သူခိုး ဓားရိုးကမ်း (ဇာတ်သိမ်း)
======================
ကျုပ် စခန်းကိုရောက်တုန်းကရင်း သူဌေးဟာ သတိရတစ်ချက် မရတစ်ချက် နဲ့ အပြင်းဖျားနေခဲ့ပါပြီ။
မနေ့က တိုက်ခိုက်ခဲ့တဲ့ ဒါဏ်ရာ မများပေမယ့် တစ်ကိုယ်လုံး ကိုက်ခဲနေမှာတော့ သေချာတာပေါ့။
ကျုပ်တောင် တောင့်တင်းနေတာလေ။
သူသတိရတိုင်း မေးတဲ့ မေးခွန်းက
"သူ့မိန်းမ ဘယ်မှာလဲ" ဆိုတာပါ။
ကျန်းမာရေးကောင်းအောင်သာ ကိုယ့်ဟာကိုယ် စောင့်ရှောက်ဖို့ ဘဲ ပြောထားတယ်လေ။
ကျုပ်လည်း ရှိတဲ့ ဆေးတွေနဲ့ သူဌေး ကို ပြုစုရင်း ကျုပ်မျက်စိထဲမှာ အကြိမ်ကြိမ်မြင်နေတာကတော့ သူခိုးဓားရိုးကမ်းတဲ့ မိန်းမပေါ့။
နှစ်ညလောက်လင်းတော့ သူဌေး နေကောင်းသွားခဲ့ပါပြီ။ နေ အတော်မြင့်သည့်တိုင်အောင် ကျုပ် အိပ်ရာက မထသေး။ တဲထဲမှာ အိုးခွက်သံတွေတော့ ကြားနေလေရဲ့။
အိပ်ရာထ မျက်နှာသစ်ပြီးတော့ သူဌေးက ထမင်းစားကြရအောင် တဲ့။
သူဌေးက စောစောစီးစီး ထမင်း ဟင်း ထချက်ထားတာ ကလား။
နှစ်ယောက်သား ထမင်းသာ စားနေတာ ဘာစကားမှ မပြောဖြစ်ကြ။
ပြောဖြစ်တာကတော့ စားသောက်ဆေးကြော အပြီးမှာပေါ့။
" ကိုမိုးမောင် ခင်ဗျား ကျုပ်ကို ဘာလို့ မသတ်သေးတာလဲ " တဲ့။
" ကျုပ်သတ်ဖို့ အစီအစဉ် မှမရှိတာ "
" ဘာတွေလိုနေသေးလို့လဲ"
" မသိသေးဘူး"
" ကျုပ် မိန်းမ ရော"
" သတ်လိုက်ပြီ "
" အော် "
" ဘာလို့ သတ်လဲ မမေးတော့ဘူးလား"
" မမေးတော့ဘူး ကိုမိုးမောင်"
" ဘာလို့လဲ "
" ကိုမိုးမောင် မှန်သွားပြီ လောကမှာ အမ အတွက် အဖိုတွေ သေခဲ့ကြတာ မနည်းတော့ဘူး။ ဒါက မသိတဲ့ တိရိစ္ဆာန် တွေလေ။ ကျုပ် တို့က အသိရှိတဲ့လူတွေ။ မ အတွက်နဲ့ သေဖို့ မတန်ဘူး။ အဲဒီနေ့က ကိုမိုးမောင် သာသတ်လိုက်ရင် ကျုပ်သေမှာပါ။ ကျုပ်သေသွားရင် ကျန်ခဲ့တဲ့ မိန်းမ ကို ခင်ဗျား တာဝန်ယူရလိမ့်မယ်။ မကြာမတင်မှာ ကိုမိုးမောင်လည်း သေမှာပါဘဲ။ ခုတော့ အားလုံး အေးချမ်းသွားပါပြီ ကျုပ်လည်း ဒါ့ထက် အေးချမ်းတဲ့ နေရာရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျုပ်ကိုကယ်ခဲ့တဲ့ ကိုမိုးမောင်ကိုလည်း ကျုပ် ပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှု အားလုံး လွဲပေးပါ့မယ်ဗျာ။ ကိုမိုးမောင် ဓားပြ တိုက်နေစရာ မလိုတော့ပါဘူး။ ရတယ်မလား"
