Thursday, July 14, 2016
ဝါဆိုသင်္ကန်းဆက်ကပ်
ဝါဆိုသင်္ကန်းဆက်ကပ်
==================
နောင်ချိုမြို့နယ်၊ ဉာဏ်တောအုပ်စု၊ ရွှေသွန်းကျေးရွာ ၊ ရွှေသွန်းကျောင်းတိုက် ရွှေသွန်းကျောင်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်တို့အား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် အခြေခံပညာ မူလတန်းကျောင်း ( အ.မ.က) ဖာသွန်းမှ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများ မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ( အ. မ.က) ဖာသွန်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်အေး နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြပြီး ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ရွှေသွန်းကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တမ နှင့် သံဃာတော်အရှင်သူမြတ်တို့မှ အနုမောဒနာတရား မြွက်ကြားပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း ကိုဖိုးထောင် ကျေးလက်မီဒီယာမှ သတင်းရရှိပါသည်။
ကိုဖိုးထောင် ကျေးလက်မီဒီယာ
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment