Wednesday, July 6, 2016
သူခိုးဓားရိုးကမ်း အပိုင်​ (၄)
 သူခိုး ဓာရိုးကမ်း အပိုင်း (၄)
===================
   ကျုပ်​ ​မေ့​မျှော​နေတဲ့ သူ​ဌေး ကိုယ်​က ဆွဲကြိုး လက်​စွတ်​ စတဲ့ လက်​ဝတ်​လက်​စား​တွေ ချွတ်​ယူလိုက်​တယ်​။
  " ကဲ သူ​ဌေးက​တော်​ ရှိတဲ့ လက်​ဝတ်​လက်​စား​တွေ ချွတ်​​တော့"
 " ရှင်​"
 "ရှင်​မ​နေနဲ့ ဓားပြတိုက်​​နေတာ ဘုရား ​ဝေယျာ​ဝေစ္စ အတွက်​ အလှူခံ ​နေတာ မဟုတ်​ဘူး "
 " ဒီလိုလုပ်​ပါလား အကိုရယ်​ ကျမ​ရော အကိုနဲ့ လိုက်​သွားမယ်​​လေ"
  " ဘာ ! ငါ့​နောက်​လိုက်​မယ်​ ဟုတ်​လား ဟိုက နင့်​လင်​ကြီး မ​သေပါဘူး အချိန်​တန်​ရင်​ သတိရလာလိမ့်​မယ်​" ​ပြော​တော့
သူမဟာ သူ​ဌေးကို ချစ်​လို့ယူထားတာ မဟုတ်​​ကြောင်း ၊ စီးပွားဖက်​ မိဘချင်း ​ပေးစားလို့ ယူထားရ​ကြောင်း​တွေ​ပြော​နေ​လေရဲ့။ ပြီး​တော့ သူမ ငိုရင်း​ပြောတာက
"ရှင့်​ကို ကျမ ဓားရိုးကမ်း​ပေးခဲ့တာဟာ သူ​ဌေးကို အ​သေသတ်​ဖို့ ကမ်း​ပေးခဲ့တာပါ"တဲ့။
  ဘာလို့လဲ ဆို​တော့
 သူ​ဌေး နဲ့ မ​နေချင်​​တော့လို့ပါ ဆိုလား။
  " နင့်​လင်​နဲ့ မ​နေလို့ နင်​က ဘယ်​သူနဲ့ ​နေမှာလဲ"
"  ဘယ်​ဘဝ​ရောက်​​ရောက်​ ဘယ်​လိုဖြတ်​သန်းရ ဖြတ်​သန်းရ အကို နဲ့ လိုက်​ပါရ​စေ အကိုရယ်"
 " ဘာကိစ္စ ငါနဲ့ လိုက်​ရမှာလဲ "
" ကျမ​လေ အကို့ကို မြင်​မြင်​ချင်း.."
 " ​အော်​    ဒီလိုလား
ဒီမယ်​ မိန်းမယုတ်​ သူခိုးကို ဓားရိုးကမ်းပြီး ကိုယ့်​ကို သိတ်​ချစ်​ သိတ်​အလိုလိုက်​ သိတ်​တာဝန်​​ကျေ တဲ့ လင်​​ယောက်ျားကို​တောင်​မှ သစ္စာ မတည်​နိုင်​တဲ့ မိန်းမ တစ်​​ယောက်​ကို ငါက ဘယ်​လို ယုံကြည်​ရမှာတဲ့လဲ"
"  ဝှစ်​ "
"  ဒုတ်"
" အား"
  ဒီ မိန်းမယုတ်​ရဲ့စကား ကျုပ်​ အဆုံးထိ နား​ထောင်​ပြီး အညာမခံချင်​​တော့။
  ကိုင်​ထားတဲ့ ဓားနဲ့ အဆုံးသတ်​လိုက်​ တာ အ​ကောင်းဆုံး မဟုတ်​လား။
 ကျုပ်​လည့်​ကြည့်​လိုက်​တဲ့ အချိန်​မှာ မိန်းမယုတ်​ဟာ ကိုယ်​တစ်​ခြား ​ခေါင်းတစ်​ခြား ဖြစ်​​နေခဲ့ပါပြီ။
  မိန်းမယုတ်​ကိုယ်​က လက်​ဝတ်​လက်​စား​တွေဖြုတ်​ ဓားက​သွေး​တွေကို ​ရေ​ဆေး
မေ့​မျှော​နေတဲ့ သူ​ဌေးကို လှည်း​ပေါ်တင်​ပြီး သကာလ  ကျုပ်​ ကိုယ်​တိုင်​လှည်း​မောင်းပြီး စခန်းဆီသို့ ပြန်​လာခဲ့တယ်​ ဆိုပါ​တော့။
  အခြားတစ်​ဖက်​မှာ​တော့ မာယာများ​သော မိန်းမယုတ်​ရဲ့ အ​လောင်းကား ​ဝေး၍ ​ဝေး၍ ကျန်​ရစ်​ခဲ့​လေပြီ။
                  ဆက်​ပါဦးမည်
No comments:
Post a Comment