Tuesday, July 5, 2016
သူခိုး ဓားရိုးကမ်း အပိုင်း (၂)
  သူခိုး ဓားရိုးကမ်း အပိုင်း (၂)
=====================
  ဓားပြတိုက်​တယ်​ ဆိုတာကလည်း သူများမ​ပေးချင်​တာ အတင်းယူတာဆို​တော့ သိတ်​​တော့မလွယ်​လှ။
  ခုခံမှု​တွေ တိုင်​ကြားမှု​တွေက​တော့ အရင်​ဆုံး​တွေ့ရမှာပါ။ ဒါက​သမားရိုးကျ ဆို​တော့ ခက်​ခဲတဲ့ စာရင်းထဲ ထည့်​လို့မရဘူး​လေ။
  မိုး​မောင်​အတွက်​က​တော့ ခုခံမှု တိုင်​ကြားမှု​တွေက​ စာမဖွဲ့ပါဘူး ​အေး​ဆေးပါ။
  ဓားပြတိုက်​ဖို့အတွက်​ အရင်​ဆုံး ပွိုင့်​ရိုက်​ရတယ်​။ ဘယ်​ရွာက ဘယ်​သူ ​ငွေ​ကြေး ဥစ္စာ ဘယ်​​လောက်​ရှိနိုင်​တယ်​။ခုရက်​အတွင်း ဘယ်​​လောက်​ရှိနိုင်​တယ်​။ ခုခံနိုင်​စွမ်း ရှိ မရှိ ၊ အဲဒီ​ဒေသ ကို တိုက်​မယ့်​ရက်​အတွင်း လူကြီးလမ်း​ကြောင်း ရှိ မရှိ ​လေ့လာရတယ်​​လေ။ အားလုံး အဆင်​​ပြေပြီ ဆိုရင်​​တော့ တိုက်​ပြီ​ပေါ့။
   တစ်​ခါက ပွိုင့်​ရိုက်​မှားသွား​တော့ ရွာလည်​ခဲ့ရဖူး​သေးတယ်​။
  သွားတိုက်​တဲ့အိမ်​က တစ်​ခုလတ်​မ သူ​ဌေးအိမ်​​လေ။ သူ့ စပါးဖိုး​ငွေ​တွေ လှည့်​သိမ်းပြီးပြီလို့ သတင်းရတာနဲ့ သွားတိုက်​လိုက်​တာ​ပေါ့။ အချိန်​က ည ​။ တံခါး​ပေါက်​​တွေ အားလုံးကို ​ကြိုတင်​ စီမံထားတဲ့ ​သော့တူ နဲ့ ဖွင့်​ပြီး မိုး​မောင်​နဲ့ သုံး​ယောက်​သား အိမ်​ထဲဝင်​လိုက်​တာ​ပေါ့။
  တစ်​ခုလပ်​မက မိုး​မောင်​ တို့ ကိုလည်းမြင်​​ရော
  " ဘယ်​  ဘယ်​သူ​တွေလဲရှင်​"
 " ဓားပြ​တွေ"
 "ရှင်​ "
" ရှင်​မ​နေနဲ့ ဘယ်​မှာလဲ စပါးဖိုး​တွေ အကုန်​​ပေး"
  တစ်​ခုလပ်​မက​​တော့ လက်​အုပ်​ချီ​တောင်းပန်​တာ​ပေါ့။
 အသက်​ချမ်းသာ​ပေးပါ။ မင်္ဂလာ​တောင်​ တစ်​ခါဘဲ ​ဆောင်​ရ​သေးလို့ပါ။ လိုတဲပစ္စည်း ယူသွားပါ စ သဖြင့်​​ပေါ့။ စပါးဖိုးကျ​တော့ ဘဏ်​အပ်​ပြီးပြီတဲ့ ​။ အိမ်​ထဲမှာ ဝင်​​မွှေ​တော့ ​ငွေ​ကြေး တစ်​ချို့နဲ့ လက်​ဝတ်​လက်​စား တစ်​ချို့​လောက်​သာ ​တွေ့ရပါ​တော့တယ်​။ ဘယ်​ရမလဲ သူမ ကိုယ်​က လက်​ဝတ်​လက်​စား ​တွေပါ ချွတ်​ခိုင်း​တော့ ဘာ​ပြောတယ်​မှတ်​လဲ အတု​တွေပါတဲ့။ ဟုတ်​တာ​ပေါ့ အတုမှ တကယ်​ အတု​တွေ။
 " ဒါ ရှိတာအကုန်​ဘဲလား ​ပြောစမ်း"
" ဟုတ်​ ဟုတ်​ကဲ့ပါ ဒါ အကုန်​ပါဘဲရှင်​ ဟို ဟို​လေ အကိုကြီးတို့ လိုချင်​​သေးရင်​ ကျမ ကား​ပေးပါ့မယ်​ရှင်​"တဲ့။
  ကားရလည်း မဆိုးပါဘူး လက်​ရုံးကြီး မိုက်​ခဲ က ကား​မောင်းတတ်​ ​နေတာဘဲ ဥစ္စာ။ ​မောင်းသွားရုံ​ပေါ့ ဟုတ်​ဖူးလားဗျာ။
  တစ်​ခုလပ်​မက ကား​ပေးမယ်​​ပြောပြီး အခန်းထဲဝင်​သွားခဲ့​လေရဲ့။
  ကား​သော့နဲ့ လိုင်​စင်​မှတ်​တမ်း​တွေ သွားယူတယ်​ထင်​ပါရဲ့​ပေါ့။
 ခဏကြာ​တော့
 "ရပါပြီရှင်​" လို့ ​အော်​​ပြောတာနဲ့  မိုက်​ခဲ ကို ​မေး​ငေါ့ပြလိုက်​တယ်​ သွားယူ​ချေ​ပေါ့။
   မိုက်​ခဲ အခန်းထဲ ဝင်​သွားပြီး ချက်​ချင်းဆိုသလို ပြန်​ထွက်​လာခဲ့တယ်​။
 " ဆရာ အရင်​ လာယူပါတဲ့ ဆရာ"
 မိုး​မောင်​ ဝင်​သွား​တော့ တစ်​ခုလပ်​မှ ​ပေးတဲ့ကားက မိုး​မောင်​ တို့လိုချင်​တဲ့ ကားမှ မဟုတ်​တာကြီး။
  မိုး​မောင်​ ​ဒေါသထွက်​လာတာနဲ့ တစ်​ချက်​ ​ဆောင့်​ကန်​ပြီး ပြန်​လာခဲ့တယ်​ ဆိုပါ​တော့။ လူဆိုးမိုး​မောင်​က ဓားပြသာတိုက်​တာ ယုတ်​မာတာ​တော့ ဝါသနာမပါဘူးဗျာ့။
  အဲသလို ပွိုင့်​ရိုက်​တာမှားရင်​ မထင်​တဲ့ အ​ပေါက်​က ထွက်​တာ​တွေ ​ပြောတာပါ။
  အထူးသဖြင့်​ အပျိုကြီး​တွေ မုဆိုးမအိမ်​​တွေ ပွိုင့်​ရိုက်​မှားရာက​နေ
 လှည်း​ပေးမယ်
 လှံ​ပေးမယ်
 ဒီကြားထဲ "ကျမ တင်​ ပြပါရ​စေ ကိုမိုး​မောင်​ကြီးရယ်​ " ဆိုတာမျိုးကပါ​သေး။
 မိုး​မောင်​လည်း အုပ်​​ပေးခဲ့တာများပါတယ်​ နားရင်း။
 တစ်​ခါကလည်း တစ်​ကိုယ်​​တော်​ ထွက်​တိုက်​ရင်း အပျိုကြီးအိမ်​နဲ့ သွားတိုးလို့ "ကုန်း​ပေးမယ်​"တဲ့​လေ။
 " ​အောင်​မာ ငါလုပ်​လိုက်​ရ ​သေ​တော့မယ်​ ငါက ဓားပြဟ ဓားပြ ကြာကူလီ မဟုတ်​ဘူး" ​ပေါ့။
  " ဟို အ​နောက်​ကုန်းကို ​ပြောတာပါ အကိုရယ်​" တဲ့။
 "ဘာလုပ်​မှာလဲ အ​နောက်​ကုန်း" ဆို​တော့
" ​တောင်​ယာလုပ်​စား​ပေါ့ "တဲ့ ​။
 ဓားပြမှာလည်း  အဲသလို​ အလွဲ​တွေ ရှိ​သေးတာကိုး ။
                     ဆက်​ပါဦးမည်
No comments:
Post a Comment