Wednesday, July 6, 2016
သူခိုး ဓားရိုးကမ်း အပိုင်း (၃)
သူခိုးဓားရိုးကမ်း အပိုင်း (၃)
====================
ဒီနေ့တော့ မိုးမောင် ဗာရဏသီမြို့ထဲ လည်ရင်း ခိုင်မာတဲ့ သတင်းရပ်ကွက်က သတင်းတစ်ခု ရခဲ့တယ် ဆိုပါတော့။
အဲဒါက ဗာရဏသီ သူဌေး လင်မယား တက္ကသိုလ်ပြည်ကို ဆွေပြမျိုးပြ သွားမယ် ဆိုဘဲဗျာ့။
ထူးခြားတာက အခြံအရံတွေမပါဘဲ လင်မယား နှစ်ယောက်တည်း သွားမယ် ဆိုပါလား။
မိုးမောင် တွက်မိတာကတော့ တစ်ခြားမဟုတ် သူဌေးလင်မယား လက်ဝတ်လက်စားနဲ့ ပါလာတဲ့ ဥစ္စာတွေ ပေါင်းလိုက်ရင် ခပ်မျက်မျက် ကလေးရမယ် ဆိုတာပါ။
အပိုတွေ တွေးမနေတော့ပါဘူး တက္ကသိုလ်ပြည် သွားရာလမ်း တောတန်းတစ်နေရာကနေ စောင့်နေလိုက်ရုံပေါ့။
သိတ်မကြာလိုက်ပါဘူး လှည်းတစ်စီး ရောက်လာခဲ့တယ်။
သိတ်သေချာတာပေါ့ သူဌေးလင်မယား လေ။ လင်မယားသာ ဆိုတာပါ အသက်က ဆယ်နှစ်လောက်ကွာမယ်ထင်ပါတယ်။ မိုးမောင် နဲ့ဆိုရင်တော့ သူဌေးကတော်နဲ့ ကြီးလှ ငယ်လှ တစ်နှစ် နှစ်နှစ် နေမှာပေါ့။ သူဌေးရဲ့ ရုပ်ရည်ကလည်း အသားကမည်း သွားကကျဲ နဲ့ မသိရင်ဂြိုလ်သားလို့ ထင်ရလောက်တယ်။
ကျုပ်နဲ့ အနီးဆုံး နေရာအရောက်မှာတော့ လမ်းလယ်ခေါင်မှာ ကျုပ် ကျောပေးပြီး ရပ်စောင့်နေလိုက်တယ်လေ။
" ရှေ့က မိတ်ဆွေ လမ်းလယ်ခေါင် ဘာလုပ်နေတာလဲဗျာ့"
"စောင့်နေတာ"
"ဘယ်သူ့ကိုစောင့်နေတာလဲ" "ခင်ဗျားတို့ဇနီးမောင်နှံကိုလေ"
"မင်းက ဘယ်သူလဲ"
" မိုးမောင် "
" မိုးမောင်က အဖွဲ့နဲ့လေ မင်းက ဘာလို့ တစ်ယောက်ထဲ ဖြစ်နေရတာလဲ"
"အဲဒါက အရေးမကြီးပါဘူး ပါလာတဲ့ လက်ဝတ်လက်စားတွေ ပစ္စည်းတွေချပြီး သွားပေတော့"
အဲဒီမှာ သူဌေးက လှည်းပေါ်က ပါလာတဲ့ ဓားကိုင်ပြီး လွှားကနဲ ခုန်ဆင်းလာခဲ့တယ်။
သူ့ခုန်ဆင်းလာပုံကြည့်ပြီး မိုးမောင်သိလိုက်ပြီ။ ဒီသူဌေးက သိုင်းတတ်တယ်လေ။
" ကဲ မိုးမောင် အစစ်လား အတုလား ဓားထုတ်တော့" တဲ့ အလာကြီးဗျာ့။
ကျုပ် ဓားဆွဲထုတ်ပြီးတာနဲ့ သူ ပြေးဝင်လာခဲ့တယ်။ ဒလပ်စပ် ခုတ်တော့တာပါဘဲ။ ကျုပ်လည်းရှောင်ရင်း တိမ်းရင် ကာရင်း သူဌေးရဲ့ တိုက်ကွက်ကို လေ့လာနေမိတယ်။ သိတ်ကောင်းတဲ့ ဓားကွက်တွေပေါ့။
အတန်ငယ်ကြာလာတော့ မိုးမောင် သိလိုက်ပြီ သူဌေးမှာ အားနည်းချက်က သက်လုံ ကျနေတဲ့ကိစ္စပါ။ သူမတိုက်နိုင်တော့ လူလည်း တစ်ချက်ချက် ဒယီးဒရိုင်နဲ့ ဟန်ချက်ပျက်လာခဲ့တယ်။
ကျုပ်လည်း မောလာတာနဲ့အမျှ ဟန်ချက်တွေပျက်လာတာပါဘဲ။
ဒီနေ့ ကျုပ် ဘာဖြစ်နေတယ် ဆိုတာ စဉ်းစားလို့မရ ဒီသူဌေးရဲ့ ဟန်ချက်အပျက်မှာ ပွဲသိမ်းဓားချက် ပစ်သွင်း လိုက်လို့ ရနေတာပါ။
ဒါလောက်ကောင်းတဲ့ပြိုင်ဘက်ကို သတ်ပစ်ရမှာ နှမြှောနေမိတယ်။
တစ်ချက်မှာတော့ သူက အခုတ် ကျုပ်က အကာ နှစ်ယောက်စလုံးဟန်ချက်အပျက် သူ့ရင်ဘတ်ကို ကျုပ်ဆောင့်ကန်လိုက်တယ်။ ဒီအကွက်ကို သူလည်း ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တယ်။ သူလည်းကျုပ်ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်ဆိုပါတော့။
နှစ်ယောက်စလုံး နောက်လန်ကျသွားခဲ့တယ်။
ဒီ အခိုက်အတန့်မှာ သူသုံးလိုက်တဲ့ အကွက်က သိတ်လှတယ်ဗျာ့။ မှော် ဓားပစ် ပညာပါ။ တော်ရုံဓားသမား ဒီအကွက်မှာ ပွဲသိမ်းသွားမှာ သေချာတယ်။ ဒီ ဓားပစ်နည်းက အမှတ်တမဲ့ ရိုးသယောင်ရှိတယ်။ ဓားရိုးကိုင်ပြီး ဝဲပစ်လိုက်တာ ဆိုတော့ ဓားဦး အတန်းလိုက် ဝင်လာတာမျိုး မဟုတ်ဘဲ ဝဲပြီးဝင်လာတာမျိုး။ ပစ်မှတ်နဲ့ ဓားသွားကတော့ ကွက်တိ ပေါ့။ သူ ပစ်လိုက်တဲ့ ပစ်မှတ်ကတော့ ကျုပ်ရဲ့ လည်မျို တည့်တည့်ပေါ့။
ဟန်ချက်ပျက်နေတဲ့ လူတစ်ယောက်အတွက် ရှောင်ဖို့ဆိုတာ မလွယ်တော့
အဖြစ်နိုင်ဆုံးကတော့ တန်ပြန်နည်းပေါ့။ သူပစ်လိုက်တုန်းကရင်း ကျုပ်လည်း ပစ်ထည့်လိုက်တယ်ဆိုပါတော့။
ကျုပ်ပစ်မှတ်ကတော့ သူ့လည်မျို မဟုတ် သူ့ဓားလာရာလမ်းကြောင်း။
" ချွမ်း " ဆိုတဲ့အသံနဲ့ ဓားချင်းတိုက်ပြီး နှစ်ချောင်းစလုံး ဆန့်ကျင်ဘက် လွှင့်သွားခဲ့လေရဲ့။
ဓားမရှိတော့တဲ့ နောက်မှာ လက်ရည်ချင်းယှဉ်ရတော့မည်။
လက်ရည်ချင်းလည်း သိတ်မကွာလှ လက်ဝါး လက်ဖြန် တံတောင် ဒူးတိုက်ချက် ကန်ချက် မျှတတယ် လို့ပြောရလေမလား။
ဒီလိုနဲ့ လူချင်းအပူးမှာ သူ့ကိုလည်း ကိုယ်က ချုပ်မရ ကိုယ့်ကိုလည်း သူက ချုပ်မရ လုံးထွေးသတ်ပုတ်နေခဲ့ကြတယ်။
သူ သက်လုံကျစပြုနေပါပြီ ။ ကျုပ်တို့ပွဲသိမ်းဖို့ သိတ်မလိုတော့
" မိန်းမ ဓားယူ ယူခဲ့" ဆိုပြီး သူ လှမ်းအော်ပါတော့တယ်။
ကျုပ်မတွက်မိလိုက်တဲ့ အချက်က သူ့မှာ လူတစ်ယောက် အပိုပါတယ် ဆိုတာပါ။
ကျုပ်တို့နှစ်ယောက်ရဲ့ တိုက်ပွဲကို တစ်ချိန်လုံး မှင်သက်မိ ကြည့်နေတဲ့ သူဌေး ကတော်ဟာ သူနဲ့ အနီးဆုံးက ဓားကို ကောက်ယူပြီး ပြေးလာခဲ့တယ်။ ဘ တစ်ပြန် ကျားတစ်ပြန် အထက်ရောက်လိုက်
Labels:
ဝတ္ထု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment