Saturday, July 2, 2016
အ တ တ မြန်မာ
" အောင်သူရန်ပွား ၊ ရှုံးသားစိုးရိမ် ၊
စည်းစိမ်လျော့ပါး ၊ တရား သဘင် မဝင်သက်သေ ၊ မိတ်ဆွေ နိမ့်ဆို ၊ မလိုထိမ်းမြား ဤခြောက်ပါးကား ပျော်ပါးကြွေအန် အပြစ်တည်း"
ယဉ်ကျေးလိမ္မာ သင်တန်းကနေ သင်လာခဲ့တဲ့ ကဗျာကို မြေးလေး ကျက်နေတယ်လေ ။
ဒီ ကဗျာသံကို နားထောင်ရင်း ဦးဖိုးထောင် စိတ်တွေ ဟိုးအဝေးဆီသို့ ပျံ့လွှင့်သွားခဲ့တယ် ဆိုရလေမလား။
တစ်ချိန်က ဖိုးထောင်ဆိုလျင် မသိသူ အတော်ရှားတာဗျာ့။ သူက ဆန်စက် ပိုင်ရှင် ဆီစက်ပိုင်ရှင်လေ။
အဲဒီတုန်းက SE ကားစီးနိုင်သူ ဆိုတာ မြို့ထဲမှာ ဖိုးထောင်လွဲပြီး မရှိပါဘူး။
မြို့မိ မြို့ဖဆိုသူတွေလည်း သမီးမင်္ဂလာဆောင်တာတောင် မပါမပြီး တလေးတစား ဖိတ်ကြားနေကြတာကလား။
ပြည်နယ်တွေမှာဆိုရင်တော့ စော်ဘွားလိုလို ဘာလိုလိုလောက်တောင် သြဇာရှိတာ။
ရုပ်ရေ ရူပကာကတော့ အခုဗေလုဝ နဲ့ ပြိုင်ရင် သရေကျမယ်ထင်ပါတယ်။
သူကြိုက်တဲ့ ကောင်မလေးကတော့ မြဟေမာန် အငြိမ့်ထဲက အလှဆုံး ခေါင်းဆောင် မင်းသမီး မြဟေမာန်ပေါ့။
မြဟေမာန် ဘယ်ပွဲမှာ က သတဲ့ ဆိုရင် SE လေးနဲ့ လိုက်ပိုးရတာကလား။ မြဟေမာန် ရဲ့ အပြန်လမ်းကတော့ SE လေးနဲ့ ကြိုပြန်လာရတာ အကြိမ်ကြိမ်။
မြဟေမာန် ရဲ့ အလှကို ယစ်မူးနေကြတဲ့ သာမန်သူဌေးလေးတွေလည်း ဒု နဲ့ ဒေး လို့ဆိုရပါလိမ့်မယ်။
မြဟေမာန် သီချင်းတစ်ပုဒ် ဆိုပြီးတာနဲ့ ဆုချတဲ့သူတွေ နည်းမှ မနည်းတာ။
ဘာဘဲပြောပြော ဖိုးထောင်အဖို့ကတော့ သမင်ဆယ်လှမ်း ကြားတစ်လှမ်း မဟုတ်လား ။
ဒီလိုနဲ့ မောင်ဖိုးထောင် နဲ့ မမြဟေမာန် တို့ မင်္ဂလာပွဲကြီး ခမ်းခမ်းနားနားနဲ့ ပြီးဆုံးသွားခဲ့တယ် ဆိုပါတော့။
မြို့ထဲက လူတစ်ချို့ကတော့ ကျောက်ပေါက်မာ မင်းကုသ နဲ့ ပဘာဝတီတို့ မင်္ဂလာပွဲလို့တောင် တင်စားကြလေရဲ့။
အဲသလောက် ဒိတ်ဒိတ်ကြဲ ကိုဖိုးထောင် ဟာ ဒိတ်ဒိတ်ကြဲချိန်သက်တမ်း ပြည့်သွားခဲ့စေတဲ့ အလှည့်အပြောင်းကတော့ မြန်လွန်းတယ်လို့ ပြောရလေမလား။
အဲတုန်းက ကာလာတီဗွီ စပေါ်ကာစ ကာလ မြို့ထဲမှာ တစ်လုံးစ နှစ်လုံးစ ရှိလာကြတဲ့ ကာလမှာ ဖိုးထောင်ကတော့ဖြင့် စလောင်းတွေ တပ်ဆင်ထားပြီးပါပြီ။
လူတစ်ယောက်က အကြံပေးတာနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကို အခကြေးငွေ နဲ့ ရုံဆောက်ပြီး ပြလိုက်တာ စလောင်းဖိုး ရုံဖိုးဟာ အရင်းရရုံမက အမြတ်တောင်ကျန်လိုက်သေးပေါ့။
နောက်တစ်ကြိမ် ကမ္ဘာ့ဖလား အရောက်မှာ ဘောလုံးပွဲ ပြရုံတင်မကဘူး ။ လောင်းကြေး ဒိုင်ပါ ကိုင်လိုက်တယ်လေ။
အဲတုန်းက တစ်လုံး ၅၀ စား စတဲ့ ပေါက်ကြေးတွေ နားမလည်တော့
လာသမျှပွဲတိုင်း ကြိုက်တဲ့ဘက်ကနေ ဒဲ့ ဘဲဖွင့်ပေးလိုက်တာပေါ့။
ဥပမာ ဘရာဇီးနဲ့ အီရန် ပွဲလည်း ဒဲ့ ဖွင့်တာ ဆိုတော့ ခွက်ခွက်လန်အောင်ရှုံးပါရောလား။
ကမ္ဘာ့ ဖလား ဆီးမီး ဖိုင်နယ်လောက်ရောက်တော့ ဦးဖိုးထောင်ရဲ့ ဆန်စက် ဆီစက်တွေရဲ့ စာချုပ်တွေပေါ်မှာ ဦးဖိုးထောင် နာမည်တွေမရှိတော့ပါဘူး။
လီမျိုးနွယ်တွေ မိုဟာမက် မျိုးနွယ်တွေ ဖြစ်ကုန်ပါပြီ။
ဗိုလ်လုပွဲ အပြီးမှာတော့ ဗွီဒီယို ရုံပါ တရုတ်လေးလီထောင်ကဲကို အပ်လိုက်ရတယ် ဆိုပါတော့။
ဒီလိုနဲ့ မှတ်မှတ်ရရ ၁၉၉၄ အမေရိကန် ကမ္ဘ္ဘာ့ဖလား ပွဲကျတော့ ဦးဖိုးထောင်တစ်ယောက် ဗွီဒီယိုရုံရဲ့ ချောင်ကြားတစ်နေရာကနေ ငါးကျပ်ပေးကြည့်နေရပါပြီ။
လောင်းကြေးနဲ့ ပြန်ယူမယ် ဆိုပြီး တောင်ကိုရီးယား နဲ့ ဂျာမနီအတွေ့မှာ ဂျာမဏီအသင်း ဘက်က ပုံထည့်လိုက်တာပေါ့ ။ သုံးဂိုးပြတ် နဲ့ကိုနိုင်ပါတယ်။
သွားထုတ်တော့ "ခင်ဗျား ပေါက်ကြေးနားမလည်ဘဲ လောင်းသွားတာ"တဲ့ ။ 3 - ဆိုတာ ပေါက်ကြေးဗျာ့။ ခင်ဗျား ထည့်ခဲ့တဲ့ အသင်း လေးဂိုးသွင်းမှ နိုင်တာ သုံးဂိုးထဲဆို ရှုံးတယ်တဲ့ ဝိုင်းတောင်ရယ်လိုက်ကြသေး။
ကိုယ့်အလှည့်တုန်းကသာ ဒဲ့ဖွင့်ပေးခဲ့တာ သူတို့အလှည့်ကျတော့ ပေါက်ကြေး ဆိုတဲ့ ညီမျှခြင်းနဲ့ ကန့်သတ်ထားကြပါရောလား။
ဦးဖိုးထောင် ဘာမှမတတ်နိုင်တော့ တောက်ခေါက်နေရုံသာရှိတော့သည် တကား ။
နောက်ဆုံးဗိုလ်လုပွဲ အရောက်မှာတော့