" ခင်ဗျားပိုင်ဆိုင်မှု အားလုံးကို ခင်ဗျားမလိုတော့ဘူး ဆိုမှတော့ ကျုပ်လည်း မလိုချင်တော့ပါဘူး"
" ကောင်းပြီ ကိုမိုးမောင် ခင်ဗျားနဲ့ ကျုပ် အငြိမ်းချမ်းဆုံးနေရာကို ရှာဖွေကြပါစို့"
နှစ်ယောက်သား အတူတူ ဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ သူရှာဖွေထားတဲ့ သူဌေး စည်းစိမ်ကို စွန့်လွှတ်ခဲ့သလို ကျုပ်လည်း သိတ်ဝါသနာ ပါတဲ့ ဓားပြ ဘဝကို စွန့်ကာ ဖန်ရည်စွန်းသော အဝတ်နဲ့ ရသေ့ ညီနောင်အဖြစ် အငြိမ်းချမ်းဆုံး နေရာကို မတွေ့ခဲ့သည့်တိုင်အောင် စည်းစိမ်အတွက် ရန်သူမျိုးငါးပါးဘေးက ငြိမ်းအေးခဲ့ သလို ဓားပြ ရန်ကို နိုင်နင်းဖို့ ရောက်လာမယ့် ဘုရင့်တပ် ဘေးကနေလည်း ပူပင်စရာမလိုအောင် လွှတ်လပ်နေခဲ့ပြီ မဟုတ်ပါလား။
အခြားတစ်ဖက်မှာတော့ စောင့်စည်းမှု ဘောင်အတွင်းကနေ လွတ်လပ်စွာ နေရတာကို ဒီမိုကရေစီ လို့ ခေါ်မလား။
စောင့်စည်းရမယ့် ဘောင်ကိုပင်လျင် လူ့အခွင့်အရေး ချိုးဖောက်တယ် လို့ ငြင်းခုံနေကြ လေမလား ဆိုတာကတော့ဖြင့် မိုးမောင် တို့ ညီနောင် နဲ့ ဝေးရာ ဝေးရာဆီမှာ ကျန်ရစ်ခဲ့ လေပြီ တကား။ ။
၅၅၀ နိပါတ်တော်လာ သူခိုးဓားရိုးကမ်းဇာတ်ကို မီငြမ်းရေးသားသည်။
ဓာတ်ပုံအတွက် ရှင်းလင်းချက်===
ခိုးဝင် များကို ကျုပ်တို့မြန်မာတွေ တန်းတူ အခွင့်အရေး ပေးခဲ့ကြတယ်။ မှတ်ပုံတင်တွေ ပေးခဲ့ကြတယ်။ နေရာတွေပေးခဲ့ကြတယ်။ ဒါကိုပင်လျင် လူ့အခွင့်အရေး လို့ အသံကောင်းဟစ်ပြီး သူခိုးဓားရိုးကမ်း နေခဲ့ကြတယ်။
ဓာရိုးကိုင်လိုက်ရတဲ့ သူခိုးက အခု ဆိုရင် မြန်မာ့ ယဉ်ကျေးမှု အတော်များများကို ခုတ်သတ်လိုက်ပြီးပါပြီ။ စောင့်လေမျိုးနွယ် ဆိုသော မြန်မာ့ လူ့အဖွဲ့အစည်း ရဲ့ စည်းကမ်းကိုလည်း ခုတ်သတ်ခဲ့ပြီးပြီ။
မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဥသျှောင် အမျိုး ဘာသာ သာသနာ ကိုလည်း သတ်ပစ်ဖို့ ကြိုးစားနေပါပြီ။
ရှေ့တန်းစစ်မျက်နှာက မဘသ ကို သတ်ပြီးတဲ့ တစ်နေ့ နောက်တန်းက မဟန ကို သတ်ဖို့ လွယ်ကူသွားပါပြီ။
မဟန ကျတဲ့နေ့သည် သာသနာ ကျတဲ့နေ့ ဖြစ်လိမ့်မည်။
သာသနာ ကျတဲ့နေ့သည်.........။
ဖိုးထောင်
6.7.2016
No comments:
Post a Comment