ပေးမှာလဲ ဆိုတာ စောင့်မျှော်ရင်း
"အဖေ နဲ့ သားများ " ဇာတ်လမ်း ပြန်လွှင့်လာရင်တော့ သမိုင်း တရားခံဟာ ခင်ဗျားသာလျင် ဖြစ်တယ်လို့ ရဲရဲကြီး ဝန်ခံလိုက်ပါဗျာ။
ဖိုးထောင်
Wednesday, July 6, 2016
သူခိုး ဓားရိုးကမ်း (ဇာတ်သိမ်း)
သူခိုး ဓားရိုးကမ်း (ဇာတ်သိမ်း)
======================
ကျုပ် စခန်းကိုရောက်တုန်းကရင်း သူဌေးဟာ သတိရတစ်ချက် မရတစ်ချက် နဲ့ အပြင်းဖျားနေခဲ့ပါပြီ။
မနေ့က တိုက်ခိုက်ခဲ့တဲ့ ဒါဏ်ရာ မများပေမယ့် တစ်ကိုယ်လုံး ကိုက်ခဲနေမှာတော့ သေချာတာပေါ့။
ကျုပ်တောင် တောင့်တင်းနေတာလေ။
သူသတိရတိုင်း မေးတဲ့ မေးခွန်းက
"သူ့မိန်းမ ဘယ်မှာလဲ" ဆိုတာပါ။
ကျန်းမာရေးကောင်းအောင်သာ ကိုယ့်ဟာကိုယ် စောင့်ရှောက်ဖို့ ဘဲ ပြောထားတယ်လေ။
ကျုပ်လည်း ရှိတဲ့ ဆေးတွေနဲ့ သူဌေး ကို ပြုစုရင်း ကျုပ်မျက်စိထဲမှာ အကြိမ်ကြိမ်မြင်နေတာကတော့ သူခိုးဓားရိုးကမ်းတဲ့ မိန်းမပေါ့။
နှစ်ညလောက်လင်းတော့ သူဌေး နေကောင်းသွားခဲ့ပါပြီ။ နေ အတော်မြင့်သည့်တိုင်အောင် ကျုပ် အိပ်ရာက မထသေး။ တဲထဲမှာ အိုးခွက်သံတွေတော့ ကြားနေလေရဲ့။
အိပ်ရာထ မျက်နှာသစ်ပြီးတော့ သူဌေးက ထမင်းစားကြရအောင် တဲ့။
သူဌေးက စောစောစီးစီး ထမင်း ဟင်း ထချက်ထားတာ ကလား။
နှစ်ယောက်သား ထမင်းသာ စားနေတာ ဘာစကားမှ မပြောဖြစ်ကြ။
ပြောဖြစ်တာကတော့ စားသောက်ဆေးကြော အပြီးမှာပေါ့။
" ကိုမိုးမောင် ခင်ဗျား ကျုပ်ကို ဘာလို့ မသတ်သေးတာလဲ " တဲ့။
" ကျုပ်သတ်ဖို့ အစီအစဉ် မှမရှိတာ "
" ဘာတွေလိုနေသေးလို့လဲ"
" မသိသေးဘူး"
" ကျုပ် မိန်းမ ရော"
" သတ်လိုက်ပြီ "
" အော် "
" ဘာလို့ သတ်လဲ မမေးတော့ဘူးလား"
" မမေးတော့ဘူး ကိုမိုးမောင်"
" ဘာလို့လဲ "
" ကိုမိုးမောင် မှန်သွားပြီ လောကမှာ အမ အတွက် အဖိုတွေ သေခဲ့ကြတာ မနည်းတော့ဘူး။ ဒါက မသိတဲ့ တိရိစ္ဆာန် တွေလေ။ ကျုပ် တို့က အသိရှိတဲ့လူတွေ။ မ အတွက်နဲ့ သေဖို့ မတန်ဘူး။ အဲဒီနေ့က ကိုမိုးမောင် သာသတ်လိုက်ရင် ကျုပ်သေမှာပါ။ ကျုပ်သေသွားရင် ကျန်ခဲ့တဲ့ မိန်းမ ကို ခင်ဗျား တာဝန်ယူရလိမ့်မယ်။ မကြာမတင်မှာ ကိုမိုးမောင်လည်း သေမှာပါဘဲ။ ခုတော့ အားလုံး အေးချမ်းသွားပါပြီ ကျုပ်လည်း ဒါ့ထက် အေးချမ်းတဲ့ နေရာရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျုပ်ကိုကယ်ခဲ့တဲ့ ကိုမိုးမောင်ကိုလည်း ကျုပ် ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု အားလုံး လွဲပေးပါ့မယ်ဗျာ။ ကိုမိုးမောင် ဓားပြ တိုက်နေစရာ မလိုတော့ပါဘူး။ ရတယ်မလား"
" ခင်ဗျားပိုင်ဆိုင်မှု အားလုံးကို ခင်ဗျားမလိုတော့ဘူး ဆိုမှတော့ ကျုပ်လည်း မလိုချင်တော့ပါဘူး"
" ကောင်းပြီ ကိုမိုးမောင် ခင်ဗျားနဲ့ ကျုပ် အငြိမ်းချမ်းဆုံးနေရာကို ရှာဖွေကြပါစို့"
နှစ်ယောက်သား အတူတူ ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ သူရှာဖွေထားတဲ့ သူဌေး စည်းစိမ်ကို စွန့်လွှတ်ခဲ့သလို ကျုပ်လည်း သိတ်ဝါသနာ ပါတဲ့ ဓားပြ ဘဝကို စွန့်ကာ ဖန်ရည်စွန်းသော အဝတ်နဲ့ ရသေ့ ညီနောင်အဖြစ် အငြိမ်းချမ်းဆုံး နေရာကို မတွေ့ခဲ့သည့်တိုင်အောင် စည်းစိမ်အတွက် ရန်သူမျိုးငါးပါးဘေးက ငြိမ်းအေးခဲ့ သလို ဓားပြ ရန်ကို နိုင်နင်းဖို့ ရောက်လာမယ့် ဘုရင့်တပ် ဘေးကနေလည်း ပူပင်စရာမလိုအောင် လွှတ်လပ်နေခဲ့ပြီ မဟုတ်ပါလား။
အခြားတစ်ဖက်မှာတော့ စောင့်စည်းမှု ဘောင်အတွင်းကနေ လွတ်လပ်စွာ နေရတာကို ဒီမိုကရေစီ လို့ ခေါ်မလား။
စောင့်စည်းရမယ့် ဘောင်ကိုပင်လျင် လူ့အခွင့်အရေး ချိုးဖောက်တယ် လို့ ငြင်းခုံနေကြ လေမလား ဆိုတာကတော့ဖြင့် မိုးမောင် တို့ ညီနောင် နဲ့ ဝေးရာ ဝေးရာဆီမှာ ကျန်ရစ်ခဲ့ လေပြီ တကား။ ။
၅၅၀ နိပါတ်တော်လာ သူခိုးဓားရိုးကမ်းဇာတ်ကို မီငြမ်းရေးသားသည်။
ဓာတ်ပုံအတွက် ရှင်းလင်းချက်===
ခိုးဝင် များကို ကျုပ်တို့မြန်မာတွေ တန်းတူ အခွင့်အရေး ပေးခဲ့ကြတယ်။ မှတ်ပုံတင်တွေ ပေးခဲ့ကြတယ်။ နေရာတွေပေးခဲ့ကြတယ်။ ဒါကိုပင်လျင် လူ့အခွင့်အရေး လို့ အသံကောင်းဟစ်ပြီး သူခိုးဓားရိုးကမ်း နေခဲ့ကြတယ်။
ဓာရိုးကိုင်လိုက်ရတဲ့ သူခိုးက အခု ဆိုရင် မြန်မာ့ ယဉ်ကျေးမှု အတော်များများကို ခုတ်သတ်လိုက်ပြီးပါပြီ။ စောင့်လေမျိုးနွယ် ဆိုသော မြန်မာ့ လူ့အဖွဲ့အစည်း ရဲ့ စည်းကမ်းကိုလည်း ခုတ်သတ်ခဲ့ပြီးပြီ။
မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဥသျှောင် အမျိုး ဘာသာ သာသနာ ကိုလည်း သတ်ပစ်ဖို့ ကြိုးစားနေပါပြီ။
ရှေ့တန်းစစ်မျက်နှာက မဘသ ကို သတ်ပြီးတဲ့ တစ်နေ့ နောက်တန်းက မဟန ကို သတ်ဖို့ လွယ်ကူသွားပါပြီ။
မဟန ကျတဲ့နေ့သည် သာသနာ ကျတဲ့နေ့ ဖြစ်လိမ့်မည်။
သာသနာ ကျတဲ့နေ့သည်.........။
ဖိုးထောင်
6.7.2016
သူခိုးဓားရိုးကမ်း အပိုင် (၄)
သူခိုး ဓာရိုးကမ်း အပိုင်း (၄)
===================
ကျုပ် မေ့မျှောနေတဲ့ သူဌေး ကိုယ်က ဆွဲကြိုး လက်စွတ် စတဲ့ လက်ဝတ်လက်စားတွေ ချွတ်ယူလိုက်တယ်။
" ကဲ သူဌေးကတော် ရှိတဲ့ လက်ဝတ်လက်စားတွေ ချွတ်တော့"
" ရှင်"
"ရှင်မနေနဲ့ ဓားပြတိုက်နေတာ ဘုရား ဝေယျာဝေစ္စ အတွက် အလှူခံ နေတာ မဟုတ်ဘူး "
" ဒီလိုလုပ်ပါလား အကိုရယ် ကျမရော အကိုနဲ့ လိုက်သွားမယ်လေ"
" ဘာ ! ငါ့နောက်လိုက်မယ် ဟုတ်လား ဟိုက နင့်လင်ကြီး မသေပါဘူး အချိန်တန်ရင် သတိရလာလိမ့်မယ်" ပြောတော့
သူမဟာ သူဌေးကို ချစ်လို့ယူထားတာ မဟုတ်ကြောင်း ၊ စီးပွားဖက် မိဘချင်း ပေးစားလို့ ယူထားရကြောင်းတွေပြောနေလေရဲ့။ ပြီးတော့ သူမ ငိုရင်းပြောတာက
"ရှင့်ကို ကျမ ဓားရိုးကမ်းပေးခဲ့တာဟာ သူဌေးကို အသေသတ်ဖို့ ကမ်းပေးခဲ့တာပါ"တဲ့။
ဘာလို့လဲ ဆိုတော့
သူဌေး နဲ့ မနေချင်တော့လို့ပါ ဆိုလား။
" နင့်လင်နဲ့ မနေလို့ နင်က ဘယ်သူနဲ့ နေမှာလဲ"
" ဘယ်ဘဝရောက်ရောက် ဘယ်လိုဖြတ်သန်းရ ဖြတ်သန်းရ အကို နဲ့ လိုက်ပါရစေ အကိုရယ်"
" ဘာကိစ္စ ငါနဲ့ လိုက်ရမှာလဲ "
" ကျမလေ အကို့ကို မြင်မြင်ချင်း.."
" အော် ဒီလိုလား
ဒီမယ် မိန်းမယုတ် သူခိုးကို ဓားရိုးကမ်းပြီး ကိုယ့်ကို သိတ်ချစ် သိတ်အလိုလိုက် သိတ်တာဝန်ကျေ တဲ့ လင်ယောက်ျားကိုတောင်မှ သစ္စာ မတည်နိုင်တဲ့ မိန်းမ တစ်ယောက်ကို ငါက ဘယ်လို ယုံကြည်ရမှာတဲ့လဲ"
"ပြောရက်လိုက်တာ အကိုရယ် ကျမမှာ လင်ကြီးရှိနေတာတောင် အကို့ကို ဓားရိုးကမ်းပေးခဲ့တာ အကို့ကို တကယ် ချစ်.."
" ဝှစ် "
" ဒုတ်"
" အား"
ဒီ မိန်းမယုတ်ရဲ့စကား ကျုပ် အဆုံးထိ နားထောင်ပြီး အညာမခံချင်တော့။
ကိုင်ထားတဲ့ ဓားနဲ့ အဆုံးသတ်လိုက် တာ အကောင်းဆုံး မဟုတ်လား။
ကျုပ်လည့်ကြည့်လိုက်တဲ့ အချိန်မှာ မိန်းမယုတ်ဟာ ကိုယ်တစ်ခြား ခေါင်းတစ်ခြား ဖြစ်နေခဲ့ပါပြီ။
မိန်းမယုတ်ကိုယ်က လက်ဝတ်လက်စားတွေဖြုတ် ဓားကသွေးတွေကို ရေဆေး
မေ့မျှောနေတဲ့ သူဌေးကို လှည်းပေါ်တင်ပြီး သကာလ ကျုပ် ကိုယ်တိုင်လှည်းမောင်းပြီး စခန်းဆီသို့ ပြန်လာခဲ့တယ် ဆိုပါတော့။
အခြားတစ်ဖက်မှာတော့ မာယာများသော မိန်းမယုတ်ရဲ့ အလောင်းကား ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့လေပြီ။
ဆက်ပါဦးမည်
သူခိုး ဓားရိုးကမ်း အပိုင်း (၃)
သူခိုးဓားရိုးကမ်း အပိုင်း (၃)
====================
ဒီနေ့တော့ မိုးမောင် ဗာရဏသီမြို့ထဲ လည်ရင်း ခိုင်မာတဲ့ သတင်းရပ်ကွက်က သတင်းတစ်ခု ရခဲ့တယ် ဆိုပါတော့။
အဲဒါက ဗာရဏသီ သူဌေး လင်မယား တက္ကသိုလ်ပြည်ကို ဆွေပြမျိုးပြ သွားမယ် ဆိုဘဲဗျာ့။
ထူးခြားတာက အခြံအရံတွေမပါဘဲ လင်မယား နှစ်ယောက်တည်း သွားမယ် ဆိုပါလား။
မိုးမောင် တွက်မိတာကတော့ တစ်ခြားမဟုတ် သူဌေးလင်မယား လက်ဝတ်လက်စားနဲ့ ပါလာတဲ့ ဥစ္စာတွေ ပေါင်းလိုက်ရင် ခပ်မျက်မျက် ကလေးရမယ် ဆိုတာပါ။
အပိုတွေ တွေးမနေတော့ပါဘူး တက္ကသိုလ်ပြည် သွားရာလမ်း တောတန်းတစ်နေရာကနေ စောင့်နေလိုက်ရုံပေါ့။
သိတ်မကြာလိုက်ပါဘူး လှည်းတစ်စီး ရောက်လာခဲ့တယ်။
သိတ်သေချာတာပေါ့ သူဌေးလင်မယား လေ။ လင်မယားသာ ဆိုတာပါ အသက်က ဆယ်နှစ်လောက်ကွာမယ်ထင်ပါတယ်။ မိုးမောင် နဲ့ဆိုရင်တော့ သူဌေးကတော်နဲ့ ကြီးလှ ငယ်လှ တစ်နှစ် နှစ်နှစ် နေမှာပေါ့။ သူဌေးရဲ့ ရုပ်ရည်ကလည်း အသားကမည်း သွားကကျဲ နဲ့ မသိရင်ဂြိုလ်သားလို့ ထင်ရလောက်တယ်။
ကျုပ်နဲ့ အနီးဆုံး နေရာအရောက်မှာတော့ လမ်းလယ်ခေါင်မှာ ကျုပ် ကျောပေးပြီး ရပ်စောင့်နေလိုက်တယ်လေ။
" ရှေ့က မိတ်ဆွေ လမ်းလယ်ခေါင် ဘာလုပ်နေတာလဲဗျာ့"
"စောင့်နေတာ"
"ဘယ်သူ့ကိုစောင့်နေတာလဲ" "ခင်ဗျားတို့ဇနီးမောင်နှံကိုလေ"
"မင်းက ဘယ်သူလဲ"
" မိုးမောင် "
" မိုးမောင်က အဖွဲ့နဲ့လေ မင်းက ဘာလို့ တစ်ယောက်ထဲ ဖြစ်နေရတာလဲ"
"အဲဒါက အရေးမကြီးပါဘူး ပါလာတဲ့ လက်ဝတ်လက်စားတွေ ပစ္စည်းတွေချပြီး သွားပေတော့"
အဲဒီမှာ သူဌေးက လှည်းပေါ်က ပါလာတဲ့ ဓားကိုင်ပြီး လွှားကနဲ ခုန်ဆင်းလာခဲ့တယ်။
သူ့ခုန်ဆင်းလာပုံကြည့်ပြီး မိုးမောင်သိလိုက်ပြီ။ ဒီသူဌေးက သိုင်းတတ်တယ်လေ။
" ကဲ မိုးမောင် အစစ်လား အတုလား ဓားထုတ်တော့" တဲ့ အလာကြီးဗျာ့။
ကျုပ် ဓားဆွဲထုတ်ပြီးတာနဲ့ သူ ပြေးဝင်လာခဲ့တယ်။ ဒလပ်စပ် ခုတ်တော့တာပါဘဲ။ ကျုပ်လည်းရှောင်ရင်း တိမ်းရင် ကာရင်း သူဌေးရဲ့ တိုက်ကွက်ကို လေ့လာနေမိတယ်။ သိတ်ကောင်းတဲ့ ဓားကွက်တွေပေါ့။
အတန်ငယ်ကြာလာတော့ မိုးမောင် သိလိုက်ပြီ သူဌေးမှာ အားနည်းချက်က သက်လုံ ကျနေတဲ့ကိစ္စပါ။ သူမတိုက်နိုင်တော့ လူလည်း တစ်ချက်ချက် ဒယီးဒရိုင်နဲ့ ဟန်ချက်ပျက်လာခဲ့တယ်။
ကျုပ်လည်း မောလာတာနဲ့အမျှ ဟန်ချက်တွေပျက်လာတာပါဘဲ။
ဒီနေ့ ကျုပ် ဘာဖြစ်နေတယ် ဆိုတာ စဉ်းစားလို့မရ ဒီသူဌေးရဲ့ ဟန်ချက်အပျက်မှာ ပွဲသိမ်းဓားချက် ပစ်သွင်း လိုက်လို့ ရနေတာပါ။
ဒါလောက်ကောင်းတဲ့ပြိုင်ဘက်ကို သတ်ပစ်ရမှာ နှမြှောနေမိတယ်။
တစ်ချက်မှာတော့ သူက အခုတ် ကျုပ်က အကာ နှစ်ယောက်စလုံးဟန်ချက်အပျက် သူ့ရင်ဘတ်ကို ကျုပ်ဆောင့်ကန်လိုက်တယ်။ ဒီအကွက်ကို သူလည်း ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တယ်။ သူလည်းကျုပ်ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်ဆိုပါတော့။
နှစ်ယောက်စလုံး နောက်လန်ကျသွားခဲ့တယ်။
ဒီ အခိုက်အတန့်မှာ သူသုံးလိုက်တဲ့ အကွက်က သိတ်လှတယ်ဗျာ့။ မှော် ဓားပစ် ပညာပါ။ တော်ရုံဓားသမား ဒီအကွက်မှာ ပွဲသိမ်းသွားမှာ သေချာတယ်။ ဒီ ဓားပစ်နည်းက အမှတ်တမဲ့ ရိုးသယောင်ရှိတယ်။ ဓားရိုးကိုင်ပြီး ဝဲပစ်လိုက်တာ ဆိုတော့ ဓားဦး အတန်းလိုက် ဝင်လာတာမျိုး မဟုတ်ဘဲ ဝဲပြီးဝင်လာတာမျိုး။ ပစ်မှတ်နဲ့ ဓားသွားကတော့ ကွက်တိ ပေါ့။ သူ ပစ်လိုက်တဲ့ ပစ်မှတ်ကတော့ ကျုပ်ရဲ့ လည်မျို တည့်တည့်ပေါ့။
ဟန်ချက်ပျက်နေတဲ့ လူတစ်ယောက်အတွက် ရှောင်ဖို့ဆိုတာ မလွယ်တော့
အဖြစ်နိုင်ဆုံးကတော့ တန်ပြန်နည်းပေါ့။ သူပစ်လိုက်တုန်းကရင်း ကျုပ်လည်း ပစ်ထည့်လိုက်တယ်ဆိုပါတော့။
ကျုပ်ပစ်မှတ်ကတော့ သူ့လည်မျို မဟုတ် သူ့ဓားလာရာလမ်းကြောင်း။
" ချွမ်း " ဆိုတဲ့အသံနဲ့ ဓားချင်းတိုက်ပြီး နှစ်ချောင်းစလုံး ဆန့်ကျင်ဘက် လွှင့်သွားခဲ့လေရဲ့။
ဓားမရှိတော့တဲ့ နောက်မှာ လက်ရည်ချင်းယှဉ်ရတော့မည်။
လက်ရည်ချင်းလည်း သိတ်မကွာလှ လက်ဝါး လက်ဖြန် တံတောင် ဒူးတိုက်ချက် ကန်ချက် မျှတတယ် လို့ပြောရလေမလား။
ဒီလိုနဲ့ လူချင်းအပူးမှာ သူ့ကိုလည်း ကိုယ်က ချုပ်မရ ကိုယ့်ကိုလည်း သူက ချုပ်မရ လုံးထွေးသတ်ပုတ်နေခဲ့ကြတယ်။
သူ သက်လုံကျစပြုနေပါပြီ ။ ကျုပ်တို့ပွဲသိမ်းဖို့ သိတ်မလိုတော့
" မိန်းမ ဓားယူ ယူခဲ့" ဆိုပြီး သူ လှမ်းအော်ပါတော့တယ်။
ကျုပ်မတွက်မိလိုက်တဲ့ အချက်က သူ့မှာ လူတစ်ယောက် အပိုပါတယ် ဆိုတာပါ။
ကျုပ်တို့နှစ်ယောက်ရဲ့ တိုက်ပွဲကို တစ်ချိန်လုံး မှင်သက်မိ ကြည့်နေတဲ့ သူဌေး ကတော်ဟာ သူနဲ့ အနီးဆုံးက ဓားကို ကောက်ယူပြီး ပြေးလာခဲ့တယ်။ ဘ တစ်ပြန် ကျားတစ်ပြန် အထက်ရောက်လိုက်
Tuesday, July 5, 2016
သူခိုး ဓားရိုးကမ်း အပိုင်း (၂)
သူခိုး ဓားရိုးကမ်း အပိုင်း (၂)
=====================
ဓားပြတိုက်တယ် ဆိုတာကလည်း သူများမပေးချင်တာ အတင်းယူတာဆိုတော့ သိတ်တော့မလွယ်လှ။
ခုခံမှုတွေ တိုင်ကြားမှုတွေကတော့ အရင်ဆုံးတွေ့ရမှာပါ။ ဒါကသမားရိုးကျ ဆိုတော့ ခက်ခဲတဲ့ စာရင်းထဲ ထည့်လို့မရဘူးလေ။
မိုးမောင်အတွက်ကတော့ ခုခံမှု တိုင်ကြားမှုတွေက စာမဖွဲ့ပါဘူး အေးဆေးပါ။
ဓားပြတိုက်ဖို့အတွက် အရင်ဆုံး ပွိုင့်ရိုက်ရတယ်။ ဘယ်ရွာက ဘယ်သူ ငွေကြေး ဥစ္စာ ဘယ်လောက်ရှိနိုင်တယ်။ခုရက်အတွင်း ဘယ်လောက်ရှိနိုင်တယ်။ ခုခံနိုင်စွမ်း ရှိ မရှိ ၊ အဲဒီဒေသ ကို တိုက်မယ့်ရက်အတွင်း လူကြီးလမ်းကြောင်း ရှိ မရှိ လေ့လာရတယ်လေ။ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ တိုက်ပြီပေါ့။
တစ်ခါက ပွိုင့်ရိုက်မှားသွားတော့ ရွာလည်ခဲ့ရဖူးသေးတယ်။
သွားတိုက်တဲ့အိမ်က တစ်ခုလတ်မ သူဌေးအိမ်လေ။ သူ့ စပါးဖိုးငွေတွေ လှည့်သိမ်းပြီးပြီလို့ သတင်းရတာနဲ့ သွားတိုက်လိုက်တာပေါ့။ အချိန်က ည ။ တံခါးပေါက်တွေ အားလုံးကို ကြိုတင် စီမံထားတဲ့ သော့တူ နဲ့ ဖွင့်ပြီး မိုးမောင်နဲ့ သုံးယောက်သား အိမ်ထဲဝင်လိုက်တာပေါ့။
တစ်ခုလပ်မက မိုးမောင် တို့ ကိုလည်းမြင်ရော
" ဘယ် ဘယ်သူတွေလဲရှင်"
" ဓားပြတွေ"
"ရှင် "
" ရှင်မနေနဲ့ ဘယ်မှာလဲ စပါးဖိုးတွေ အကုန်ပေး"
တစ်ခုလပ်မကတော့ လက်အုပ်ချီတောင်းပန်တာပေါ့။
အသက်ချမ်းသာပေးပါ။ မင်္ဂလာတောင် တစ်ခါဘဲ ဆောင်ရသေးလို့ပါ။ လိုတဲပစ္စည်း ယူသွားပါ စ သဖြင့်ပေါ့။ စပါးဖိုးကျတော့ ဘဏ်အပ်ပြီးပြီတဲ့ ။ အိမ်ထဲမှာ ဝင်မွှေတော့ ငွေကြေး တစ်ချို့နဲ့ လက်ဝတ်လက်စား တစ်ချို့လောက်သာ တွေ့ရပါတော့တယ်။ ဘယ်ရမလဲ သူမ ကိုယ်က လက်ဝတ်လက်စား တွေပါ ချွတ်ခိုင်းတော့ ဘာပြောတယ်မှတ်လဲ အတုတွေပါတဲ့။ ဟုတ်တာပေါ့ အတုမှ တကယ် အတုတွေ။
" ဒါ ရှိတာအကုန်ဘဲလား ပြောစမ်း"
" ဟုတ် ဟုတ်ကဲ့ပါ ဒါ အကုန်ပါဘဲရှင် ဟို ဟိုလေ အကိုကြီးတို့ လိုချင်သေးရင် ကျမ ကားပေးပါ့မယ်ရှင်"တဲ့။
ကားရလည်း မဆိုးပါဘူး လက်ရုံးကြီး မိုက်ခဲ က ကားမောင်းတတ် နေတာဘဲ ဥစ္စာ။ မောင်းသွားရုံပေါ့ ဟုတ်ဖူးလားဗျာ။
တစ်ခုလပ်မက ကားပေးမယ်ပြောပြီး အခန်းထဲဝင်သွားခဲ့လေရဲ့။
ကားသော့နဲ့ လိုင်စင်မှတ်တမ်းတွေ သွားယူတယ်ထင်ပါရဲ့ပေါ့။
ခဏကြာတော့
"ရပါပြီရှင်" လို့ အော်ပြောတာနဲ့ မိုက်ခဲ ကို မေးငေါ့ပြလိုက်တယ် သွားယူချေပေါ့။
မိုက်ခဲ အခန်းထဲ ဝင်သွားပြီး ချက်ချင်းဆိုသလို ပြန်ထွက်လာခဲ့တယ်။
" ဆရာ အရင် လာယူပါတဲ့ ဆရာ"
မိုးမောင် ဝင်သွားတော့ တစ်ခုလပ်မှ ပေးတဲ့ကားက မိုးမောင် တို့လိုချင်တဲ့ ကားမှ မဟုတ်တာကြီး။
မိုးမောင် ဒေါသထွက်လာတာနဲ့ တစ်ချက် ဆောင့်ကန်ပြီး ပြန်လာခဲ့တယ် ဆိုပါတော့။ လူဆိုးမိုးမောင်က ဓားပြသာတိုက်တာ ယုတ်မာတာတော့ ဝါသနာမပါဘူးဗျာ့။
အဲသလို ပွိုင့်ရိုက်တာမှားရင် မထင်တဲ့ အပေါက်က ထွက်တာတွေ ပြောတာပါ။
အထူးသဖြင့် အပျိုကြီးတွေ မုဆိုးမအိမ်တွေ ပွိုင့်ရိုက်မှားရာကနေ
လှည်းပေးမယ်
လှံပေးမယ်
စောင်းပေးမယ် ဆိုတာမျိုးတွေကြုံရတတ်တယ်။
ဒီကြားထဲ "ကျမ တင် ပြပါရစေ ကိုမိုးမောင်ကြီးရယ် " ဆိုတာမျိုးကပါသေး။
မိုးမောင်လည်း အုပ်ပေးခဲ့တာများပါတယ် နားရင်း။
တစ်ခါကလည်း တစ်ကိုယ်တော် ထွက်တိုက်ရင်း အပျိုကြီးအိမ်နဲ့ သွားတိုးလို့ "ကုန်းပေးမယ်"တဲ့လေ။
" အောင်မာ ငါလုပ်လိုက်ရ သေတော့မယ် ငါက ဓားပြဟ ဓားပြ ကြာကူလီ မဟုတ်ဘူး" ပေါ့။
" ဟို အနောက်ကုန်းကို ပြောတာပါ အကိုရယ်" တဲ့။
"ဘာလုပ်မှာလဲ အနောက်ကုန်း" ဆိုတော့
" တောင်ယာလုပ်စားပေါ့ "တဲ့ ။
တောင်ယာ မလုပ်စားချင်လို့ ဓားပြတိုက်စားပါတယ် ဆိုခါမှဗျာ။
ဓားပြမှာလည်း အဲသလို အလွဲတွေ ရှိသေးတာကိုး ။
ဆက်ပါဦးမည်
သူခိုး ဓားရိုးကမ်း အပိုင်း (၁)
သူခိုး ဓားရိုးကမ်း အပိုင်း (၁)
==============
ကျုပ်နာမည် က မိုးမောင် ။
အလုပ် အကိုင် ကတော့ နာမည်ကြားတာနဲ့သိမှာပါ။ သူခိုးကြီးမိုးမောင် ဆိုတာ ဒီနယ်မှာ လူတိုင်းသိတယ်မလား။
နှင်းကြီးရင် မိုး ဆိုသလို ကျုပ်လည်း သူခိုးကြီးကနေ ဓားပြ ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။
နောက်လိုက် နောက်ပါတွေလည်းကြည့်အုံး ၅၀၀ လောက်ရှိတယ်လေ။ ဒါ မနေ့ တစ်နေ့ကမှ ခိုးဝင်လာတဲ့ လူတွေမပါသေးဘူး ။ ပန်းရောင် မှတ်ပုံတင် မရသေးလို့ စာရင်းထဲ မထည့်သေးတာ။
ရှစ်ယောက်ထက်ကျော်ရင် သူပုန် လို့ ဗာရဏသီဘုရင် ကတော့ သတ်မှတ်ထားလေရဲ့။
သူပုန်လို့ပြောရအောင် ကျုပ်က သူတို့ ထီးရေးနန်းရာ မှ စိတ်မဝင်စား။
ဒီလို အင်အားတောင့်နေလင့်ကစား ဘုရင့်တပ် နဲ့တော့ တစ်ခါမှ စစ်မတိုက်ဖူးပါဘူး။
ဘယ်တိုက်မလဲ သူတို့စစ်သူကြီးတွေကိုက ကျုပ်ပေးတဲ့ ဝေစုနဲ့ လူတောတိုးနေကြတာကိုးဗျာ့။
ပြည်သူ့ဟစ်တိုင်မှာ ပြည်သူတွေက လာဟစ်လို့ ဘုရင့် နားတော်ပေါက်ကြားလည်း သောက်ဂရုစိုက်စရာ မလိုပါဘူး အေးဆေးပါ။
မင်းတို့အဖွဲ့တွေ တစ်နေရာမှာရှောင်ထားကြ ဘုရင့်တပ်တော် လာလိမ့်မယ် ဆိုတာမျိုး ဖန်တီးထားပြီးသားဥစ္စာ။
တစ်ခါတစ်လေ စစ်သူကြီးက
" လူဖမ်းပြမှ ရမယ် တဲ့ ကိုမိုးမောင်ရေ" ဆိုရင်တော့လည်း လေးငါးဆယ်ယောက်လောက် အသက် အာမခံ တောင်းပြီး ပေးလိုက် အေးတာပါဘဲ။ အချိန်တန် တစ်လလောက်ဆို ပြန်လာခဲ့ကြတာပါ။
ဒီကြားထဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တိုးရင် တစ်ရက် နှစ်ရက်နဲ့တောင်ပြန်လာကြတာရှိသေး။
တခါတလေ ထောင်ထဲမှာ ရောဂါထပြီးသေသွားရင် သူတို့ကို ပေးမယ့် ဝေစုထဲက နှုတ်ပြီး လျော်ကြေးတောင်ရလိုက်သေးတာကိုး။
ကျုပ်က ဓားပြတိုက်တဲ့ နေရာမှာ ရပ်ကြီးရွာကြီးတွေတိုက်မှ အင်အားသုံးတာဗျာ့။
ကျန်တဲ့ တစ်အိမ် နှစ်အိမ် တိုက်တာမျိုးကတော့ သူ့အဖွဲ့ ကိုယ့်အဖွဲ့ လေးငါးယောက် သွားတိုက်ကြတာများပါတယ်။
ရလာတာ ဝေစု သုံးစု အခွန်ဆောင် လိုက်ရင် ပြီးသွားတာပါ။
ကျုပ်ကိုယ်တိုင် ကိုက ဆောင်ပြတော့ ကျန်တဲ့ကောင်တွေ နေရိုးလား။
တကယ်ဆို ကျုပ်က သူတို့ဆောင်တဲ့ အခွန်နဲ့ နေပြည်တော်က လူတွေလို အဲယားကွန်း အခန်းထဲကနေ ဟို ဥပဒေ ပြင်နေသလိုလို ဒီ ဥပဒေ ဖျက်သလိုလို ရက် ၁၀၀ အတွင်း ကြီးပွားတော့မလိုလို အသံကောင်း လှိမ့်ဟစ်ပြီး ထိုင်စားနေတောင် ရနေတာဗျာ့။
ကျုပ်က သူခိုးဓားပြသာဖြစ်နေတာပါ အချောင်ထိုင်စားရမှာ သိတ်ရှက်တတ်တာ လေ။
အဲဒါကြောင့် ကျုပ်လည်း ထွက်တိုက်ရတာပေါ့။
တစ်ခြား ဓားပြတွေ ဘယ်လိုတိုက်တယ်ဆိုတာတော့ ကျုပ်မသိဘူး ။ ကျုပ်ကတော့ လစ်ရင် ခိုးတယ် မလစ်ရင် တိုက်တယ်ပေါ့ဗျာ။
ဆက်ပါဦးမည်
Saturday, July 2, 2016
အ တ တ မြန်မာ
" အောင်သူရန်ပွား ၊ ရှုံးသားစိုးရိမ် ၊
စည်းစိမ်လျော့ပါး ၊ တရား သဘင် မဝင်သက်သေ ၊ မိတ်ဆွေ နိမ့်ဆို ၊ မလိုထိမ်းမြား ဤခြောက်ပါးကား ပျော်ပါးကြွေအန် အပြစ်တည်း"
ယဉ်ကျေးလိမ္မာ သင်တန်းကနေ သင်လာခဲ့တဲ့ ကဗျာကို မြေးလေး ကျက်နေတယ်လေ ။
ဒီ ကဗျာသံကို နားထောင်ရင်း ဦးဖိုးထောင် စိတ်တွေ ဟိုးအဝေးဆီသို့ ပျံ့လွှင့်သွားခဲ့တယ် ဆိုရလေမလား။
တစ်ချိန်က ဖိုးထောင်ဆိုလျင် မသိသူ အတော်ရှားတာဗျာ့။ သူက ဆန်စက် ပိုင်ရှင် ဆီစက်ပိုင်ရှင်လေ။
အဲဒီတုန်းက SE ကားစီးနိုင်သူ ဆိုတာ မြို့ထဲမှာ ဖိုးထောင်လွဲပြီး မရှိပါဘူး။
မြို့မိ မြို့ဖဆိုသူတွေလည်း သမီးမင်္ဂလာဆောင်တာတောင် မပါမပြီး တလေးတစား ဖိတ်ကြားနေကြတာကလား။
ပြည်နယ်တွေမှာဆိုရင်တော့ စော်ဘွားလိုလို ဘာလိုလိုလောက်တောင် သြဇာရှိတာ။
ရုပ်ရေ ရူပကာကတော့ အခုဗေလုဝ နဲ့ ပြိုင်ရင် သရေကျမယ်ထင်ပါတယ်။
သူကြိုက်တဲ့ ကောင်မလေးကတော့ မြဟေမာန် အငြိမ့်ထဲက အလှဆုံး ခေါင်းဆောင် မင်းသမီး မြဟေမာန်ပေါ့။
မြဟေမာန် ဘယ်ပွဲမှာ က သတဲ့ ဆိုရင် SE လေးနဲ့ လိုက်ပိုးရတာကလား။ မြဟေမာန် ရဲ့ အပြန်လမ်းကတော့ SE လေးနဲ့ ကြိုပြန်လာရတာ အကြိမ်ကြိမ်။
မြဟေမာန် ရဲ့ အလှကို ယစ်မူးနေကြတဲ့ သာမန်သူဌေးလေးတွေလည်း ဒု နဲ့ ဒေး လို့ဆိုရပါလိမ့်မယ်။
မြဟေမာန် သီချင်းတစ်ပုဒ် ဆိုပြီးတာနဲ့ ဆုချတဲ့သူတွေ နည်းမှ မနည်းတာ။
ဘာဘဲပြောပြော ဖိုးထောင်အဖို့ကတော့ သမင်ဆယ်လှမ်း ကြားတစ်လှမ်း မဟုတ်လား ။
ဒီလိုနဲ့ မောင်ဖိုးထောင် နဲ့ မမြဟေမာန် တို့ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနားနဲ့ ပြီးဆုံးသွားခဲ့တယ် ဆိုပါတော့။
မြို့ထဲက လူတစ်ချို့ကတော့ ကျောက်ပေါက်မာ မင်းကုသ နဲ့ ပဘာဝတီတို့ မင်္ဂလာပွဲလို့တောင် တင်စားကြလေရဲ့။
အဲသလောက် ဒိတ်ဒိတ်ကြဲ ကိုဖိုးထောင် ဟာ ဒိတ်ဒိတ်ကြဲချိန်သက်တမ်း ပြည့်သွားခဲ့စေတဲ့ အလှည့်အပြောင်းကတော့ မြန်လွန်းတယ်လို့ ပြောရလေမလား။
အဲတုန်းက ကာလာတီဗွီ စပေါ်ကာစ ကာလ မြို့ထဲမှာ တစ်လုံးစ နှစ်လုံးစ ရှိလာကြတဲ့ ကာလမှာ ဖိုးထောင်ကတော့ဖြင့် စလောင်းတွေ တပ်ဆင်ထားပြီးပါပြီ။
လူတစ်ယောက်က အကြံပေးတာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကို အခကြေးငွေ နဲ့ ရုံဆောက်ပြီး ပြလိုက်တာ စလောင်းဖိုး ရုံဖိုးဟာ အရင်းရရုံမက အမြတ်တောင်ကျန်လိုက်သေးပေါ့။
နောက်တစ်ကြိမ် ကမ္ဘာ့ဖလား အရောက်မှာ ဘောလုံးပွဲ ပြရုံတင်မကဘူး ။ လောင်းကြေး ဒိုင်ပါ ကိုင်လိုက်တယ်လေ။
အဲတုန်းက တစ်လုံး ၅၀ စား စတဲ့ ပေါက်ကြေးတွေ နားမလည်တော့
လာသမျှပွဲတိုင်း ကြိုက်တဲ့ဘက်ကနေ ဒဲ့ ဘဲဖွင့်ပေးလိုက်တာပေါ့။
ဥပမာ ဘရာဇီးနဲ့ အီရန် ပွဲလည်း ဒဲ့ ဖွင့်တာ ဆိုတော့ ခွက်ခွက်လန်အောင်ရှုံးပါရောလား။
ကမ္ဘာ့ ဖလား ဆီးမီး ဖိုင်နယ်လောက်ရောက်တော့ ဦးဖိုးထောင်ရဲ့ ဆန်စက် ဆီစက်တွေရဲ့ စာချုပ်တွေပေါ်မှာ ဦးဖိုးထောင် နာမည်တွေမရှိတော့ပါဘူး။
လီမျိုးနွယ်တွေ မိုဟာမက် မျိုးနွယ်တွေ ဖြစ်ကုန်ပါပြီ။
ဗိုလ်လုပွဲ အပြီးမှာတော့ ဗွီဒီယို ရုံပါ တရုတ်လေးလီထောင်ကဲကို အပ်လိုက်ရတယ် ဆိုပါတော့။
ဒီလိုနဲ့ မှတ်မှတ်ရရ ၁၉၉၄ အမေရိကန် ကမ္ဘ္ဘာ့ဖလား ပွဲကျတော့ ဦးဖိုးထောင်တစ်ယောက် ဗွီဒီယိုရုံရဲ့ ချောင်ကြားတစ်နေရာကနေ ငါးကျပ်ပေးကြည့်နေရပါပြီ။
လောင်းကြေးနဲ့ ပြန်ယူမယ် ဆိုပြီး တောင်ကိုရီးယား နဲ့ ဂျာမနီအတွေ့မှာ ဂျာမဏီအသင်း ဘက်က ပုံထည့်လိုက်တာပေါ့ ။ သုံးဂိုးပြတ် နဲ့ကိုနိုင်ပါတယ်။
သွားထုတ်တော့ "ခင်ဗျား ပေါက်ကြေးနားမလည်ဘဲ လောင်းသွားတာ"တဲ့ ။ 3 - ဆိုတာ ပေါက်ကြေးဗျာ့။ ခင်ဗျား ထည့်ခဲ့တဲ့ အသင်း လေးဂိုးသွင်းမှ နိုင်တာ သုံးဂိုးထဲဆို ရှုံးတယ်တဲ့ ဝိုင်းတောင်ရယ်လိုက်ကြသေး။
ကိုယ့်အလှည့်တုန်းကသာ ဒဲ့ဖွင့်ပေးခဲ့တာ သူတို့အလှည့်ကျတော့ ပေါက်ကြေး ဆိုတဲ့ ညီမျှခြင်းနဲ့ ကန့်သတ်ထားကြပါရောလား။
ဦးဖိုးထောင် ဘာမှမတတ်နိုင်တော့ တောက်ခေါက်နေရုံသာရှိတော့သည် တကား ။
နောက်ဆုံးဗိုလ်လုပွဲ အရောက်မှာတော့
"ဦးလေး ကျနော်က ဘရာဇီးလ်းယူမယ် ဦးလေးက အီတလီ ယူ ကြိုက်တဲ့ကြေးပြော" လို့ တရုတ်လေးကပြောလာခဲ့တယ်။
" ငါ့အိမ်နဲ့ခြံ ထည့်မယ်ကွာ "
" ဒါဆို ကျနော်က ဒီ ဗွီဒီယိုရိုရုံ နဲ့ စက်စပ်အားလုံးအပြင် ငွေ ဆယ်သိန်းထည့်မယ် ဘာပေါက်ကြေးမှ မဖွင့်ဘူး ဦးလေးနိုင် ဦးလေးယူ ကျနော်နိုင် ကျနော်ယူမယ် ရတယ်မလား"
" ကောင်းပြီကွာ" ဆိုပြီးလောင်းချလိုက်တယ်လေ။
ဒီလိုနဲ့ မိနစ် ကိုးဆယ်ပြည့်သွားတော့ တစ်ဘက်မှ အနိုင်ဂိုး ရှာမတွေ့ဘဲ သရေကျ သွားခဲ့တယ်။
" ကဲ ဦးလေး ပွဲကတော့ သရေကျသွားပြီ ဘယ်သူမှ မနိုင်တော့ သရေဘဲ ဒါပေမယ့် ကောက်ကြေး ငါးသိန်း ဦးလေးဆောင်ရမယ်"
"ဟေ ဘာဆိုင်လို့လဲ "
"ကျနော်က ဒိုင်လေ ငါးရာခိုင်နှုံးကို ထိုးသားဆောင်ရတာလေ ဥပမာ ဦးလေးက တစ်သိန်းလောင်းလို့ နိုင်ရင် ကျနော် ကိုးသောင်းခွဲ ဘဲလျှော်ရတာဗျာ့" တဲ့။
သူတို့ ဒိုင်လုပ်ခါမှ လွှလို နှစ်ဘက်စားကြီးပါလားပေါ့။
သူတို့ အပြောနဲ့သူတို့တော့ မျှတနေကြလေရဲ့။
" ဒီလိုလုပ်ကွာ ငါ့တူ ပွဲမပြီးမချင်း လောင်းမယ် မင်းသတ္တိ မရှိဘူးလား"
" ရတယ်လေ တကယ်လို့ ဦးလေး အီတလီ နိုင်သွားရင် ဒီဗွီယိုရုံနဲ့ ငွေ ငါးသိန်း ကျနော် လွဲပေးမယ်"
" မင်းအစက ပြောထားတာ ဆယ်သိန်းလေ"
" ဟုတ်တယ်လေ ဦးလေး ကောက်ကြေးငါးသိန်းကကျနော်ပြန်ယူရမှာလေ"
" အေး အေးကွာ"
ဒီလိုနဲ့ အချိန်ပို ဆက်ကစားကြသည် သရေပါဘဲ။
ပိုင်နယ်တီ ငါးလုံးစီ ဆက်ကန်ကြသည်။ ဦးဖိုးထောင် ၏ ဘဝသည် အီတလီ ဘောလုံးသမားတို့အပေါ်တွင် လုံးဝ တည်မှီသွားခဲ့ပါပြီ။
တရုတ်လေးရှုံးလို့ ဗွီဒီယိုရုံ ပေးလိုက်တာ ပြဿနာမရှိ အခြေမပျက်။
တစ်ဖက် လေးလုံးကန်ပြီးချိန်မှာ သရေ သာရှိနေဆဲ ငါးလုံးမြောက်
ရောဘတ်တို ဘက်ဂီယို ဆိုလား ဘာလား အဲဒီကောင်အလှည့် ပြေးကန်လိုက်သည်။ ချော်ထွက်သွားခဲ့လေပြီ သွားပြီ။ ဘရာဇီး ကန်ရမယ့်အလှည့်မှာတော့ အီတလီ ဂိုးသမားဟာ ပိုက်ထဲ ဘောလုံးရောက်မှ ဘောလုံးမြင်ဖူးတယ်ထင်ရတယ်လေ။ သူတို့ ဖလား မရတာက အကြောင်းမဟုတ် ဦးဖိုးထောင်ကတော့ တိုက်နဲ့ခြံကို တရုတ်လေးထံ သိန်း ၅၀ နဲ့ ရောင်းချလိုက်ကြောင်း လက်မှတ်ထိုးပြီးမြို့သစ်ဘက်ကို ဦးတည်သွားခဲ့လေပြီ။
ရှိတဲ့ အိမ်ထောင်ပရိဘောဂတွေ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး မြို့သစ်မှာ ကုန်စုံဆိုင်လေးတည်ရင်း လက်ကျန် ဘဝလေးကို ခရီးဆက်နေရချေတော့မည်။
တစ်ချိန်က တက္ကသိုလ်ကျောင်းသားတွေ သူဌေးသားတွေနဲ့တောင် မတူဘူး မတန်ဘူး ဆိုပြီး ငြင်းဆန်ခဲ့တဲ့ တစ်ဦးတည်းသော သမီးဟာလည်း ခုတော့ ဘယ်ကကောင်မှန်းမသိတဲ့ ကောင်နဲ့ ခိုးရာလိုက်ပြေးပြီး ကလေးတစ်ယောက်နဲ့ အိမ်ပေါ်ပြန်ရောက် နေခဲ့ပြီလေ။
မတတ်နိုင်ဘူး ကိုယ့်သမီးက မွေးတာ ဆိုတော့လည်း ကိုယ့်မြေးပေါ့။ လိမ္မာရေးခြားရှိအောင် စောင့်ရှောက်ရုံမှတပါး အခြားမရှိတော့။
အခုတော့လည်း မြို့ထဲဘက်ကို ရောက်တိုင်း ဦးဖိုးထောင်တစ်ယောက် သက်ပြင်းရှည်တွေ အကြိမ်ကြိမ်ချရင်း နောင်တတွေ တစ်ပွေ့တပိုက် ထမ်းပိုးကာ လေးတွဲ့စွာပြန်ခဲ့ရတာ အကြိမ်ကြိမ်။
အခြားတစ်ဘက်က မြို့ထဲမှာတော့ မြန်မာစာ မပါတဲ့ ဆိုင်းဘုတ်တွေက မီးရောင်တလက်လက် ဖြာထွက်နေကြလေပြီတကား။
တကယ်တော့ ဦးဖိုးထောင် တစ်ယောက် ဘောလုံးပွဲမှာ ဆယ့်တစ်ယောက်ချင်း ကစားတာဘဲ ဘာလို့ ဂိုးကြောတွေ ပေါက်ကြေးတွေ ဖွင့်နေရမှာလဲပေါ့၊ အရည်အချင်း အစဉ်အလာ တွေနဲ့ မျှတအောင်လုပ်ဖို့ နားမလည်ခဲ့ဘူးလေ။
ဒီလိုနဲ့ မြို့သစ်ဆိုတဲ့ ဗွက်တောထဲကိုရောက်လာခဲ့တယ် ဆိုပါတော့။
ဒီလိုပါဘဲ နွားချင်းအတူတူ နွားထီးလည်း ငါးကျပ် နွားမလည်း ငါးကျပ် နဲ့ နွားပွဲစားလုပ်ရင်း မြို့သစ်ဗွက်တောထဲကို ရောက်လာကြသူတွေလည်း ဒု နဲ့ ဒေးပါဘဲ။
အခုတော့ အားလုံးဟာ မလင်းတစ်ချက် လင်းတစ်ချက် မီးရောင်အောက်မှာ မလာတစ်ချက် လာတစ်ချက် ရေတွေ လုသောက်လုချိုးရင်း အရက်ဖြူဆိုင်ထဲမှာ ဟိုလူ အသုံးမကျကြောင်း ဒီလူ အသုံးမကျကြောင်း လက်ညိုးထိုး ဝေဖန် ငြင်းခုံနေကြလေရဲ့ဗျာ။
တကယ်တော့ မြန်မာတွေ အားလုံးဟာ ဦးဖိုးထောင် လို အ တတ တွေချည်းပါဘဲ။
ဥပမာ ဘောလုံးဆိုတာ တစ်ဘက် ဆယ့်တစ်ယောက်တမ်း ကစားတာ ဘယ်ဘက်မှ မပိုသလို တိုင်းရင်းသားလည်းလူ ခိုးဝင်တွေလည်းလူ ဘဲ လူဆိုရင် လူ့အခွင့်အရေး ရှိရမယ် လို့ သတ်မှတ်ခဲ့ကြတယ်လေ။
အဆင့်အတန်း အရည်အချင်းကွာခြားလွန်းတဲ့ အီရန် နဲ့ ဘရာဇီလ်း လို အသင်းမျိုးကို ဒဲ့ပေါက်ကြေးဖွင့်ခဲ့တဲ့ ဦးဖိုးထောင်လို
မြန်မာတွေဟာလည်း တိုင်းရင်းသား နဲ့ ခိုးဝင်တွေကို နားထောင်လို့သိတ်ကောင်းပြီး ဘယ်နိုင်ငံမှ သောက်ရေးမလုပ်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်း အောက်ကနေ အတူတူ အခွင့်အရေး ပေးခဲ့ကြတယ်။
နွားချင်းတူသလို လူချင်းတူတာ မှန်ပေမယ့် ခိုးဝင် နွားမတွေကို ငါးကျပ်နဲ့ဈေးဖြတ်ခဲ့သလို ဌာနေတိုင်းရင်းသား နွားထီးတွေကိုလည်း ငါးကျပ်နဲ့ ထုတ်ရောင်းခဲ့ကြတယ်။
အခုတော့ မြန်မာတိုင်းရင်းသားတိုင်း မှတ်ပုံတင်မရှိခါမှနေရော ခိုးဝင် တိုင်းမှာတော့ မှတ်ပုံတင်ကိုယ်စီ ရှိနေကြပြီလေ။
လွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်လို့ အသံကောင်းဟစ်ဖို့အတွက် ကိုယ်ပိုင် ဗုဒ္ဓဘာသာတွေလည်း ခုတော့ ခိုးဝင် ဘာသာခြားတွေလို တရားပွဲတောင် လျှောက်လွှာကျမှ တရားနာရတော့မယ်တဲ့။
တကယ်ဆို ငါတို့နိုင်ငံဟာ ၁၃၅ မျိုးသော တိုင်းရင်းသားတို့ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံ ဖြစ်နေလင့်ကစား ခိုးဝင်တွေထက်ပိုသော အခွင့်အရေး ဘာများပိုရနေလို့လဲဗျာ။
ကိုယ်ပိုင်ဗုဒ္ဓဘာသာရှိနေပါလျက် ဘာသာခြားတွေထက် ဘာများပိုရနေလို့လဲဗျာ။
တကယ်တော့ မြန်မာတွေ အားလုံးဟာ နွားထီး ငါးကျပ် နွားမ ငါးကျပ် ဈေးဖြတ်ခဲ့ကြတဲ့ နွားပွဲစား အ တ တ တွေနဲ့ အတူတူပါဘဲဗျာ။
သေချာတာ ပြောလိုက်မယ် မြို့တိုင်းက အထင်ကရ နေရာမှာ မြန်မာစာ ဆိုင်းဘုတ် ပျောက်ကုန်ပြီ ဆိုတာပါဘဲ။
ကဲကဲ ပြောရင်းဆိုရင်း ဖိုးထောင် လည်း ဘောစိ လီထောင်ကဲ ဆီမှာ ကုန်စုံဆိုင်အတွက် ကုန်တွေ သွားမှာလိုက်အုံးမယ်ဗျာ။
ဖိုးထောင်
2 .7 . 2016
Subscribe to:
Posts (Atom)