"ဦးလေး ကျနော်က ဘရာဇီးလ်းယူမယ် ဦးလေးက အီတလီ ယူ ကြိုက်တဲ့ကြေးပြော" လို့ တရုတ်လေးကပြောလာခဲ့တယ်။
" ငါ့အိမ်နဲ့ခြံ ထည့်မယ်ကွာ "
" ဒါဆို ကျနော်က ဒီ ဗွီဒီယိုရိုရုံ နဲ့ စက်စပ်အားလုံးအပြင် ငွေ ဆယ်သိန်းထည့်မယ် ဘာပေါက်ကြေးမှ မဖွင့်ဘူး ဦးလေးနိုင် ဦးလေးယူ ကျနော်နိုင် ကျနော်ယူမယ် ရတယ်မလား"
" ကောင်းပြီကွာ" ဆိုပြီးလောင်းချလိုက်တယ်လေ။
ဒီလိုနဲ့ မိနစ် ကိုးဆယ်ပြည့်သွားတော့ တစ်ဘက်မှ အနိုင်ဂိုး ရှာမတွေ့ဘဲ သရေကျ သွားခဲ့တယ်။
" ကဲ ဦးလေး ပွဲကတော့ သရေကျသွားပြီ ဘယ်သူမှ မနိုင်တော့ သရေဘဲ ဒါပေမယ့် ကောက်ကြေး ငါးသိန်း ဦးလေးဆောင်ရမယ်"
"ဟေ ဘာဆိုင်လို့လဲ "
"ကျနော်က ဒိုင်လေ ငါးရာခိုင်နှုံးကို ထိုးသားဆောင်ရတာလေ ဥပမာ ဦးလေးက တစ်သိန်းလောင်းလို့ နိုင်ရင် ကျနော် ကိုးသောင်းခွဲ ဘဲလျှော်ရတာဗျာ့" တဲ့။
သူတို့ ဒိုင်လုပ်ခါမှ လွှလို နှစ်ဘက်စားကြီးပါလားပေါ့။
သူတို့ အပြောနဲ့သူတို့တော့ မျှတနေကြလေရဲ့။
" ဒီလိုလုပ်ကွာ ငါ့တူ ပွဲမပြီးမချင်း လောင်းမယ် မင်းသတ္တိ မရှိဘူးလား"
" ရတယ်လေ တကယ်လို့ ဦးလေး အီတလီ နိုင်သွားရင် ဒီဗွီယိုရုံနဲ့ ငွေ ငါးသိန်း ကျနော် လွဲပေးမယ်"
" မင်းအစက ပြောထားတာ ဆယ်သိန်းလေ"
" ဟုတ်တယ်လေ ဦးလေး ကောက်ကြေးငါးသိန်းကကျနော်ပြန်ယူရမှာလေ"
" အေး အေးကွာ"
ဒီလိုနဲ့ အချိန်ပို ဆက်ကစားကြသည် သရေပါဘဲ။
ပိုင်နယ်တီ ငါးလုံးစီ ဆက်ကန်ကြသည်။ ဦးဖိုးထောင် ၏ ဘဝသည် အီတလီ ဘောလုံးသမားတို့အပေါ်တွင် လုံးဝ တည်မှီသွားခဲ့ပါပြီ။
တရုတ်လေးရှုံးလို့ ဗွီဒီယိုရုံ ပေးလိုက်တာ ပြဿနာမရှိ အခြေမပျက်။
တစ်ဖက် လေးလုံးကန်ပြီးချိန်မှာ သရေ သာရှိနေဆဲ ငါးလုံးမြောက်
ရောဘတ်တို ဘက်ဂီယို ဆိုလား ဘာလား အဲဒီကောင်အလှည့် ပြေးကန်လိုက်သည်။ ချော်ထွက်သွားခဲ့လေပြီ သွားပြီ။ ဘရာဇီး ကန်ရမယ့်အလှည့်မှာတော့ အီတလီ ဂိုးသမားဟာ ပိုက်ထဲ ဘောလုံးရောက်မှ ဘောလုံးမြင်ဖူးတယ်ထင်ရတယ်လေ။ သူတို့ ဖလား မရတာက အကြောင်းမဟုတ် ဦးဖိုးထောင်ကတော့ တိုက်နဲ့ခြံကို တရုတ်လေးထံ သိန်း ၅၀ နဲ့ ရောင်းချလိုက်ကြောင်း လက်မှတ်ထိုးပြီးမြို့သစ်ဘက်ကို ဦးတည်သွားခဲ့လေပြီ။
ရှိတဲ့ အိမ်ထောင်ပရိဘောဂတွေ လက်ဝတ်လက်စားတွေ ထုခွဲရောင်းချပြီး မြို့သစ်မှာ ကုန်စုံဆိုင်လေးတည်ရင်း လက်ကျန် ဘဝလေးကို ခရီးဆက်နေရချေတော့မည်။
တစ်ချိန်က တက္ကသိုလ်ကျောင်းသားတွေ သူဌေးသားတွေနဲ့တောင် မတူဘူး မတန်ဘူး ဆိုပြီး ငြင်းဆန်ခဲ့တဲ့ တစ်ဦးတည်းသော သမီးဟာလည်း ခုတော့ ဘယ်ကကောင်မှန်းမသိတဲ့ ကောင်နဲ့ ခိုးရာလိုက်ပြေးပြီး ကလေးတစ်ယောက်နဲ့ အိမ်ပေါ်ပြန်ရောက် နေခဲ့ပြီလေ။
မတတ်နိုင်ဘူး ကိုယ့်သမီးက မွေးတာ ဆိုတော့လည်း ကိုယ့်မြေးပေါ့။ လိမ္မာရေးခြားရှိအောင် စောင့်ရှောက်ရုံမှတပါး အခြားမရှိတော့။
အခုတော့လည်း မြို့ထဲဘက်ကို ရောက်တိုင်း ဦးဖိုးထောင်တစ်ယောက် သက်ပြင်းရှည်တွေ အကြိမ်ကြိမ်ချရင်း နောင်တတွေ တစ်ပွေ့တပိုက် ထမ်းပိုးကာ လေးတွဲ့စွာပြန်ခဲ့ရတာ အကြိမ်ကြိမ်။
အခြားတစ်ဘက်က မြို့ထဲမှာတော့ မြန်မာစာ မပါတဲ့ ဆိုင်းဘုတ်တွေက မီးရောင်တလက်လက် ဖြာထွက်နေကြလေပြီတကား။
တကယ်တော့ ဦးဖိုးထောင် တစ်ယောက် ဘောလုံးပွဲမှာ ဆယ့်တစ်ယောက်ချင်း ကစားတာဘဲ ဘာလို့ ဂိုးကြောတွေ ပေါက်ကြေးတွေ ဖွင့်နေရမှာလဲပေါ့၊ အရည်အချင်း အစဉ်အလာ တွေနဲ့ မျှတအောင်လုပ်ဖို့ နားမလည်ခဲ့ဘူးလေ။
ဒီလိုနဲ့ မြို့သစ်ဆိုတဲ့ ဗွက်တောထဲကိုရောက်လာခဲ့တယ် ဆိုပါတော့။
ဒီလိုပါဘဲ နွားချင်းအတူတူ နွားထီးလည်း ငါးကျပ် နွားမလည်း ငါးကျပ် နဲ့ နွားပွဲစားလုပ်ရင်း မြို့သစ်ဗွက်တောထဲကို ရောက်လာကြသူတွေလည်း ဒု နဲ့ ဒေးပါဘဲ။
အခုတော့ အားလုံးဟာ မလင်းတစ်ချက် လင်းတစ်ချက် မီးရောင်အောက်မှာ မလာတစ်ချက် လာတစ်ချက် ရေတွေ လုသောက်လုချိုးရင်း အရက်ဖြူဆိုင်ထဲမှာ ဟိုလူ အသုံးမကျကြောင်း ဒီလူ အသုံးမကျကြောင်း လက်ညိုးထိုး ဝေဖန် ငြင်းခုံနေကြလေရဲ့ဗျာ။
တကယ်တော့ မြန်မာတွေ အားလုံးဟာ ဦးဖိုးထောင် လို အ တတ တွေချည်းပါဘဲ။
ဥပမာ ဘောလုံးဆိုတာ တစ်ဘက် ဆယ့်တစ်ယောက်တမ်း ကစားတာ ဘယ်ဘက်မှ မပိုသလို တိုင်းရင်းသားလည်းလူ ခိုးဝင်တွေလည်းလူ ဘဲ လူဆိုရင် လူ့အခွင့်အရေး ရှိရမယ် လို့ သတ်မှတ်ခဲ့ကြတယ်လေ။
အဆင့်အတန်း အရည်အချင်းကွာခြားလွန်းတဲ့ အီရန် နဲ့ ဘရာဇီလ်း လို အသင်းမျိုးကို ဒဲ့ပေါက်ကြေးဖွင့်ခဲ့တဲ့ ဦးဖိုးထောင်လို
မြန်မာတွေဟာလည်း တိုင်းရင်းသား နဲ့ ခိုးဝင်တွေကို နားထောင်လို့သိတ်ကောင်းပြီး ဘယ်နိုင်ငံမှ သောက်ရေးမလုပ်တဲ့ လူ့အခွင့်အရေးကြေငြာစာတမ်း အောက်ကနေ အတူတူ အခွင့်အရေး ပေးခဲ့ကြတယ်။
နွားချင်းတူသလို လူချင်းတူတာ မှန်ပေမယ့် ခိုးဝင် နွားမတွေကို ငါးကျပ်နဲ့ဈေးဖြတ်ခဲ့သလို ဌာနေတိုင်းရင်းသား နွားထီးတွေကိုလည်း ငါးကျပ်နဲ့ ထုတ်ရောင်းခဲ့ကြတယ်။
အခုတော့ မြန်မာတိုင်းရင်းသားတိုင်း မှတ်ပုံတင်မရှိခါမှနေရော ခိုးဝင် တိုင်းမှာတော့ မှတ်ပုံတင်ကိုယ်စီ ရှိနေကြပြီလေ။
လွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်လို့ အသံကောင်းဟစ်ဖို့အတွက် ကိုယ်ပိုင် ဗုဒ္ဓဘာသာတွေလည်း ခုတော့ ခိုးဝင် ဘာသာခြားတွေလို တရားပွဲတောင် လျှောက်လွှာကျမှ တရားနာရတော့မယ်တဲ့။
တကယ်ဆို ငါတို့နိုင်ငံဟာ ၁၃၅ မျိုးသော တိုင်းရင်းသားတို့ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံ ဖြစ်နေလင့်ကစား ခိုးဝင်တွေထက်ပိုသော အခွင့်အရေး ဘာများပိုရနေလို့လဲဗျာ။
ကိုယ်ပိုင်ဗုဒ္ဓဘာသာရှိနေပါလျက် ဘာသာခြားတွေထက် ဘာများပိုရနေလို့လဲဗျာ။
တကယ်တော့ မြန်မာတွေ အားလုံးဟာ နွားထီး ငါးကျပ် နွားမ ငါးကျပ် ဈေးဖြတ်ခဲ့ကြတဲ့ နွားပွဲစား အ တ တ တွေနဲ့ အတူတူပါဘဲဗျာ။
သေချာတာ ပြောလိုက်မယ် မြို့တိုင်းက အထင်ကရ နေရာမှာ မြန်မာစာ ဆိုင်းဘုတ် ပျောက်ကုန်ပြီ ဆိုတာပါဘဲ။
ကဲကဲ ပြောရင်းဆိုရင်း ဖိုးထောင် လည်း ဘောစိ လီထောင်ကဲ ဆီမှာ ကုန်စုံဆိုင်အတွက် ကုန်တွေ သွားမှာလိုက်အုံးမယ်ဗျာ။
ဖိုးထောင်
2 .7 . 2016
Labels:
ဝတ္ထု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment